ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မော်လမြိုင်မြို့၌ ဘိလပ်မြေဈေးကျကာ ဓာတ်မြေဩဇာဈေးတက်

              မော်လမြိုင်မြို့၌ ယခုဇွန်လပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းကျဆင်းလာကြောင်းသိရှိရပါသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင် အပတ် (မေလ နောက်ဆုံးပတ်)တွင်  ကြံ့နှစ်ကောင်(အနီ) ကျပ်၉၈၀၀၊ ဆင်(ထိုင်း) ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၉၅၀၀၊ ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၈၈၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၈၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ် ၈၈၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းတက်လာပြီး၊  အရောင်းအဝယ်အေးနေကြောင်း သိရှိရသည်။

        အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၁၉၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၁၀၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ်၆၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၉၅၀၀၀၊ ရှိခဲ့ပြီး ယခုပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၅၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ် ၆၅၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၉၉၀၀၀၊ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

            အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မေလ (၂၇)ရက်နေ့မှ ဇွန်လ (၂)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် ၁ပိဿာလျှင် ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၅၀၀ မှ ၈၀၀ အတွင်း၊ ပန်းဂေါ်ဖီ တစ်ထုပ်လျှင် ကျပ် ၃၀၀ မှ ၉၀၀ အတွင်း၊ အာလူး ၁ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၁၇၀၀ အတွင်း၊ မုန်လာဥနီ ၁ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း၊ ရွှေဖရုံသီး ၁လုံးလျှင် ကျပ် ၁၀၀၀ မှ ၄၀၀၀ အတွင်း၊ ဗူးသီး ၁လုံးလျှင် ကျပ် ၆၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်) ၁ပိဿာလျှင် ကျပ် ၈၀၀ မှ ၁၃၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၅၀၀ မှ ၉၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) ၁ပိဿာလျှင် ၁၅၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁ပိဿာလျှင် ကျပ် ၃၀၀၀ မှ ၄၅၀၀ အတွင်း၊ ချင်း ၁ပိဿာလျှင် ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ချဉ်ပေါင်ရွက် ၁စီးလျှင် ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်) ၁ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ သံပရာသီး ၁လုံးလျှင် ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) ၁ပိဿာလျှင် ၁၀၀၀ မှ ၁၄၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၉၆၃၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၁၅၀၆၆)ကျော်၊ ဗူးသီးအလုံး ပေါင်း (၂၂၈၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၇၆၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၇၀၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း (၁၉၈၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၁၇၈၅)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

            ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် မေလ (၂၄) ရက်နေ့မှ မေလ (၃၁) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဟင်္သာတ မှ  ပိန္နဲသီး (ယိုးဒယား) ကိုင်းဆက် အလုံးကြီး တစ်လုံးလျှင် ကျပ် ၂၀၀၀၀ ၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၁၀၀၀၀ ၊ အလုံးသေး တစ်လုံးလျှင် ကျပ် ၅၀၀၀၊ ဘီးလင်းမှ ပိန္နဲသီး (မြန်မာ သီး) အလုံးကြီး တစ်လုံးလျှင် ကျပ် ၅၀၀၀၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၂၀၀၀၊ အလုံးသေး တစ်လုံးလျှင် ကျပ် ၁၀၀၀၊ ၊ ကျိုက်ကော် မှ နာနတ်သီး အလုံးကြီး တစ်လုံးလျှင် ကျပ် ၁၅၀၀ မှ ၁၂၀၀၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၁၀၀၀ မှ ၈၀၀ ၊ အလုံးသေး တစ်လုံးလျှင် ကျပ် ၅၀၀ မှ ၃၀၀၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး တစ်လုံးလျှင် ကျပ် ၃၀၀၀ မှ ၂၀၀၀၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၂၅၀၀ မှ ၁၀၀၀၊ အလုံးသေး တစ်လုံးလျှင် ကျပ် ၁၅၀၀ ၊  မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး တစ်လုံးလျှင် ကျပ် ၅၀၀၊ အလုံး လတ် တစ်လုံးလျှင် ကျပ် ၄၀၀ မှ ၃၀၀၊ အလုံးသေး တစ်လုံးလျှင် ကျပ် ၂၀၀ မှ ၁၀၀၊ ပုပ္ပါး မှ သရက်သီး (စိန်တလုံး)အိပ်စွပ် အလုံး ၂၇ ပါ ဂျပ်ဖာ တစ်ဖာလျှင် ကျပ် ၁၅၀၀၀၊ အလုံးလတ် အလုံး ၃၆ ပါ ဂျပ်ဖာ တစ်ဖာလျှင် ကျပ် ၁၂၀၀၀၊ အလုံးသေး အလုံး ၄၅ ပါ ဂျပ်ဖာ တစ်ဖာလျှင် ကျပ် ၉၀၀၀ ၊ တွံတေး မှ သရက်သီး (ရင်ကွဲ) အလုံးကြီး ၅၅ လုံးပါ တောင်းတစ်တောင်းလျှင် ကျပ် ၁၀၀၀၀၊ အလုံးလတ် အလုံး ၆၅ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၉၀၀၀၊ အလုံးသေး အလုံး ၈၅ ပါ တောင်း တစ်တောင်းလျှင် ကျပ် ၇၅၀၀၊ ဟင်္သာတ မှ သရက်သီး (စိန်တလုံး)  အလုံးကြီး အလုံး ၂၇ လုံးပါ တောင်း တစ်တောင်းလျှင် ကျပ် ၁၀၀၀၀၊ အလုံးလတ် အလုံး ၃၆ ပါ တောင်းတစ်တောင်းလျှင် ကျပ် ၈၀၀၀၊  အလုံးသေး အလုံး ၄၅ ပါ တောင်းတစ်တောင်းလျှင်   ကျပ် ၇၀၀၀၊ ရေး မှ ဒူးရင်းသီး အလုံးကြီး တစ်လုံးလျှင်  ကျပ် ၈၀၀၀၊ အလုံးလတ် တစ်လုံးလျှင် ကျပ် ၅၀၀၀၊ အလုံးသေး တစ်လုံးလျှင် ကျပ် ၄၀၀၀ မှ ၃၀၀၀၊ မော်လမြိုင်မှ ကြက်မောက်သီး (မြန်မာ သီး) အလုံးကြီး ၁၀၀ ပါ ကျပ် ၆၅၀၀၊ အလုံးသေး ကျပ် ၃၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီး ဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

ကြက်သွန်နီ(အနှံယူမျိုးစေ့) စိုက်ခင်းများ စိုက်ပျိုးထွက်ရှိမှု အခြေအနေ

           ဆိပ်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းတွင်ရှိပြီး ကြက်သွန်နီ ဆောင်းစိုက်/ပင်စိုက်ကို စိုက်ဧကအများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ ကြက်သွန်နီစိုက်တောင်သူနှင့် စိုက်ဧကနှစ်စဉ်များပြားသော်လည်း ကြက်သွန်နီ (အနှံယူ မျိုးစေ့) စိုက်ပျိုးတောင်သူနည်းပါးပြီး စိုက်ဧကမှာလည်းနည်းပါးကြောင်း၊ ယခုနှစ် ဆိပ်ဖြူမြို့နယ် ရွာသစ်ကျေးရွာတွင် ကြက်သွန်(အနှံယူ)စိုက်တောင်သူ(၂၅)ဦးခန့်ရှိပြီး၊ (၅)ဧကခန့်စိုက်ပျိုးထားရှိ ကြောင်း၊ ရွှေဖလား(ထိပ်မောက်)အခွံထူ(ဒေသမျိုး)ကိုသာ စိုက်ပျိုးပြီး ကိုင်းကျွန်းမြေမာများတွင် အများဆုံး စိုက်ပျိုးကြောင်း တောင်သူမှတစ်ဆင့် သိရှိရပါသည်။

          ကြက်သွန်နီ(အနှံယူ) (၁)ဧကစိုက်ပျိုးလျှင် ကြက်သွန်နီ(အလတ်စ)ပိဿာ(၃၅၀)ခန့်ဝယ်ယူ စိုက်ပျိုးရကြောင်း၊ (၁)ပိဿာလျှင်(၂၀၀)ကျပ်ခန့်ဝယ်ယူစိုက်ပျိုးခဲ့ရပြီး ယခင်နှစ်စိုက်ပျိုးချိန်တွင် (၁)ပိဿာလျှင် (၈၀၀)ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ရကြောင်း၊ ကြက်သွန်ဥမျိုးဈေးနှုန်းအပေါ် မူတည်ပြီး ကုန်ကျစရိတ်အနည်းအများ ကွာခြားကြောင်း၊ ဒီဇင်ဘာလတွင်စတင်စိုက်ပျိုးပြီး မတ်လတွင် ပွင့်နှံများကို ဆွတ်ခူးရိတ်သိမ်းကြောင်း၊ ကိုင်းကျွန်းမြေသားအမာများတွင် စိုက်ပျိုးခြင်းဖြစ်ပြီး ရေသွင်းစိုက်ပျိုးရသော သီးနှံတစ်မျိုးဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှစတင်ပြီး ရိတ်သိမ်းချိန်အထိ ရေ(၅) ကြိမ်ခန့်သွင်းရကြောင်း၊ ရေသွင်းအကြိမ်တိုင်း ရေမသွင်းခင်ရှေ့က မှိုဆေး၊ ပိုးသတ်ဆေး၊ အားဆေးများပက်ဖြန်းခြင်း၊ သွင်းအားစုအနေဖြင့် နွားချေးမှုန့်၊ နှမ်းဖတ်၊ ပဲဖတ်အမှုန့်များကို ပက်ဖြန်းခြင်းဖြင့် အပင်ကြီးထွားပြီး အထွက်နှုန်းကောင်းမွန်စေကြောင်း သိရှိရပါသည်။

         စိုက်ပျိုးထွက်ရှိမှုမှာ ကြက်သွန်နီ(အနှံယူမျိုးစေ့) (၁)ဧကလျှင် ကြက်သွန်နီ ပိဿာ(၃၅၀)ခန့် စိုက်ပျိုးကြောင်း၊ (၁)ပိဿာစိုက်ပျိုးလျှင် မျိုးစေ့(၂)ဗူးခန့်ထွက်ရှိကြောင်း၊ (၁)ဧကစိုက်ပျိုးလျှင် ပျမ်းမျှမျိုးစေ့ (၅)တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ပြန်လည်ရောင်းချဖြန့်ဖြူးရာတွင် ဆိပ်ဖြူမြို့နယ်ဒေသတွင်းရှိ ကြက်သွန်နီချောင်းစိုက်/ပင်စိုက်၊ လယ်ကွက်မြေသား ပင်စိုက်တောင်သူများမှ ကြက်သွန်စိုက်ပျိုးရန်အတွက် မျိုးစေ့များ ဝယ်ယူခြင်းနှင့် စလင်းမြို့နယ်ဒေသတွင်းနှင့် နီးစပ်ရာ မြို့နယ်များရှိ ပွဲစားများမှ လာရောက်ဝယ်ယူကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ကြက်သွန်နီရောင်းဈေး အနိမ့်အမြင့်ပေါ်တွင် မူတည်ပြီး မျိုးစေ့ဈေးကွက် ကောင်းမွန်ကြောင်း၊ ယခင်နှစ်များတွင် ကြက်သွန်နီမျိုးစေ့(၁)ပြည်လျှင် (၃၅၀၀၀ မှ ၂၅၀၀၀)ကျပ်အထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မျိုးစေ့(၁)တင်းလျှင် ကျပ်(၄)သိန်းဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ကြက်သွန်နီ မျိုးစေ့ (၁)ပြည်(၁၀၀၀၀)ကျပ်၊ (၁)တင်းလျှင် (၁)သိန်း၆သောင်းကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မျိုးစေ့ဈေးနှုန်းများ ကျဆင်းသွားရခြင်းမှာ ယခင်(၂)နှစ်ခန့်က ကြက်သွန်နီဈေးနှုန်းများ (၂၀၀)ကျပ်ထိ ဈေးနှုန်းကျဆင်းသွားခြင်းကြောင့် အရှုံးပေါ်မှုများ၍ စိုက်ပျိုးတောင်သူနှင့် စိုက်ဧကများလျော့နည်းသွားခြင်း၊ ကြက်သွန်နီမျိုးစေ့များ ဝယ်သူမရှိသလောက်နည်းပါး၍ မျိုးစေ့အရောင်းအဝယ်မဖြစ်ခြင်းကြောင့် ဈေးနှုန်းများကျဆင်းသွားခြင်းဖြစ်ကြောင်း၊ ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှု ဈေးနှုန်းအတက်အကျပေါ်  မူတည်ပြီး မျိုးစေ့ဈေးကွက်မှာလည်း အပြောင်းအလဲရှိကြောင်း၊ ယခုနှစ်ကြက်သွန်နီသီးနှံပေါ်ချိန် ဈေးနှုန်းဈေးကွက်ကောင်းပြီး ဈေးနှုန်းများမြင့်တက်လာပါက ကြက်သွန်နီမျိုးစေ့ ဈေးနှုန်းလည်းကောင်းလာမည်ဖြစ်ကြောင်း၊ ကြက်သွန်အနှံယူစိုက်ခင်းများ၏ တစ်ဧကကြက်သွန်ဥ အထွက်နှုန်းမှာ မျိးစေ့ယူစိုက်ခင်းဖြစ်၍ အလေအလွင့်များပြီး ကြက်သွန်ဥတွင် အနှံအူတိုင်များပါ ရှိပြီး ကျစ်လစ်သိပ်သည်းမှုမရှိ၍ အလေးချိန် လျော့နည်းခြင်းကြောင့် ကြက်သွန်နီပိဿာ (၁၀၀၀) ဝန်းကျင်ခန့်သာ ထွက်ရှိကြောင်း၊ အနှံများကိုဆွတ်ခူးပြီး ကျန်ရှိသောကြက်သွန်ဥများကို ပြန်လည်တူးဖော်ရာတွင် ဝင်ငွေနှင့်ကုန်ကျစရိတ်မမျှတမှုကြောင့် တူးဖော်ခြင်းမရှိဘဲ အလုပ်သမားများမှ တူးဖော်ယူပြီး ကြက်သွန်များကို ကြက်သွန်ကြော်လုပ်ငန်း၊ အကြော်ဖိုများသို့ တစ်ပိဿာလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။   

       ကြက်သွန်နီမျိုးစေ့(အနှံယူ)(၁)ဧကစိုက်ပျိုးလျှင် မျိုးဥဝယ်ယူခ၊ မြေပြုပြင်ခ၊ နွားချေး၊ အာမို၊ မြေဩဇာမျိုးဝယ်ယူခ၊ ရေသွင်းခ၊ အလုပ်သမားငှားရမ်းခ စုစုပေါင်း(၇)သိန်းကျပ်ခန့် ကုန်ကျပြီး ယခုနှစ်တွင် မျိုးစေ့(၁)ပြည်(၂၅၀၀၀)ကျပ်၊ (၁)တင်းလျှင်(၄)သိန်းကျပ်ဖြင့် ရောင်းချရပါက (၁)ဧက ဝင်ငွေမှာ သိန်း(၂၀)ကျပ်ခန့်ရရှိ၍ အကျိုးအမြတ်အနေဖြင့် (၁၃)သိန်းခန့်ရရှိကြောင်း စိုက်တောင်သူ ၏ ပြောကြားချက်အရ သိရှိရပါသည်။ တောင်သူများအနေဖြင့် ကြက်သွန်နီ(အနှံယူ)စိုက်ခင်းများကို တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုးကြပြီး ဈေးကွက်စီးပွားဖြစ် ဧကအများအပြားစိုက်ပျိုးမှုနည်းပါးရခြင်းမှာ မျိုးစေ့ပေါ်ချိန်စောသော်လည်း ပြန်လည်ရောင်းချချိန်နောက်ကျ၍ ငွေပေါ်ချိန် နောက်ကျခြင်း ကြောင့် တောင်သူများမှာ စိုက်ပျိုးမှုနည်းပါးကြောင်း၊ ယခုနှစ်တွင် ကြက်သွန်ဈေးကွက်(၁)ပိဿာ လျှင်(၇၀၀)ကျပ်ဝန်းကျင်ခန့် ဈေးနှုန်းရှိ၍ ယခင်နှစ်ထက် ဈေးနှုန်းသိသိသာသာ မြင့်တက်လာ၍ ကြက်သွန်မျိုးစေ့ ဈေးနှုန်းများလည်း မြင့်တက်လာနိုင်မည်ဟု ထင်ရကြောင်း၊ ကြက်သွန်မျိုးစေ့ ဝယ်လိုအားကောင်း၍ ဈေးကွက်ကောင်းလျှင် စိုက်ပျိုးတောင်သူများအနေဖြင့် ယခင်နှစ်များထက် တိုးချဲ့စိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်း  ကုန်သည်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူ ကြက်သွန်နီ မေလ(စတုတ္ထ)ပတ်အတွင်း စီးဆင်းမှုအခြေအနေ

             ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ မေလ(၂၂)ရက်မှ(၃၁)ရက်အတွင်း ကြက်သွန်နီအသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၃) သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၃)သိန်းဝန်းကျင်ခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်ခဲ့ပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည်ဂိုဒေါင်များသို့ (၁)ပတ်အတွင်း ကုန်ချိန် (၃)သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း၊ မေလ(စတုတ္ထပတ်)အတွင်း ကုန်စည်ဒိုင်နှင့် ကုန်သည်(ဂိုဒေါင်)များ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီပိဿာ(၆)သိန်း ဝန်းကျင်ခန့်ရှိကြောင်း ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစားမှတစ်ဆင့် သိရှိရပါသည်။

            (၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စရှယ်အမြင့် ဆုံးဈေးနှုန်းမှာ(၇၂၅)ကျပ်မှ (၆၅၀)ကျပ်ထိ အနိမ့်စ အမြင့်ဆုံးဈေးနှုန်းမှာ (၅၅၀)ကျပ်မှ (၅၀၀)ကျပ် ထိ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကြက်သွန်နီထွက်ကုန် အရည်အသွေးများ မတူညီခြင်းကြောင့် ဈေးနှုန်းများ ကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့်ဆုံး ဈေးနှုန်း မှာ(၇၀၀)ကျပ်ဖြစ်ပြီး ယခု(၁)ပတ် အမြင့်ဆုံးဈေးမှာ(၇၂၅)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် (၂၅)ကျပ်ခန့် ဈေးနှုန်း မြင့်တက်သွားကြောင်း၊ အနိမ့်စအမြင့်ဆုံး ဈေးနှုန်းမှာ ယခင်(၁)ပတ်က (၅၅၀)ကျပ်၊ ယခု(၁)ပတ် (၅၅၀)ကျပ်ဖြစ်၍ ဈေးနှုန်းအတက်အကျမရှိကြောင်း၊ ယခု(၁)ပတ်အတွင်း ပြည်ပဝယ်လက်အနည်းငယ်လိုက်၍ ဈေးနှုန်းအနည်းငယ် မြင့်တက်ကြောင်း၊ သိသိသာသာ ဈေးမြင့်တက်ခြင်း မရှိသေးကြောင်း  ကုန်စည်ဒိုင်အသင်းဝင်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

           ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စရှယ် (ကျပ်၁၀၀၀/၉၀၀)၊ လတ်(ကြီး)(ကျပ် ၈၀၀/၇၀၀)၊ လတ်(သေး)(ကျပ် ၆၀၀/၅၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် မေလ(တတိယပတ်)အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် မြဝတီ၊ မော်လမြိုင်၊ စစ်တွေမြို့များသို့ နေ့စဉ် (၆/၁၂)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီ ပျမ်းမျှပိဿာ (၆)သိန်း/တန်ချိန်(၃)သောင်းခွဲခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မုံရွာကုန်စည်ဒိုင် ဈေးကွက်အခြေအနေ

              မေ ၃၀ ရက် မုံရွာကုန်စည်ဒိုင်၏ ကုန်စည်ဈေးနှုန်းပေါက်ဈေးများမှာ ဂျုံဖြူ (၁)တင်း ကျပ် ၄၄၀၀၀၊ ဂျုံအထွက်တိုး (၁)တင်းကျပ် ၃၉၀၀၀၊ 929(ကုလားပဲ) (၁)တင်းကျပ် ၄၆၀၀၀၊ ထိုင်ဝမ်(ကုလားပဲ) (၁)တင်း ကျပ် ၄၅၀၀၀၊ V2 (ကုလားဖြူလုံးကြီး) (၁)တင်း ကျပ်၄၉၀၀၀၊ ပဲစဉ်းငုံ (၁)တင်း ကျပ် ၄၂၂၀၀၊ ပဲတီစိမ်းကြီး(သစ်) (၁)တင်း ကျပ် ၄၆၀၀၀၊ ပဲတီစိမ်းသေး(သစ်) (၁)တင်း ကျပ် ၃၉၀၀၀၊ ပဲကြီး (၁)တင်း ကျပ် ၆၄၀၀၀၊ ပဲနီရိုးရိုး (၁)တင်း ကျပ် ၄၄၀၀၀၊ ပဲနီကြား (၁)တင်း ကျပ်၄၆၅၀၀၊ ပဲလွန်းပြာ (၁)တင်း ကျပ်၂၈၀၀၀၊ ပဲလွန်းဖြူ (၁)တင်း ကျပ် ၃၀၀၀၀၊ ပဲပုတ် (၁)တင်း ကျပ်၆၀၀၀၀၊ မတ်ပဲ (၁)တင်း ကျပ် ၄၆၀၀၀၊ ပဲယင်းဝါကြီး (၁)တင်း ကျပ် ၄၂၀၀၀၊ ပုဂံပဲ (၁)တင်း ကျပ်၆၀၀၀၀၊ ထောပတ်ပဲ (၁)တင်း ကျပ် ၄၀၅၀၀၊ မြေထောက်ပဲ (၁)တင်း ကျပ် ၅၄၀၀၀၊ နှမ်းဖြူ (၁)တင်း ကျပ်၅၂၀၀၀၊ နှမ်းနက် (၁)တင်း ကျပ်၆၅၀၀၀၊ နှမ်းညို (၁)တင်း ကျပ် ၅၁၀၀၀၊ နှမ်းနီ (၁)တင်း ကျပ် ၅၁၀၀၀ ၊ ပြောင်းဖူး စီပီ (၁)တင်း ကျပ် ၁၈၀၀၀၊ ပြောင်းနီ (၁)တင်း ကျပ်၁၂၀၀၀ အသီးသီး ဖြစ်ပေါ်နေကြောင်း သိရသည်။

            ဧပြီလ၏ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဂျုံဖြူ (၁)တင်း ကျပ် ၇၀၀၀၊ ဂျုံအထွက်တိုး (၁)တင်းကျပ် ၆၀၀၀၊ ထိုင်ဝမ်(ကုလားပဲ) (၁)တင်း ကျပ် ၄၀၀၀၊ V2 (ကုလားဖြူလုံးကြီး) (၁)တင်း ကျပ်၄၅၀၀၊ 929(ကုလားပဲ) (၁)တင်းကျပ် ၄၅၀၀၊ ပဲစဉ်းငုံ (၁)တင်း ကျပ် ၅၀၀၊ ပဲတီစိမ်းကြီး(သစ်) (၁)တင်း ကျပ် ၁၅၀၀၊ ပဲတီစိမ်းသေး(သစ်) (၁)တင်း ကျပ် ၂၀၀၀၊ ပဲကြီး (၁)တင်း ကျပ် ၂၀၀၀၊ ပဲနီရိုးရိုး (၁)တင်း ကျပ် ၂၀၀၀၊ ပဲနီကြား (၁)တင်း ကျပ်၄၀၀၀ ၊ပဲပုတ် (၁)တင်း ကျပ်၁၀၅၀၀၊ ပုဂံပဲ (၁)တင်း ကျပ်၁၅၀၀၊ ထောပတ်ပဲ (၁)တင်း ကျပ် ၅၀၀၊ မြေထောက်ပဲ (၁)တင်း ကျပ် ၆၀၀၀၊ ပဲယင်းဝါကြီး (၁)တင်း ကျပ် ၂၀၀၀ ခန့် ဈေးများတက်နေပြီး ပဲလွန်းပြာ ၊ပဲလွန်းဖြူ ၊မတ်ပဲ ၊ပြောင်းနီ ပဲများ ဈေးငြိမ်နေ၍ နှမ်းဖြူ (၁)တင်း ကျပ်၈၀၀၀၊ နှမ်းနက် (၁)တင်း ကျပ်၅၀၀၀၊ နှမ်းညို (၁)တင်း ကျပ် ၁၀၀၀၊ နှမ်းနီ (၁)တင်း ကျပ် ၁၀၀၀ ၊ ပြောင်းဖူး စီပီ (၁)တင်း ကျပ် ၁၂၀၀ခန့်ကျဆင်းနေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် Online စနစ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။ ဇွန်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ် ၄၅၅၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၂၀၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၆၃၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းကျပ် ၄၄၃၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၂၇၀၀၊ ကုလားပဲ V2(သစ်) တစ်တင်းကျပ် ၄၈၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၅၁၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

            ဂျုံဖြူသန့်တစ်တင်း ကျပ် ၄၄၃၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၆၆၀၀၀၊ ပဲနီလုံး ရိုးရိုး တစ်တင်း ကျပ် ၄၃၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၅၅၀၀၊  ပဲပုတ်စေ့(ဗမာ) တစ်တင်း ကျပ် ၄၉၃၀၀၊ ပဲပုတ်စေ့ (ရှမ်း)တစ်တင်း ကျပ် ၄၁၇၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၂၀၀၀၊  မြေထောက်ပဲ တစ်တင်းကျပ် ၅၇၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၀၀၀၀၊ ပဲလွန်းဖြူတစ်တင်း ကျပ် ၃၂၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၃၀၀၀၀၊ ပဲယင်းဝါတစ်တင်း ကျပ် ၄၂၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၈၃၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၃၆၅၀၊ ပြောင်းဖြူ တစ် တင်းကျပ် ၁၄၅၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်း များမှာ နှမ်းညိုတစ်တင်းကျပ် ၅၁၀၀၀၊ နှမ်းနက်တစ်တင်းကျပ် ၇၂၀၀၀၊ နှမ်းဖြူ တစ်တင်းကျပ် ၅၃၀၀၀၊ မြေပဲလုံး ဆံနီ တစ်ပိဿာ ကျပ်၃၉၅၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာကျပ် ၄၂၀၀၊ ပဲဖတ်တစ်ပိဿာကျပ် ၁၉၅၀၊ နှမ်းဖတ် တစ် ပိဿာကျပ် ၁၃၅၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၀၇၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

           ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများနှင့် ဆီထွက်သီးနှံဈေးနှုန်းများဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာလည်း အနည်းငယ်‌ ဈေးမြင့်တက်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊သွင်းကုန် တင်ပို့နိုင်မှုအခြေအနေ

            မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်း၏ ၂၀၂၂ ခုနှစ်၊ မေလ တတိယပတ်တွင် လယ်ယာထွက်ပစ္စည်းအနေဖြင့် မက်မွန်သီး(၅.၄၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၀၁)၊ စက်မှုကုန်ချောအနေဖြင့် စီးကရက်(၂၂.၅၁၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၅၄)၊ အခြား ပစ္စည်းအနေဖြင့် နန့်ဖာလုံကုန်စုံ တန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၀၃၀)၊ စုစုပေါင်း (၈၄.၀၁၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၄၅၆)တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့်ဓာတ်မြေသြဇာ(၄၅.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၀၂၃)၊ ဂျုံမှုန့် (၅၂.၄၆၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၀၂၆)၊ စုစုပေါင်း(၉၇.၄၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ သန်း (၀.၀၄၉)တင်သွင်းနိုင်ခဲ့ကြောင်း  သိရှိရသည်။

          ၂၀၂၂ ခုနှစ်၊ မေလ စတုတ္တပတ်တွင် လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် မက်မွန်သီး (၂.၃၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၀၀၁)၊ စက်မှုကုန်ချောအနေဖြင့် စီးကရက် (၈၁.၇၁၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၃၄၀)၊ အခြားပစ္စည်းအနေဖြင့် နန့်ဖာလုံကုန်စုံ တန်ဖိုးအမေရိကန် ဒေါ်လာသန်း(၀.၁၁၅)၊ စုစုပေါင်း(၈၄.၁၀၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၄၅၆) တင်ပို့နိုင်ခဲ့ကြောင်းသိရှိရသည်။ လုပ်ငန်းသုံးပစ္စည်းဖြစ်သည့် ဂျုံမှုန့် (၄၇.၅၄၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်း(၀.၀၂၄) စုစုပေါင်း(၄၇.၅၄၀)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာသန်း (၀.၀၂၄)  တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းအနေဖြင့် ပို့ကုန် (၅၆.၁၀၀)တန်၊ အမေရိကန် ဒေါ်လာသန်း(၀.၃၇၁) ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်(၄၉.၉၂၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၂၅)လျော့နည်းတင်သွင်းနိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းခရိုင် သရက်သီးစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်မှုအခြေအနေ

            စစ်ကိုင်းမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ သရက်သီးစိုက်ဧက (၂၇၁၂) ဧကရှိပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် အလုံး(၄၀၀၀)မှ (၇၀၀၀)ခန့်ထွက်ရှိကြောင်း၊ သရက်ပင်သည် ပုံမှန်အားဖြင့် စတင်စိုက်ပျိုးပြီး (၃)နှစ်သားအရွယ်တွင် အသီးစတင်သီးကြောင်း၊ ဒီဇင်ဘာလကုန်နှင့် ဇန်နဝါရီလအစတွင် အဖူးစတင် ထွက်ရှိကြောင်း၊ ပန်းပွင့်ပြီး (၄၅-၆၀)ရက်အတွင်း အသီးသည် ကြက်ဥလုံး အရွယ်သို့ ရောက်ရှိလာလျှင် အိတ်စွပ်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ပြီး အိတ်စွပ်ပြီး (၁)လ သို့မဟုတ် (၄၅)ရက်အခန့်အကြာတွင် အသီးစတင်ခူးဆွတ်နိုင်ကြောင်း၊ အသီးခူးဆွတ်ခြင်းကို ဧပြီလမှ ဩဂုတ်လကုန်အထိ ခူးဆွတ်ရောင်းချ နိုင်ကြောင်း သိရှိရပါသည်။

           ယခုနှစ် အပွင့်ပွင့်ချိန်တွင် လေပြင်းတိုက်ခတ်၍ အထွက်နှုန်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက (၃)ပုံ (၁)ပုံခန့် လျော့နည်းမှု ရှိသည်။သရက်သီးစွပ်အိတ်များကို တရုတ်နိုင်ငံနှင့် စင်္ကာပူအခြေစိုက် မြန်မာရွှေကုမ္ပဏီမှ ဝယ်ယူကြောင်း၊ ပုလိပ်မြို့တွင် ရုံးခွဲနှင့် စက်ရုံရှိကြောင်း၊ သရက်သီးရောင်းချပြီးမှသာ ငွေချေသည့် စနစ်ကျင့်သုံးကြောင်း၊  အသီးစွပ်အိတ်ဈေးနှုန်းမှာ (၁)ထပ်အိတ် (၂၀)ကျပ်မှ (၂၃)ကျပ်၊ (၂)ထပ်အိတ် (၃၀)ကျပ်၊ (၃၅)ကျပ်၊ (၃၈)ကျပ် ဖြစ်ကြောင်း၊ (၁)ထပ်အိတ်ကို အသီးမလှ၊ ပယ်သီးများအတွက်သာ အသုံးပြုပြီး ဈေးကွက်တင်ပို့ရန်အတွက် (၂)ထပ်အိတ်များကို အသုံးပြုကြောင်း၊ (၂)ထပ်အိတ်များအား စနစ်တကျ အသုံးပြုပါက (၃)နှစ်ထိ သုံးစွဲ၍ ရကြောင်း၊ ယခုနှစ် အသီးစွပ်အိတ် (၁)သိန်း ဝယ်ယူ အသုံးပြုမည်ဆိုပါက  စနစ်တကျအသုံးပြုပါက အသီးစွပ်အိတ် (၈)သောင်းခန့်အား နောက်နှစ် ပြန်လည်သုံးစွဲရန်အတွက် သိမ်းဆည်းထားနိုင်ကြောင်း သိရှိရပါသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ယခုလက်ရှိ ပြည်တွင်းဈေးနှုန်းမှာ တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀) ကျပ်၊ ပြည်ပဈေးနှုန်းမှာ စိန်တစ်လုံးသရက် (၃၅-၄၀)လုံးပါ ၁၆ ကီလို တစ်ခြင်းလျှင် (၁၆၅)ယွမ်၊ ပယ်သီး (၁၂၀)ယွမ် ဈေးရှိကြောင်း သိရှိရပါသည်။

         ထွက်ရှိလာသော သရက်သီးများအား ဖြန့်ဖြူးရောင်းချရာတွင် မူဆယ်၊ ရန်ကုန်၊ မန္တလေး၊ ရွှေဘို၊ စစ်ကိုင်း၊ မြင်းမူနှင့် မုံရွာ အစရှိသည့် မြို့အသီးသီးမှာ အဝယ်ဒိုင်များနှင့် မြန်မာရွှေကုမ္ပဏီတို့မှ ကိုယ်စားလှယ် ပွဲစားများမှ တဆင့်လည်းကောင်း၊ ခြံပြတ်စာချုပ်ချုပ်ဆို၍ သရက်ခြံသို့ လာရောက်ဝယ်ယူခြင်း(သို့မဟုတ်)ကားများဖြင့် ရွာသို့ တိုက်ရိုက်လာရောက်ဝယ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

                 စစ်ကိုင်းတိုင်းဒေသကြီးသည်မေလ(နောက်ဆုံး)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများ ဖြစ်သော ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်နှင့် ရွှေဘိုခရိုင်တို့တွင် ဈေးအေးနေပါသည်။

              စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ(နောက်ဆုံးပတ်)တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၅၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၄၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၃၅၀၀၀၀၊ ပေါ်ဆန်း(ဆန်) တစ်အိတ်လျှင်ကျပ် ၅၂၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၉၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်  ၄၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

            ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀လျှင် ကျပ် ၇၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည် တစ်အိတ်မှာကျပ် ၃၀၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၃၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

            မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၁၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

           စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ(စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၆၃၀၀၊ မကွေးသို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၆၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၀၂၃၀၀) အိတ်၊ တန်အားဖြင့် (၅၁၁၅) စီးထွက်ခဲ့ပြီး၊ ယခု မေလ(နောက်ဆုံး)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၈၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၁၇၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၆၀၀၀၊ စုစုပေါင်းအိတ်ရေ (၉၂၇၀၀) အိတ်၊ တန်အားဖြင့် (၄၆၃၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၉၆၀၀)တန်အားဖြင့် (၄၈၀)လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း