ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူ ကြက်သွန်နီ ဇွန်လ(ပထမ)ပတ်အတွင်း စီးဆင်းမှုအခြေအနေ

             ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇွန်လ(ပထမ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ် ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၃)သောင်းခွဲခန့် (၁)ပတ် အတွင်း စုစုပေါင်းပိဿာ (၃)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန် (၃)သိန်းခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇွန်လ(၁)ရက်မှ(၇)ရက်ထိ (၁)ပတ်အတွင်း ကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီပိဿာ(၆)သိန်းခန့်ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင်  ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

           ဈေးနှုန်းဈေးကွက်အနေဖြင့် ဇွန်လပထမ(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စအမြင့် ဆုံးဈေးနှုန်းမှာ (၁၁၂၅)ကျပ်မှ (၇၇၅)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စ အမြင့်ဆုံးဈေးနှုန်းမှာ (၈၅၀)ကျပ်မှ (၆၃၅)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံ အရည်အသွေး များ မတူညီခြင်းကြောင့် ဈေးနှုန်းများ ကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့်ဆုံး ဈေးနှုန်းမှာ (၇၂၅)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် အမြင့်ဆုံးဈေးမှာ (၁၁၂၅)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် (၄၀၀)ကျပ်ခန့် သိသိသာသာ ဈေးနှုန်း မြင့်တက်သွားကြောင်း၊ အနိမ့်စအမြင့်ဆုံး ဈေးနှုန်းမှာ ယခင်(၁)ပတ်က (၅၅၀)ကျပ်၊ ယခု(၁)ပတ် (၈၅၀)ကျပ် ဈေးနှုန်းဖြစ်၍ (၃၀၀)ကျပ်ခန့် မြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်းဖြန့်ဖြူးမှု သာမက မြဝတီမြို့ ဝယ်လက်များမှတစ်ဆင့် ပြည်ပထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံများသို့ တင်ပို့ဖြန့်ဖြူးကြောင်း၊ ကြက်သွန်နီဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်မည်ဟု သုံးသပ်ခန့်မှန်းကြောင်း၊ ယခင်(၁)ပတ်ထက် ယခု(၁)ပတ် ကြက်သွန်နီ (၁)ပိဿာလျှင် ထိပ်စ(၄၀၀)ကျပ်၊ အနိမ့်စ (၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ကုန်သည်မှတစ်ဆင့် သိရှိရသည်။

          ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၁၃၀၀)၊ လတ်(ကြီး) ကျပ်(၁၂၀၀)၊ လတ်(သေး) ကျပ်(၁၁၀၀/၁၀၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဇွန်လပထမ(၁)ပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့(၂၀)စီး၊ ပြည်မြို့(၁၀)စီး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့(၁၀)စီး၊ မော်လမြိုင်မြို့(၅)စီး၊ မြဝတီမြို့(၁၅)စီး စုစုပေါင်း(၆၀)စီးခန့် နေ့စဉ်(၆/၁၂)ဘီး မော်တော်ယာဉ် များ ဖြင့် ကြက်သွန်နီ ပျမ်းမျှပိဿာ (၆)သိန်း၊ တန်ချိန်(၃)သောင်းခွဲခန့်  ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်ရှိ မြို့မဈေးကြီးအတွင်း ကြက်သွန်နီများ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်

             ပခုက္ကူမြို့ဈေးကြီးအတွင်း စားသုံးသူများ နေ့စဉ်စားသောက်အသုံးပြုလျက်ရှိသော ကြက်သွန်နီများ ယခု(၁)ပတ်အတွင်း သိသိသာသာဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ(ဥ)အလုံး အကြီး၊ အလတ်၊ အသေး ပေါ်မူတည်၍ လက်လီ(၁)ပိဿာလျှင် အလုံးကြီး (၁၆၀၀)ကျပ်၊ အလတ်(ကြီး)(၁၅၀၀)ကျပ်၊ အလတ်(သေး) (၁၄၀၀/၁၃၀၀)ကျပ်၊ အသေးစ (၁၁၀၀/ ၁၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ယခင်(၁)ပတ်ဈေးနှုန်းဖြင့် နှိုင်းယှဉ်လျှင် ယခု(၁)ပတ်အတွင်း နေ့စဉ် ဈေးနှုန်းများတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ အမြင့်ဆုံးဈေးနှုန်း မှာ အလုံးကြီး(၁၂၀၀)ကျပ်၊ အလတ်(၁၀၀၀/ ၉၀၀)ကျပ်၊ အသေးစ(၇၀၀/ ၆၀၀/ ၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခင်(၁)ပတ်ထက် (၁)ပိဿာလျှင် ကြက်သွန်နီအရွယ်အစားလိုက်၍ (၄၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ နေ့စဉ်ဈေးနှုန်းမြင့်တက်နေကြောင်း ကုန်စိမ်းသီးနှံရောင်းဝယ်ရေး ဈေးသည်တစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)

 

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

           အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(2.၆.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၈.6.၂၀၂၂) ရက်နေ့အတွင်း နှမ်းနက်(စမုံ)(၄၅ပိဿာ) ယခင်အပတ်(၁၇၅၀၀ဝိ/-) ယခုအပတ်(၁၇၅၀၀ဝိ/-)၊ နှမ်းပြာ ယခင်အပတ် (၁၆၀၀၀ဝိ/-) ယခုအပတ် (၁၆၀၀၀ဝိ/-)၊ နှမ်းဖြူ ယခင်အပတ်(၁၆၅၀၀ဝိ/-)  ယခုအပတ် (၁၆၅၀၀ဝိ/-)၊ နှမ်းနီ ယခင်အပတ်(၁၆၅၀၀ဝိ/-) ယခုအပတ်(၁၆၅၀၀ဝိ/-)ဖြစ်၍ နှမ်းဈေးကွက်အနေဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

            ပဲမျိုးစုံဈေးကွက်တွင် ဘိုကိတ်ပြာ ယခင်အပတ်(၃၀၀၀ဝိ/-) ယခုအပတ်(၃၀၀၀ဝိ/-)နှင့်ပဲကြီး  ယခင်အပတ် (၆၉၀၀ဝိ/-) ယခုအပတ် (၆၉၀၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ပဲစဉ်းငုံ(နီ) (၂၀)ပိဿာဝင် (၁)တင်းလျှင် ယခင်အပတ် (၄၂၄၀ဝိ/-) ယခုအပတ်(၄၃၃၀ဝိ/-)ဖြစ်၍ (၉၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်(၄၆၅၀ဝိ/-) ယခုအပတ်(၄၈၀၀ဝိ/-)ဖြစ်၍ (၁၅၀ဝိ/-)ကျပ်ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(HL) ယခင်အပတ်(၄၇၅၀ဝိ/-) ယခုအပတ်(၄၈၀၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ (မြကြေး) ယခင်အပတ် (၄၈၀၀ဝိ/-) ယခုအပတ်(၄၈၅၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူ ယခင်အပတ် (၄၂၇၅)ကျပ် ယခုအပတ် (၄၃၀ဝိ/-)ကျပ်ဖြစ်၍ (၂၅)ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံနီမှာ ယခင်အပတ် (၃၉၅ဝိ/-) ယခုအပတ် (၄၁၀ဝိ/-)ဖြစ်၍ (၅ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက်(စမုံ) (၃၆၀)အိတ်၊ နှမ်းပြာ(၁၉၀)အိတ်၊ နှမ်းဖြူ(၈၀)အိတ်၊ နှမ်းနီ(၁၀၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၅၈၀)အိတ်၊ မတ်ပဲ(၂၈၀)အိတ်၊ ကုလားပဲ(HL)(၅၆၀)အိတ်၊ ကုလားပဲ(မြကြေး) (၄၇၀)အိတ်၊ ဘိုကိတ်ပြာ(၃၂၀)အိတ်၊ ပဲကြီး(၅၃၀)အိတ်၊ မြေပဲလုံးဆံဖြူ(၆၃၀)အိတ်၊ မြေပဲလုံးဆံနီ (၅၅၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

            ဝါဈေးကွက်အနေဖြင့် ယခင်အပတ် တစ်ပိဿာလျှင် (၂၂၀ဝိ/-)နှင့် ယခုအပတ်(၂၃၀ဝိ/-) ဈေးနှုန်းဖြစ်၍ (၁၀ဝိ/-)ကျပ်ဈေးမြင့်တက်ခဲ့ပြီး ပိဿာချိန် (၂၅၀၀၀) ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

 

 

ငဖဲမြို့နယ်တောင်ပေါ်ဒေသ၌ ကော်ဖီစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိ

              မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တောင်ပေါ်ဒေသ (နတ်ရေကန်)တွင် ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အာရေဗီးကား (ဗီယက်နမ်) ကုန်းမြင့်ကော်ဖီမျိုး (၁၀၆၆)ဧက စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

          ဒေသထွက်ကုန်သီးနှံအနေဖြင့် ကော်ဖီ၊ လက်ဖက်၊ ဝဥ၊ ထောပတ်၊ ကမ္ဗလာ၊ ရှောကျခြို၊ ပိန္နဲ၊ ငရုတ်၊ ငှက်ပျော၊ သံပုရာစသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး ကော်ဖီသီးနှံအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီခြံ (နတ်ရေကန်)တွင် အာရေဗီးကား (ဗီယက်နမ်) ကုန်းမြင့်ကော်ဖီမျိုး ဧက(၄၀)၊ တောင်ပေါ်ဒေသကျေးရွာများတွင် ပုဂ္ဂလိကတောင်သူများမှ (၁၀၂၆)ဧကစိုက်ပျိုးထား ကြောင်း၊ အရည်အသွေးမြှင့်ရောင်းတန်းဝင် ကော်ဖီအဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ကော်ဖီစိုက်တောင်သူအစုအဖွဲ့ ဖွဲ့စည်းထားပြီး တောင်သူနည်းပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲများဆောင်ရွက်လျှက်ရှိကြောင်း၊ ကော်ဖီမျိုးစေ့၊ ပျိုးပင်နှင့်စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ  ပံ့ပိုးပေးထားကြောင်း၊ နှစ်စဉ်ကော်ဖီစိုက်ဧက တိုးတက်လာသလို အထွက်နှုန်းများလဲ တိုးတက်လာခဲ့ကြောင်း၊ ယခုနှစ် ထွက်ရှိသော ကော်ဖီစေ့များအား ရေနံချောင်းမြို့နယ်  ဘာမင်နီယာစက်ရုံ၊ ရန်ကုန်မြို့ ဝင်းကော်ဖီ စက်ရုံတို့မှ ကျေးရွာများအထိ ကွင်းဆင်း၍ ကော်ဖီအရည်အသွေး ပေါ်မူတည်ပြီး တစ်တန် လျှင် ငွေကျပ်သိန်း (၃၀)မှ (၅၀)အထိပေးဝယ်ရာ တောင်သူများ ဈေးကောင်း ရရှိ၍ အဆင်ပြေကြောင်း၊ ကော်ဖီပင်နှင့်အတူ ထောပတ်၊ ဝဥ၊ လိုင်ချီး၊ လက်ဖက်စသည့် နှစ်ရှည် သီးနှံပင်များကြားညှပ် စိုက်ပျိုးကြ၍ တောင်ပေါ်ဒေသခံတိုင်းရင်းသားများမှာ မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း သိရှိရပါသည်။

            ယခုနှစ်မှစ၍ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ကော်ဖီစံပြကွက်(၂)ဧက (H-528 မျိုး ၁ ဧကနှင့် SL – 34 မျိုး ၁ ဧက)ကို စမ်းသပ်စိုက်ပျိုးထားရှိကြောင်း၊ တောင်ပေါ်ဒေသ ကျေးရွာအုပ်စု(၁၀)အုပ်စုမှ ကော်ဖီစိုက်ပျိုးတောင်သူများ အရည်အသွေးကောင်းမွန်သော သီးနှံများ ရရှိ၍ အချိန်တိုအတွင်း ခြောက်သွေ့စွာလှန်းနိုင်ရန်ရည်ရွယ်၍ ကော်ဖီခြံတွင် Solar Dryar စနစ်ဖြင့် သီးနှံအခြောက်လှန်းစင် အဆောက်အဦ တည်ဆောက်ထားရှိကြောင်းနှင့် ယခုနှစ် မိုးရာသီအမှီ တောင်သူများ စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီပျိုးပင်၊ အခြားအရိပ်ရပျိုးပင်များနှင့်အတူ ကော်ဖီမျိုးစေ့များပါ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကော်ဖီခြံတာဝန်ခံ ဦးဇော်သိန်းထံမှသိရပါသည်။

          ငဖဲမြို့နယ် နတ်ရေကန်(ကော်ဖီခြံ)မှ တစ်နှစ်လျှင် ကော်ဖီစေ့ (၂.၈)တန်နှင့် ပုဂ္ဂလိကစိုက်ခင်းများမှ (၄၃)တန်ကျော်ထွက်ရှိပြီး ရွာငံ၊ ရေနံချောင်း၊ ရန်ကုန်နှင့် ပြင်ဦးလွင်မြို့နယ် ဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

ဇွန်လ ဒုတိယပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ မြှင့်တက်လျှက်ရှိ

             လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ရောင်းချလျှက်ရှိပြီး စက်သုံးဆီလက်လီ ဈေးနှုန်းများမှာ ဇွန်လဒုတိယပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၆၀၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၆၃၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို(၂၂၇၅)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၃၆၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် မေလဒုတိယပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၃၈၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၄၁၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၁၆၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၂၁၅) ကျပ်သာရှိခဲ့ပြီး ယခုဇွန်လဒုတိယပတ် နှင့် ယခင် မေလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၂၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၂၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို(၁၁၅) ကျပ်နှင့်ဓါတ်ဆီ (95) တစ်လီတာ ကို(၁၅၀)ကျပ် ကွာဟလျက်ရှိပြီး ဈေးနှုန်း မြှင့်တက်လျှက်ရှိပါကြောင်းတွေ့ရပြီး ယခင် မေလဒုတိယပတ်ထက် ဈေးနှုန်းမြှင့်တက်နေခြင်းမှာ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ သယ်ယူပို့ဆောင်ရေး အခက်အခဲများရှိခြင်းကြောင့်ဖြစ်သည်ဟုသိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း အာလူးဈေးနှုန်း အနည်းငယ်ကျဆင်းလျှက်ရှိ

            လွိုင်ကော်မြို့နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် အာလူးကို လင်ဖုံလေး၊ ကုန်းသာ၊ ကျေးရွာများမှ စိုက်ပျိုးကြပြီး ဈေးကွက်တွင် ရှမ်းပြည်နယ်၊ ပင်လောင်းဘက်မှ ဝင်ရောက်သော အာလူးများ၊ ဒေသထွက်အာလူးများ ရောင်းချလျက်ရှိရာ  ယခင် မေလ ဒုတိယပတ်တွင် အာလူး တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခု ဇွန်လ ဒုတိယပတ်တွင် အာလူးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိရာ ယခင် မေလ ဒုတိယပတ်နှင့် ယခု ဇွန်လ ဒုတိယပတ် နှိုင်းယှဉ်လျှင် တစ်ပိဿာ (၅၀၀) ကျပ်ခန့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း ၊ ဈေးနှုန်းအနည်းငယ်ကျဆင်းရခြင်းမှာ လင်ဖုံလေးကျေးရွာမှ ဒေသထွက် အာလူး အသစ်များ ဈေးကွက်အတွင်း ဝင်ရောက်လာခြင်းကြောင့်  ဈေးနှုန်း အနည်းငယ်ကျဆင်းရခြင်း ဖြစ်သည်ဟု လွိုင်ကော်မြို့၊ နောင်ယားဈေးရှိ အာလူးရောင်းချသောလုပ်ငန်းရှင်တစ်ဦးထံမှ သိရပါ သည်။

DOCA(ကယား)

ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဒေသ၏ မေလအတွင်း ကုန်သွယ်မှုအခြေအနေ

              ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ- မိုင်းခတ်- မိုင်းယန်း- မိုင်းလား နယ်စပ်ဒေသများ၏ မေလအတွင်းတွင် ရာဘာ၊ ကွမ်းသီး၊ ပဲသီးအမျိုးမျိုး၊ အစိမ်းရောင်ပဲသီးစေ့များ၊ နှမ်းမည်း၊ ငရုတ်သီးခြောက်၊ မြက်တု၊ ကလေးကစားစရာအရုပ်များ၊ ကလေးဦးထုပ်များ၊ ကော်တောင့်၊ စတီးဇွန်း၊ ခရင်း၊ ရောင်စုံကြယ်သီးများ၊ နှိပ်ကြယ်သီး၊ ချင်းခြောက်နှင့် နနွင်းတက်တို့ကို တင်ပို့ခဲ့ပြီး သံကြိုးခွေ၊ လက်ဆွဲအိတ်၊ ပုခုံးလွယ်အိတ်၊ ပါးလွှာသော အခင်းများ၊ အိမ်တွင်းစီးဖိနပ်များ၊ ခြေအိတ်များ၊ ပလပ်စတစ်ဖြင့်ပြုလုပ်ထားသော ထည့်စရာဗူးများ၊ သေတ္တာ၊ လူသုံးကုန်ပစ္စည်းများ၊ လူကြီးဝတ်အင်္ကျီဝမ်းဆက်၊ ချည်သားပါးပါး(အနွေးထည်)၊ ရေမြှုပ်ညှပ်ဖိနပ်၊ ကလေးဝတ်အားကစားဝတ်စုံ၊ ဖိနပ်၊ အမျိုးသမီးဝတ်အင်္ကျီနှင့် ကလေးဝတ်အင်္ကျီများကို တင်သွင်းနိုင်ခဲ့ပါတယ်။ ဒေသတွင်း အခြေခံစားသောက်ကုန်များအနေဖြင့် ဆန်/ စပါး ဈေးနှုန်းမှာ ဆန်စပါးအဟောင်း (၄၀)ကီလို တစ်အိတ်လျှင် ဈေးနှုန်း (၁၃၀၀၀)ကျပ်၊ စပါးအသစ် (၄၀)ကီလို တစ်အိတ်လျှင် (၁၂၀၀၀)ကျပ်၊ ဒေသဆန်အသစ် (၅၀)ကီလို တစ်အိတ်လျှင် (၃၅၀၀၀)ကျပ်ရှိကြောင်း သတင်းရရှိပါတယ်။ တာချီလိတ်မြို့၊ မယ်ယန်း ကုန်သွယ်ရေးစခန်းမှ မေလအတွင်း အများဆုံး တင်ပို့သော ကုန်ပစ္စည်းမှာ ပြောင်း၊ ပုလင်းခွံ၊ ဗူးခွံ၊ အသုံးပြုပြီးသော ပလပ်စတစ်ဗူးခွံ၊ အသုံးမပြုတော့သည့် စက္ကူ၊ ရွှေဖရုံသီး၊ အစိမ်းရောင်ပဲသီးစေ့များ၊ ကော်ဖီစေ့၊ လက်ဖက်ခြောက်၊ ချင်းခြောက်၊ ရာဘာ၊ ငှက်ပျော၊ ကွမ်းသီး၊ ဆန်နှင့် မဲဇလီစေ့တို့ဖြစ်ပြီး ဘိလပ်မြေ၊ ဆပ်ပြာမှုန့်၊ ဒီဇယ်၊ ဓါတ်ဆီ၊ ကြွေပြား၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ကော်၊ လက်တွန်းလှည်း၊ လယ်ထွန်စက်၊ စက်ပစ္စည်းများ၊ ကြိတ်သားပြား၊ သံချောင်း၊ သွပ်၊ ကလေးဒိုင်ဘာ၊ ကာဗွန်၊ ကွန်ကရစ်အမိုးပြား၊ ဆိုဒီ ယမ်ဆိုင်ယာနိုက်၊ ကွန်ကရစ်တိုင်နှင့် ဘောလုံးတို့ဖြစ်ပါကြောင်း၊  ကုန်သွယ်မှုပမာဏအနေဖြင့် ဧပြီလအတွင်း ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်းလားနယ်စပ်လမ်းကြောင်း၏ ကုန်သွယ်မှုပမာဏမှာ (၁.၉၈၉) ဒေါ်လာသန်းဖြစ်ပြီး မေလကုန်သွယ်မှုပမာဏမှာ (၁.၀၁၈)ဒေါ်လာသန်းဖြစ်သောကြောင့် မေလကုန်သွယ်မှု ပမာဏမှာ ဧပြီလထက် (၁.၃၉၈) ဒေါ်လာသန်း လျော့သွားကြောင်းနှင့် တာချီလိတ်မြို့၊ မယ်ယန်း ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏမှာ ဧပြီလအတွင်းတွင် (၄.၃)ဒေါ်လာသန်းဖြစ်ပြီး မေလအတွင်း ကုန်သွယ်မှုပမာဏမှာ (၅.၀၄၄)ဒေါ်လာသန်းဖြစ်သောကြောင့် မေလကုန်သွယ်မှုပမာဏမှာ ဧပြီလထက် (၀.၇၄၄)ဒေါ်လာသန်း တိုးလာကြောင်း သိရပါတယ်။ မိုင်းယောင်း-မိုင်းယု ကုန်သွယ်ရေး လမ်းကြောင်းမှ မေလအတွင်း အဓိကတင်ပို့သော ပို့ကုန်နှင့် သွင်းကုန်ပစ္စည်းများ မရှိပါကြောင်း နယ်စပ်သတင်းများအရ သိရှိရပါတယ်။

DOCA(ရှမ်း)

နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ်(၁၀၅)မိုင်၏ မေလအတွင်း ကုန်သွယ်မှုအခြေအနေများ

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုဖြင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်အားလျော်စွာ ပို့ကုန်ပမာဏတိုးမြှင့် တင်ပို့နိုင်ရေးနှင့် ပို့ကုန်အမယ်သစ်များ ရှာဖွေတင်ပို့နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ နယ်စပ်ကုန်သွယ်ရေးပိုင်းတွင် ရှမ်းပြည်နယ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်(၁၀၅)မိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်တို့တွင် ကုန်သွယ်မှုများစွာ လုပ်ဆောင်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ်(၁၀၅)မိုင်၏ မေလအတွင်း ကုန်သွယ်မှုအခြေအနေများမှာ ဖရဲသီး တစ်လုံးလျှင် အနိမ့်ဆုံးဈေး (၈၀၉)ကျပ်ဖြင့် (၁၃၂၄.၅)တန်ကိုလည်းကောင်း၊ သခွားမွှေး တစ်လုံးလျှင် အနိမ့်ဆုံးဈေး(၇၆၂)ကျပ်ဖြင့် (၈၆၀.၅)တန်ကိုလည်းကောင်း၊ ရာဘာ တစ်ပေါင်လျှင် အနိမ့်ဆုံးဈေး(၉၂၃)ကျပ်မှ အမြင့်ဆုံးဈေး (၁၀၂၅)ကျပ်ဖြင့် (၁၃၄၆)တန်ကိုလည်းကောင်း၊ ဆန် တစ်အိတ်လျှင် (၂၄၅၅၂)ကျပ်မှ (၂၆၁၂၈)ကျပ်ဖြင့် (၃၁၀၄)တန်ကိုလည်းကောင်း၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၃၄၃)ကျပ်မှ (၆၇၂)ကျပ်ဖြင့် (၂၉၄၄.၅၄) တန်ကိုလည်းကောင်း၊ ပဲတီစိမ်း တစ်တင်းလျှင် (၄၀၈၉၃)ကျပ်မှ (၄၆၇၇၂)ကျပ်ဖြင့် (၂၄၆၂၄.၇၅)တန်ကို လည်းကောင်း၊ ပဲယင်း တစ်တင်းလျှင် (၂၇၀၆၆)ကျပ်မှ (၃၀၈၃၇)ကျပ်ဖြင့် (၁၇၂၄.၆)တန်ကိုလည်းကောင်း၊ ပဲကြီး တစ်တင်းလျှင် (၃၁၆၉၈)ကျပ်မှ (၃၈၃၃၅)ကျပ်ဖြင့် (၉၈၃.၃)တန်ကိုလည်းကောင်း၊ မြေပဲဆံ တစ် တင်းလျှင် (၃၇၉၈၉)ကျပ်မှ (၄၅၅၆၂)ကျပ်ဖြင့် (၃၂၃.၉)တန်ကိုလည်းကောင်း၊ မြေထောက်ပဲ တစ်တင်းလျှင် (၃၆၇၃၉)ကျပ်မှ (၃၈၃၃၅)ကျပ်ဖြင့် (၁၀၀၃.၈)တန်ကိုလည်းကောင်း၊ နှမ်း တစ်တင်းလျှင် (၄၈၉၀၄) ကျပ်မှ (၅၄၆၉၈)ကျပ်ဖြင့် (၂၇၄၁.၅)တန်ကိုလည်းကောင်း၊ ပဲလွန်းဖြူ တစ်တင်းလျှင် (၂၄၀၅၃)ကျပ်မှ (၂၇၆၉၃)ကျပ်ဖြင့် (၅၉၀.၃)တန်ကိုလည်းကောင်း၊ ပဲနီကြား တစ်တင်းလျှင် (၂၃၀၅၁)ကျပ်မှ (၂၉၄၈၉) ကျပ်ဖြင့် (၂၃၀၀.၈၅)တန်ကိုလည်းကောင်း၊ ထောပတ်ပဲ တစ်တင်းလျှင် (၃၁၆၉၈)ကျပ်မှ (၃၈၃၃၅) ကျပ်ဖြင့် (၁၃၁၅)တန်ကိုလည်းကောင်း၊ ဆန်ကွဲ တစ်တင်းလျှင် (၂၄၉၃၀)ကျပ်မှ (၂၆၉၈၀)ကျပ်ဖြင့် (၉၀၈၈.၁)တန်ကိုလည်းကောင်း၊ ပဲတီစိမ်းခြမ်း တစ်တင်းလျှင် (၅၇၁၃၇)ကျပ်မှ (၆၄၄၉၄)ကျပ်ဖြင့် (၄၀၁၁) တန်ကိုလည်းကောင်း၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၄၂၆၇၄)ကျပ်မှ (၄၃၈၉၆)ကျပ်ဖြင့် (၁၀၂)တန်ကိုလည်း ကောင်း အသီးသီးတင်ပို့နိုင်ခဲ့ပြီး မေလအတွင်း နွားနှင့် ဆိတ်များကိုတော့ တိရစ္ဆာန်ကျန်းမာရေးစခန်း (AQS)တွင် ယာယီထိန်းသိမ်းထားရှိနေတာဖြစ်လို့ ဒေသနေပြည်သူများစားသုံးရန်နှင့် လယ်ယာလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အရောင်းအဝယ်များရှိကြောင်းသိရပြီး မွေးမြူရေးခြံ (၁၈)ခုတွင် နွား (၂၇၁၀)ကောင်နှင့် ဆိတ် (၂၀၆)ကောင် ရှိနေကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ သတင်းရရှိပါတယ်။

DOCA(ရှမ်း)

ဇွန်လပထမပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ မြှင့်တက်လျှက်ရှိ

           လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ရောင်းချလျှက်ရှိပြီး စက်သုံးဆီလက်လီ ဈေးနှုန်းများမှာ ဇွန်လပထမပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၆၅၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၆၈၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၂၃၂၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၄၁၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် မေလပထမပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၄၇၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၅၁၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၁၂၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၂၆၅) ကျပ်သာရှိခဲ့ပြီး ယခုဇွန်လပထမပတ် နှင့် ယခင် မေလပထမပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၁၈၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၁၇၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၀၀) ကျပ်နှင့်ဓါတ်ဆီ (95) တစ်လီတာကို(၁၅၀)ကျပ် ကွာဟလျက်ရှိပြီး ဈေးနှုန်းမြှင့်တက်လျှက် ရှိပါကြောင်းတွေ့ရပြီး ယခင် မေလပထမပတ်ထက် ဈေးနှုန်းမြှင့်တက်နေခြင်းမှာ လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ သယ်ယူပို့ဆောင်ရေးအခက်အခဲများရှိခြင်း၊ မူရင်းဈေးနှုန်းမြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟုသိရှိရပါသည်။

DOCA(ကယား)

ကြက်သွန်နီဈေးကွက် ဆက်လက်မြှင့်တက်လျှက်ရှိ

            ကယားပြည်နယ်အတွင်း အခြေခံစားကုန်စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီကို ပြည်နယ်အတွင်း စားသုံးမှုလိုအပ်ချက်အတွက် အခြားဒေသဖြစ်သည့် မိတ္ထီလာ၊ဝမ်းတွင်းဘက် မှ အများဆုံး ဝင်ရောက်ပြီး မေလတွင် ပြည်နယ်အတွင်းကြက်သွန်နီဝင်ရောက်မှုမှာ (၁၁၈၈၀) အိတ်၊ ( ၂၉၇၀၀၀ ) ပိဿာရှိခဲ့ပြီး ကြက်သွန်နီဈေးနှုန်းမှာ အလုံးကြီး တစ်ပိဿာလျှင် (၁၂၀၀) ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် (၁၀၀၀) ကျပ်နှုန်းဖြစ်ခဲ့ပြီး ယခုလက်ရှိ ဇွန်လ လဆန်းပိုင်းအတွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာ အလုံးကြီး တစ်ပိဿာ လျှင် (၁၅၀၀) ကျပ် ၊ အလုံးသေး တစ်ပိဿာလျှင် (၁၂၀၀) ကျပ် ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပြီး ယခု ဇွန်လဆန်းပိုင်းတွင် ယခင် မေလတွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် အလုံးကြီး တစ်ပိဿာလျှင် (၃၀၀) ကျပ်၊ အလုံးသေး တစ်ပိဿာ လျှင် (၂၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လျှက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်းများ မြှင့်တက်သဖြင့် သယ်ယူစရိတ်မြှင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ကြက်သွန်နီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း