ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇန်နဝါရီလ ဒုတိယပတ်မှစတင်၍ရွှေဘိုပေါ်ဆန်းစပါးသစ်ဈေးမြင့်လာ

     ရွှေဘိုပေါ်ဆန်းစပါးကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်နှင့်ရေဦးခရိုင်တို့တွင် အဓိကထား၍စိုက်ပျိုးကြပါသည်။ ရွှေဘိုပေါ်ဆန်းသည် ဇူလိုင်လအတွင်း စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလဆန်းတို့တွင် စပါးသစ်ပေါ်လေ့ရှိပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့် ဒီဇင်ဘာလလယ်တွင် ရွှေပေါ်ဆန်းစပါးတင်းတစ်ရာလျှင် ၁၆ သိန်းဝန်းကျင်ခန့်ဈေးရှိခဲ့ရာမှ ဇန်နဝါရီလ ဒုတိယပတ်မှစတင်၍ ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ဇန်နဝါရီလတတိယပတ်တွင် ကျပ် ၁၉ သိန်းခန့်သို့ ရောက်ရှိလာကြောင်းသိရပါသည်။ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဆန်စပါးကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များလက်ဝယ်တွင် ရွှေဘိုပေါ်ဆန်းအဟောင်းများ လက်ကျန်နည်းပါးလာခြင်းနှင့် ယခုထွက်ရှိသည့် စပါးသစ်များသည်လည်း အစိုဓါတ်နည်းလာပြီဖြစ်၍ သိုလှောင်ကြိတ်ခွဲကြမည့် ဆန်စက်ပိုင်ရှင်များ၊ ကုန်သည်များမှ အဝယ်လိုက်လာသောကြောင့်ဖြစ်ကြောင်း ရွှေဘိုဒေသရှိ ဆန်စက်ပိုင်ရှင်များနှင့် ဆန်စပါးကုန်သည်အသိုင်းအဝိုင်းထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့်  ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေးနှုန်းမှာ အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်းသိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ်(၂၆၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) (ဟောင်း)  ၂၄  ပြည်ပါတစ်အိတ်လျှင်ကျပ်  ၉၀၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ်(၁၉၀၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်  ၆၅၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊ ဧရာမင်း (ဆန်) (သစ်)  ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၇၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း(စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) တစ်အိတ်လျှင် ကျပ် ၆၀၀၀၀၊  ဧရာမင်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည်ပါတစ်အိတ်လျှင်  ၅၅၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

       ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧည့်မထ (ဆန်)(ဟောင်း)‌ ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၄၀၀၀၊ ဧည့်မထ(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧည့်မထ(ဆန်)(သစ်)‌ ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၇၀၀၀၊ ငစိန်(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)(ဟောင်း)၂၄ပြည်ပါတစ်အိတ်လျှင် ၄၀၀၀၀၊ ငစိန်(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ဧရာမင်း (စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၅၀၀၀၊ ၃၅၀၀၀၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၀၀၀၀၊ ဧရာမင်း (စပါး) (သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

       မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၁၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၅၀၀၀၊ ပေါ်ဆန်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၃၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၃၀၀၀၊ မနောသုခ (စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၁၂၅၀၀၀၀၊ မနောသုခ (ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၅၀၀၀၊  မနောသုခ(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၁၅၀၀၀၀၊ မနောသုခ (ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

       ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊  ဧရာ မင်း(ဆန်)(သစ်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၀၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ(ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့အိတ်ရေ ၅၆၀၀၀ အိတ်၊ မန္တလေးသို့အိတ်ရေ ၆၆၀၀၀ အိတ်၊ မကွေးသို့အိတ်ရေ ၁၀၀၀ အိတ်၊ နေပြည်တော်သို့အိတ်ရေ ၁၂၀၀၀ အိတ်၊ ရှမ်း (တောင်)သို့အိတ်ရေ ၁၀၅၀၀ အိတ်၊ ရှမ်း(မြောက်)သို့အိတ်ရေ ၁၀၅၀၀ အိတ်၊ ကချင်သို့အိတ်ရေ ၄၀၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ (၁၅၄၆၀၀)အိတ်၊ တန်အားဖြင့် (၇၇၃၀)တန်စီးထွက်ခဲ့ပြီး၊ ယခု ဇန်နဝါရီလ (တတိယ)အပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့အိတ်ရေ ၄၃၀၀၀ အိတ်၊ မန္တလေးသို့အိတ်ရေ ၈၁၀၀၀ အိတ်၊ မကွေးသို့အိတ်ရေ ၁၀၀၀ အိတ်၊ နေပြည်တော်သို့အိတ်ရေ ၁၂၀၀၀ အိတ်၊ ရှမ်း (တောင်)သို့အိတ်ရေ ၁၀၀၀၀ အိတ်၊ ရှမ်း(မြောက်)သို့အိတ်ရေ ၁၀၀၀၀ အိတ်၊ ကချင်သို့အိတ်ရေ ၃၂၀၀အိတ်၊ စုစုပေါင်းအိတ်ရေ (၁၆၀၂၀၀)အိတ်၊ တန်အားဖြင့် (၈၀၁၀)တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၅၆၀၀)အိတ် တန်အားဖြင့် (၂၈၀)တန် ပိုမိုစီးထွက်ခဲ့ပါကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                                                                                          

                                               

ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် ပဲစဉ်းငုံနှင့် မတ်ပဲများ အရောင်းအဝယ်သွက်လျက်ရှိ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

ပဲစဉ်းငုံ

       ပဲစဉ်းငုံမှာ ဒီဇင်ဘာလ နောက်ဆုံးပတ်မှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ ပဲစဉ်းငုံတစ်တင်းလျှင် (၅၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၀၀၀၀)တင်း/(၆၅၃)တန်ဖြစ်ကြောင်း၊ ပဲစဉ်းငုံတစ်တင်း၏ ယခင်အပတ်ပေါက်ဈေးမှာလည်း (၅၅၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ တူညီပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မတ်ပဲ

     မတ်ပဲမှာ ဇန်နဝါရီလ ပထမအပတ်မှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် (၅၂၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၀၀၀)တင်း/(၆၅)တန်ဖြစ်ကြောင်း၊ မတ်ပဲတစ်တင်း၏ ယခင်အပတ်ပေါက်ဈေးမှာ (၅၃၀၀ဝိ/-)ရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် တစ်တင်းလျှင်(၁၀၀ဝိ/-)ကျပ်လျော့နည်းခဲ့ပြီး ဝင်ရောက်သမျှ မတ်ပဲများအား ဒေသတွင် တဆင့်ပြန်လည်ရောင်းချသူများမှ အများဆုံးဝယ်ယူသိုလှောင်ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေရင်အေးစပါး စိုက်ပျိုးထုတ်လုပ်မှုအဆင့်ဆင့်နှင့် တစ်ဧကကုန်ကျစရိတ်

   ကယားပြည်နယ်သည် စပါး၊ ပြောင်း၊ နှမ်းတို့ကို အဓိကစိုက်ပျိုးကြလျှက်ရှိပါသည်။ ရွှေရင်အေးစပါးစိုက်ပျိုးရာတွင် ပျိုးထောင်ချိန်ရက်(၄၀)ခန့်နှင့် စိုက်ပျိုးချိန်မှစပြီး ရိတ်သိမ်းချိန်ထိကို (၁၀၅)ရက်ခန့်ကြာမြင့်၍ စုစုပေါင်း(၁၄၅)ရက်ခန့် ကြာမြင့်ပါသည်။ စပါးမစိုက်မီ မြေသားပြုပြင်ရာတွင် စက်ကြီးဖြင့်(၂)ခေါက်၊ စက်ငယ်ဖြင့်(၁)ခေါက် ရေသွင်း၍လည်းကောင်း ပြုပြင်ပေးရပါသည်။ မြေသားပြုပြင်ပြီးနောက်တွင် မျိုးမကြဲမီ ရေသွင်းပေးရပါသည်။ ရက်(၃၅၊၄၀) ခန့်ကြာပြီးနောက် ပျိုးနုတ်ခြင်း၊ ကောက်စိုက်ခြင်း ပြုလုပ်ရပါသည်။ ထိုသို့စိုက်ပျိုးသည့်နေ့ရက် မှစ၍ (၁၀)ရက်နှင့် (၁၅)ရက်အကြားတွင် ဓါတ်မြေဩဇာတစ်ကြိမ်ဖျန်းပေးရပြီး ထိုသို့ဖျန်းပြီးသည့်ရက်မှ(၂၅)ရက်နှင့်(၃၀)ရက်အတွင်းတွင်လည်း ဒုတိယအကြိမ် ဓါတ်မြေဩဇာထပ်မံဖျန်း ပေးရပါသည်။ ထိုနောက် ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများကိုလည်း ဖြန်းပေးရပါသည်။ စိုက်ပျိုးသည့်နေ့ရက်မှစပြီး ရက်(၁၀၀)နှင့်(၁၀၅)ရက်ခန့်တွင် ရိတ်သိမ်းနိုင်ပါသည်။ တစ်ဧကအထွက်နှုန်းသည် မျိုးကောင်းပြီး စပါးအထွက်ကောင်းပါက တင်း(၈၀)မှ တင်း(၉၀)အထိ ထွက်ရှိနိုင်ပါသည်။ တစ်ဧကအကျိုးအမြတ်သည် စပါးဈေးနှုန်းပေါ်မူတည်၍ စပါးဈေးနှုန်းမြင့်လျှင် အကျိုးမြတ်များမည်ဖြစ်ပြီး စပါးဈေးနှုန်းနိမ့်ကျလျှင် အကျိုးအမြတ်နည်းမည်ဖြစ်ပါသည်။ရွှေရင်အေး စပါးစိုပျိုးထုတ်လုပ်လျှင် တစ်ဧကစုစုပေါင်းကုန်ကျစရိတ်မှာ အောက်ပါအတိုင်း ကုန်ကျနိုင်ပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း၌ ဝင်ရောက်နေသော ဖရဲသီးဈေးနှုန်းများ

        ယခုပတ်ဈေးကွက်အတွင်း၌ ဖရဲသီးများကို စတင်ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိသော ဖရဲသီးအများစုကို မန္တလေး၊ မုံရွာမြို့များမှ တင်သွင်း ပြီး အစေ့လွတ်ဖရဲသီးနှင့် အစေ့ပါ ဖရဲသီးဟူ၍ နှစ်မျိုးတွေ့ရှိရပြီး၊ အစေ့လွတ် အလုံး(ကြီး) တစ်လုံး လျှင် ကျပ်(၄၀၀၀)၊ အစေ့လွတ်(လတ်)တစ်လုံးလျှင် ကျပ် (၃၅၀၀) ဈေးနှုန်းပေါက်လျက်ရှိကြောင်း၊ အစေ့ပါ အသားဝါဖရဲသီးအလုံး(ကြီး)တစ်လုံးလျှင် ကျပ်(၁၅၀၀)၊အလတ် (၁၀၀၀) ဈေး နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ နောင်ယားဈေးရှိ ဖရဲသီးရောင်းချသူတစ်ဦးထံမှ သိရှိရပါတယ်။ 

DOCA(ကယား)

ဒေသထွက် ဂျင်းဈေးနှုန်းမြင့်တက်

     ကယားပြည်နယ်  ဒေသထွက်ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာ၊ ကုန်းသာကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာများတွင် အဓိကစိုက်ပျိုးကြပါသည်။ ဒေသထွက်ဂျင်းတွင် ဂျင်းကြီးနှင့် ဂျင်းသေးဟူ၍ (၂)မျိုးရှိရာ ပြည်နယ်အတွင်း လူသုံးများသောကြောင့် အရောင်းသွက်သော ဟင်းခတ်အမွေးအကြိုင်တစ်မျိုးဖြစ်ပါသည်။ ယခု ဇန်နဝါရီလတတိယပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဂျင်းကြီးတစ်ပိဿာဈေးနှုန်း မှာ(၂၀၀၀) ကျပ်၊ ဂျင်းသေးတစ်ပိဿာဈေးနှုန်းမှာ(၂၀၀၀)ကျပ်ဖြစ်ပြီး ယခင်ဒီဇင်ဘာလ တတိယပတ်တွင် ဂျင်းကြီးတစ်ပိဿာဈေးနှုန်းမှာ (၁၅၀၀)ကျပ်၊ ဂျင်းသေးတစ်ပိဿာဈေးနှုန်းမှာ (၂၈၀၀)ကျပ်ဖြစ်ရာ ယခု ဇန်နဝါရီလတတိယပတ် နှင့် ယခင်ဒီဇင်ဘာလတတိယအပတ်နှိုင်းယှဉ်ကြည့်လျှင် ဂျင်းကြီးတစ်ပိဿာမှာ(၅၀၀) ကျပ်၊ ဂျင်းသေးတစ်ပိဿာမှာ (၈၀၀)ကျပ်မြင့်တက်လာကြောင်း ဂျင်းဈေးနှုန်းမြင့်တက်ရခြင်းမှာ ဂျင်းထွက်ရှိရာဒေသများမှ ဂျင်းထွက်ရှိမှုနှုန်း နည်းသောကြောင့်ဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ ဂျင်းရောင်းချသူတစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)

ဈေးကွက်အတွင်း အာလူးဈေးနှုန်းမြင့်တက်

        စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော အာလူးကိုယခင်က လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ် များတွင် စိုက်ပျိုးလျက်ရှိပြီး ယခုအခါ စိုက်ပျိုးမှုအနည်းငယ်သာရှိသဖြင့် အခြားဒေသများဖြစ်သည့် ပင်လောင်း၊ အောင်ပန်းနှင့် နောင်တရားမြို့တို့မှ အများဆုံးတင်သွင်းရောင်းချလျက်ရှိပါသည်။

      ယခုဇန်နဝါရီလတတိယပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဒီဇင်ဘာလတတိယပတ်တွင် အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်ဖြစ်ပြီး ယခုဇန်နဝါရီလတတိယပတ်နှင့် ယခင်ဒီဇင်ဘာလတတိယပတ် နှိုင်းယှဉ်လျှင် အာလူးတစ်ပိဿာ(၅၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း နောင်ယားဈေးရှိ အာလူးရောင်းချသူတစ်ဦးထံမှ သိရပါတယ်။

DOCA(ကယား)

နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်

       ကယားပြည်နယ်အနေဖြင့် နေကြာ(မိုး)နှင့် နေကြာ(ဆောင်း)ဟူ၍ စိုက်ပျိုးကြသည်။ စားသုံးဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံဖြစ်သော  မြေပဲ၊ နှမ်းတို့ကို စိုက်ပျိုးကြသကဲ့သို့ နေကြာသီးနှံသည်လည်း ဆီဖူလှုံရေးအတွက် စိုက်ပျိုးလာကြသည်။ နေကြာသီးနှံကို စိုက်ပျိုးမည် ဆိုလျှင် မျိုးကောင်းမျိုးသန့်ဖြစ်သော ရေဆင်းစပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ-၂တို့ကို ရွေးချယ်၍စိုက်ပျိုးသင့်သည်။ နေကြာကို သီးသန့်ဖြစ်စေ၊ သီးညှပ်ဖြစ်စေ စိုက်ပျိုးကြသကဲ့သို့ ယာမြေများတွင် မိုးသီးနှံရိတ်သိမ်းပြီးချိန်တွင် စိုက်ပျိုးကြသည်။  နေကြာကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးကြသည်။

       ၂၀၂၂-၂၀၂၃ ခုနှစ်၊ ကယားပြည်နယ်တွင် နေကြာ(မိုး) စိုက်ဧကမှာ(၉၄၄)ဧကရှိပြီး ရိတ်သိမ်းဧကမှာ (၉၄၄)ဧက ရိတ်သိမ်းနိုင်ခဲ့သည်။ တစ်ဧကအထွက်နှုန်းအနေဖြင့်  ၃၀ ဒသမ ၄၉ တင်းခန့်ထွက်ရှိပြီး စုစုပေါင်းအထွက်တင်းအနေဖြင့် ၂၈၇၈၂ တင်း ထွက်ရှိသည်ဟု သိရသည်။  ယခုအချိန်တွင် နေကြာ(ဆောင်း)များကို လွိုင်ကော်ခရိုင်တွင် စိုက်ဧက (၂၇၅၉)ဧကခန့်၊  ဘောလခဲခရိုင်တွင်(၈၅၃)ဧကခန့်စိုက်ပျိုးခဲ့ပြီး ဘောလခဲခရိုင်တွင် ၁၅ ဧကခန့် စတင်ရိတ်သိမ်း နေပြီဖြစ်ကြောင်း သိရှိရပါသည်။ ကယားပြည်နယ်အနေဖြင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် နေကြာဆီစိုက်ပျိုးထုတ်လုပ်နိုင်ရန်  စိုက်ဧကများတိုးချဲ့ စိုက်ပျိုးလျက်ရှိပါသည်။ နေကြာစိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် ရာသီဥတုရေ/မြေသဘာဝနှင့် အထူးသင့်လျော်ပြီး စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်နည်းပါးခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်းနှင့် ဆီအထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့်  ပြည်တွင်းစားသုံးဆီဖူလှုံရေးအတွက် အထောက်အကူပြုသော သီးနှံဖြစ်သည်။ ထွက်ရှိလာသော နေကြာစေ့များကို  ဒေသတွင်းကြိတ်ခွဲစားသုံးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။နေကြာဆီကြိတ်ခွဲထုတ်လုပ်ရာတွင် နေကြာတစ်တင်းကို   ဆီကြိတ်ခွဲထုတ်လုပ်လျှင် နေကြာဆီ  ၂ ပိဿာ၊ ၅၀ကျပ်သားခန့်ထွက်ရှိပါသည်။ နေကြာဆီ တစ်ပိဿာလျှင်ကျပ် ၁၃၀ဝ၀ ကျပ်ဖြင့် ဒေသတွင်းရောင်းချပြီး အချို့သောကျန်းမာရေးလိုက်စားသူများနှင့် ဆီးချို၊ သွေးချို၊ သွေးတိုးသမားများက  ဝယ်ယူစားသုံးကြလျက်ရှိပါကြောင်း သိရသည်။  

DOCA(ကယား)

 

ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်

        နေ့စဉ်ဟင်းလျာထဲတွင်မပါမဖြစ်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက် ၊ ရွာတန်းရှည်ရပ်ကွက်နှင့် လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။

      ယခုဇန်နဝါရီလ တတိယပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇန်နဝါရီလ ပထမပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာ(၁၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရာ ယခင်ဇန်နဝါရီလပထမပတ်နှင့် ယခုတတိယပတ် ဈေးနှုန်းနှိုင်းယှဉ်လျှင် (၁၀၀၀)ကျပ်ခန့် မြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဒေသထွက်ခရမ်းချဉ်သီးများကို အခြားဒေသများသို့တင်ပို့ရောင်းချရန်အတွက် ပင်လောင်းဘက်မှ ကားကြီးများဖြင့် လာရောက်ဝယ်ယူသောကြောင့် ဈေးနှုန်းမြင့် တက်ရခြင်းဖြစ်သည်ဟု သီရိမင်္ဂလာဈေးရှိ ခရမ်းချဉ်သီးရောင်းချသော ဈေးသည်တစ်ဦးထံမှ သိရပါတယ်။

DOCA(ကယား)

လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသောအခြေခံစားကုန်များ၏ လက်လီဈေးနှုန်းအခြေအနေများ

     ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ တတိယအပတ်တွင် လွိုင်ကော်မြို့ရှိ အခြေခံစားကုန်များဖြစ်သော  ရွှေဘို ပေါ်ဆန်း တစ်ပြည်(၄၇၀၀)ကျပ်၊ဧည့်မထဆန် တစ်ပြည်(၃၀၀၀)ကျပ် ငစိန်ဆန်တစ်ပြည် (၂၀၅၀) ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။ မြေပဲဆီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ စားအုံးဆီ တစ်ပိဿာလျှင်(၅၈၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင်(၁၄၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။ငရုတ်ခြောက်အမျိုးအစားအလိုက် တစ်ပိဿာ (၁၅၀၀၀)ကျပ်မှ(၁၆၀၀၀)ကျပ်ထိ၊ ကြက်သွန်နီတစ်ပိဿာလျှင် (၃၇၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိ ၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင်(၄၂၀၀)ကျပ်မှ(၄၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ လျှင်(၅၂၀၀)ကျပ်မှ(၅၅၀၀)ကျပ်ထိ၊ မြေပဲဆန် တစ်ပိဿာလျှင်(၆၃၀၀)ကျပ်မှ (၇၀၀၀)ကျပ်ထိ ၊ကုလားပဲဝါ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်မှ(၅၀၀၀)ကျပ်ထိ ၊မန်ကျည်းသီးမှည့် တစ်ပိဿာလျှင်(၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိ၊ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၅၀၀)ကျပ်မှ (၂၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။

      ကြက်သား(CP)တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်မှ(၁၂၀၀၀)ကျပ်ထိ ၊ ကြက်သား(ဒေသ)တစ်ပိဿာလျှင်(၁၃၀၀၀) ကျပ်မှ (၁၄၀၀၀)ကျပ်ထိ ၊ ဝက်သားတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်ထိ ၊ အမဲသားတစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်မှ (၁၈၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်မှ (၉၀၀၀)ကျပ်ထိ၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀)ကျပ်မှ (၁၀၀၀)ကျပ်ထိ၊ ကြက်ဉ (ကြီး)တစ်လုံး(၂၃၀)ကျပ်၊ ကြက်ဉ(သေး)တစ်လုံး(၂၁၀)ကျပ်၊ ဘဲဉ(ကြီး) တစ်လုံး(၃၀၀)၊ ဘဲဉ(သေး) တစ်လုံး(၂၆၀)တို့ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင်း ရောင်းချနေသောဈေးသည်များထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း