ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်းဘူးမြို့မဈေးအတွင်းရှိစားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

     ဇန်နဝါရီလ တတိယပတ်တွင် မင်းဘူးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီ (သစ်)ဈေးနှုန်းမှာ (၁) ပိဿာလျှင် ကျပ်(၂၅၀၀)ဖြစ်ပြီး စတုတ္တပတ်တွင် ကြက်သွန်နီ(သစ်) (၁)ပိဿာလျှင် ကျပ်(၂၀၀၀)ဖြစ်၍ ဈေးအနည်းငယ်ကျလာကြောင်း၊ ကြက်သွန်နီများကို ပွင့်ဖြူမြို့နယ်အတွင်း မဲဇလီ ရေလွှဲဆည်ရေသောက်နှင့် စလင်း၊ ဆင်ဖြူကျွန်းမြို့များမှ ဝယ်ယူရောင်းချလျက်ရှိကြောင်းနှင့် စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူ(ကြူကုတ်) ၁ ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) ၁ ပိဿာလျှင် ကျပ်(၅၀၀၀)၊ အာလူး ၁ ပိဿာလျှင် ကျပ်(၂၅၀၀)၊ ငရုတ်ခြောက်ရှည် ၁ ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ မန်ကျည်းသီးမှည့် ၁ ပိဿာလျှင် ကျပ်(၄၂၀၀)၊ ချင်း ၁ ပိဿာလျှင် ကျပ်(၁၈၀၀)၊ ကြက်ဥ (၁)လုံးလျှင် ကျပ်(၂၅၀)၊ ဆားကြမ်း (၁)ပိဿာလျှင် ကျပ်(၅၀၀)ဖြစ်၍ ဈေးအနည်းငယ်ကျဆင်းနေကြောင်း ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

    စားသုံးဆီများမှာ နှမ်းဆီ ၁ ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၁၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ် (၁၀၀၀၀-၁၁၀၀၀)၊ စားအုန်းဆီ ၁ ပိဿာလျှင် ကျပ်(၆၀၀၀)ဖြစ်၍ စားသုံးဆီဈေးများမှာ အနည်းငယ်တက်လာကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့ပေါ်တွင်ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

   မင်းဘူးမြို့မဈေး၌ ဇန်နဝါရီလ စတုတ္တပတ်တွင် ရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းများမှာ ငါးကြင်းဖြူခြောက် (၁)ပိဿာလျှင် ကျပ် ၁၂၀၀၀၊ ငါးတံခွန် (၁) ပိဿာလျှင် ကျပ်(၈၀၀၀-၁၃၀၀၀)၊ ငါးသေတ္တာခြောက် (၁) ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ အာဗြဲခြောက် အကြီး၊ အလတ်၊ အသေး (၁) ပိဿာလျှင် ကျပ်(၂၈၀၀၀-၂၅၀၀၀-၂၀၀၀၀)ဖြစ်ကြောင်း၊ ငါးနီတူးခြောက် (၁) ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးရံ့လုံးခြောက် အကြီး၊ အလတ်၊ အသေး (၁) ပိဿာလျှင် ကျပ်(၃၆၀၀၀-၃၄၀၀၀-၃၃၀၀၀)၊ ငါးရံ့ပြားခြောက် အကြီး၊ အလတ်၊ အသေး (၁) ပိဿာလျှင် ကျပ်(၇၅၀၀၀-၄၄၀၀၀-၃၈၀၀၀)၊ ငါးပုတ်သင် (၁) ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးသလဲထိုး (၁) ပိဿာလျှင် ကျပ် (၃၅၀၀၀)၊  ငါးခုံးမ (၁) ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ပုစွန်ခြောက် (၁) ပိဿာလျှင် ကျပ် (၃၅၀၀၀-၆၀၀၀၀)အထိရှိကြောင်း၊ ပုစွန်ခြောက်သည် ဆားအပေါ့/အငန်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

      ပုစွန်ခြောက်များကို ရခိုင်ပြည်နယ်မှလည်းကောင်း၊ ငါးခြောက်များကို ရန်ကုန်မြို့ ဘုရင့်နောင်လမ်းနှင့် စစ်တွေမြို့ ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကွင်းဆင်းမေးမြန်းမှုအရသိရှိရပါသည်။

DOCA(မကွေး)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇန်နဝါရီလ(၂၅)ရက်နေ့မှ ဇန်နဝါရီလ(၃၁)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၈၀၀ မှ ၂၈၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၄၀၀ မှ ၁၂၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၁၀၀ မှ ၂၅၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၂၀၀ မှ ၁၈၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၅၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၈၀၀ မှ ၂၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၅၀၀ မှ ၂၂၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၀၀၀ မှ ၂၃၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၅၀၀၀ မှ ၆၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၆၀၀ မှ ၃၈၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၂၀၀ မှ ၂၅၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၅၀ မှ ၂၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၅ မှ ၁၀၀ အတွင်း၊ ခရမ်းသီး  (ရှည်)(ပိဿာ)ကျပ် ၈၀၀ မှ ၁၈၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၄၀ မှ ၂၀၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၅၀၀ မှ ၂၄၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၂၀၀မှ ၅၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခု ရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၁၃၆၅၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ)(၃၇၅၂၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၃၉၃၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၅၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၆၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၇၅၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၉၅၁၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၇၂၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇန်နဝါရီလ ( ၂၅ ) ရက်နေ့မှ ဇန်နဝါရီလ(၃၁) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၃၀၀၀ မှ ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၅၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၇၀၀၊  ၅၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၃၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး  ကျပ် ၈၀၀ ၊ တွံတေး၊ ပန်းတိုင်(လှိုင်သာယာ) မှ သခမသီး အလုံးကြီးတစ်ခြင်း ၂၀ လုံး မှ ၃၅ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် ၄၀ လုံး မှ ၄၅ လုံးပါ ကျပ် ၁၇၀၀၀၊ အလုံးသေး ၆၀ လုံး မှ ၉၀ လုံးပါ ကျပ် ၁၆၀၀၀၊ ပဲခူး (ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီး ၁ တွဲ ကျပ် ၇၀၀၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀၊ အလုံးသေး ကျပ် ၃၀၀ မှ ၂၀၀ ၊ မြစ်သား မှ ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီးတစ်ခြင်း ၅ ပိဿာပါ ကျပ် ၃၅၀၀၀ ၊ ပြင်ဦးလွင် မှ စတော်ဘယ်ရီ အလုံးကြီး တစ်ဗူး ၁၈ ကျပ်သားပါ ကျပ် ၁၅၀၀၊ အလုံးသေ ကျပ် ၈၀၀၊ မုံရွာ၊ ခရမ်း မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၁၃၀၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀၀ ၊ အလုံးသေး ကျပ် ၈၀၀၀ မှ ၇၀၀၀ ၊ အင်းမ၊ ခရမ်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံးသေး ကျပ် ၄၀၀၀ မှ ၃၀၀၀၊ ၂၀၀၀၊ ဆင်ဖြူကျွန်း မှ  ဇီးသီး (စလေ) အလုံးကြီးတစ်ခြင်း ၈ ပြည် ပါကျပ်  ၁၁၀၀၀၊ အလုံး လတ် ကျပ် ၁၀၀၀၀ ၊ အလုံးသေး ကျပ် ၉၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိ ရပါသည်။

DOCA(ရန်ကုန်)

“သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပဲတီစိမ်းများ စတင်ထွက်ပေါ် ”

          ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ထွက် ပဲတီစိမ်းများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ယခုနှစ်တွင် ပဲတီစိမ်း စိုက်ဧက (၁၂၉၉၉၅) ဧကဖြစ်ပြီး ဇန်နဝါရီ လ (တတိယပတ်) မှစပြီး ဘုရားကြီးကျေးရွာ၊ ကတုံးပေါ်၊ ဝင်းကြီး၊ နံယော၊ ရေပေါ်ကန်၊ အောင်ပန်း စိန်၊ အလန်းကုန်း၊ ကိုင်းကုန်း၊ လသာကုန်း၊ မကျီးပင်ချောင် စသည့် ကျေးရွာများမှ ပဲတီစိမ်းအနည်း ငယ် စတင်ထွက်ပေါ်လျက်ရှိပါသည်။

          ပဲတီစိမ်းရိတ်သိမ်းမှုအနေဖြင့် ဧက(၁၂၀)ခန့်ရှိကြောင်း တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၁၇/၁၈) တင်းခန့်ရှိ၍ ပဲ(၁)တင်းလျှင် (၆၅၀၀၀ မှ ၆၆၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ‌ ကြောင်း ယခင်နှစ်ပဲစတင်ထွက်ရှိချိန်တွင် ပဲ(၁)တင်းလျှင် (၄၆၂၀၀) ကျပ်ဖြစ်ပြီး ယခုနှစ်တွင် ပဲစ တင်ထွက်ရှိချိန်၌ (၁)တင်းလျှင် (၆၅၀၀၀ မှ ၆၆၀၀၀) ကျပ်ဖြစ်၍ ယခင်နှစ်ထက်ပဲဈေးပိုမိုရရှိ ကြောင်း ကျေးရွာရှိတောင်သူများထံမှ သိရှိရပါသည်။ ပဲတီစိမ်းများအား သုံးခွမြို့နယ်ရှိ Bright Light Co.;Ltd မှ စတင်ဝယ်ယူနေပြီဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မြင့်တက်လာတဲ့ စပါး ဆန်ဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မိုးစပါးများပေါ်စအချိန်၌ ဧည့်မထစပါး ၅၀ ပေါင် တင်း ၁၀၀ လျှင် ၁၁၇၀၀၀၀ ကျပ်၊ ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်သာရှိခဲ့ပြီး ယခု ဇန်နဝါရီလ တတိယပတ်အချိန်တွင် ဧည့်မထစပါး ၅၀ ပေါင် တင်း ၁၀၀ လျှင် ၁၄၀၀၀၀၀ ကျပ်၊ ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်၊ ရန်ကုန်တိုင်းမှ ဝင်ရောက်လာသော ဖျာပုံပေါ်ဆန်း ဆန် (အဟောင်း) တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်၊ အသစ်တစ်အိတ်လျှင် ၆၉၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (အဟောင်း) တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှင့် အသစ်တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ပေါက်ဈေးရှိနေကြောင်းသိရှိရသဖြင့် ဆန်၊ စပါးဈေးမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်ရှိ ဆောင်းနေကြာများ လျာထားချက်ထက်ကျော်လွန်၍ စိုက်ပျိုးပြီး

      ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် ဆောင်းနေကြာများကို မူလက ၃၂၃၅ ဧက စိုက်ပျိုးရန် လျာထားခဲ့သော်လည်း ယခုအခါ နေကြာသီးသန့် ၂၄၅ ဧက၊ သီးညှပ် ၃၀၃၀ ဧက၊ စုစုပေါင်း ၃၂၆၅ ဧကအထိစိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခင်နှစ်တွင် ဆောင်းနေကြာတစ်ဧကလျှင် ၁၈ တင်းမှ ၂၀ တင်းအထိထွက်ရှိခဲ့ပြီး ဈေးနှုန်းမှာ တစ်တင်းလျှင် ၃၀၀၀၀ ကျပ်ရောင်းချနေရကြောင်းသိရှိရပါသည်။

        ယခုလက်ရှိအချိန်တွင် အုတ်တွင်းမြို့နယ်၌ ဆောင်းနေကြာများမှာ ရိတ်သိမ်းရခြင်းမရှိသေးသဖြင့် ဈေးကွက်နှင့် ဈေးနှုန်းအခြေအနေများကိုမူ တိကျစွာမသိရှိရသေးကြောင်းသိရှိရပါ သည်။

        အုတ်တွင်းမြို့နယ်မှ ထွက်ရှိသောနေကြာများကို အမြို့မြို့အနယ်နယ်ရှိ ကုန်သည်များသို့ ရောင်းချကြောင်းသိရှိရပြီး ယခုနှစ်တွင် နေကြာရိတ်သိမ်းပြီးချိန်၌ ခန့်မှန်းတစ်တင်းဈေးနှုန်းမှာ ၃၄၅၀၀ ကျပ်ခန့် ရှိနိုင်ကြောင်း နေကြာစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့တွင် ရွှေ့လျားစနစ်ဖြင့် ဆန်နှင့်ဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်၍ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သည် စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဆန်စက်လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ဇန်နဝါရီလ ၂၄ ရက်နေ့က ဆန်၊ စားအုန်းဆီ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များကို အုတ်တွင်းမြို့ပေါ်ရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချခဲ့ပါသည်။

         ထိုသို့ လှည့်လည်ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၈၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီ ၅၀ ကျပ်သားတစ်ဘူးလျှင် ၃၂၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချပေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့်ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးကြပါသည်။

       အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးသူပြည်သူများ ဈေးနှုန်း သက်သာစွာဝယ်ယူနိုင်ရေးအတွက် အခါအားလျော်စွာရောင်းချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ရေတာရှည်မြို့နယ်၊ မြို့လှမြို့မှ “Light House” ကော်ဖီလုပ်ငန်း အကြောင်း တစေ့တစောင်း

     တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ “Light House” အမှတ်တံဆိပ် ကော်ဖီမှုန့်အား ထုတ်လုပ်ရာတွင် ကော်ဖီပင်များအား ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ကော်ဖီမှုန့်ထုတ်လုပ်ရန် လိုအပ်သောကုန်ကြမ်းဖြစ်သည့် ကော်ဖီစေ့များအား မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ကိုယ်ပိုင်စိုက်ခင်းများဖြင့် ဧက (၅၀၀)ခန့်စိုက်ပျိုးထားကြောင်း၊ ကိုယ်ပိုင်စိုက်ခင်းများမှ စိုက်ပျိုးထွက်ရှိလာသောကော်ဖီစေ့များအား ရန်ကုန်မြို့တွင် အခွံချွတ်ပြီးလှော်ကြောင်း၊ အခွံချွတ်လှော်ထားပြီးဖြစ်၍ အသင့်ကြိတ်၍ရသော လှော်ပြီးသားကော်ဖီစေ့များအား ပါကင်ထုတ်၍လည်းကောင်း၊ အမှုန့်ကြိတ်ပြီး ပါကင်ထုပ်၍လည်းကောင်း ဖြန့်ဖြူးရောင်းချကြောင်းသိရပါသည်။

     ထုတ်လုပ်မှုအနေဖြင့် (၁၀၀)ဂရမ်၊ (၂၀၀)ဂရမ်နှင့် (၅၀၀)ဂရမ်အထုပ်များကိုထုတ်လုပ်ပြီး ဈေးနှုန်းအနေဖြင့် (၁၀၀)ဂရမ်တစ်ထုပ်လျှင် (၃၀၀၀) ကျပ်နှုန်း၊ (၂၀၀)ဂရမ်တစ်ထုပ်လျှင် (၆၀၀၀)ကျပ်နှုန်းနှင့် (၅၀၀)ဂရမ်တစ်ထုပ်လျှင် (၁၃၀၀၀)ကျပ်နှုန်းတို့ဖြင့် နယ်ကိုယ်စားလှယ်များအား ရောင်းချပေးကြောင်းသိရှိရပါသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည် တော်၊ မကွေးနှင့် တောင်ငူမြို့များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

      “Light House” အမှတ်တံဆိပ် ကော်ဖီမှုန့်သည် ပင်လောင်းကော်ဖီမျိုးစေ့အား စိုက်ပျိုးထားကြောင်းသိရှိရပါသည်။ “Light House” အမှတ်တံဆိပ် ကော်ဖီမှုန့်သည် ပြည်ပဈေးကွက်တွင်မူ ဈေးကွက်အခိုင်အမာရရှိထားပြီး ပြည်ပနိုင်ငံများဖြစ်သော ကနေဒါ၊ ဂျာမဏီ၊ အမေရိကန်နှင့် ထိုင်းနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိကြောင်း “Light House”အမှတ်တံဆိပ် ကော်ဖီမှုန့်လုပ်ငန်းရှင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

နေကြာပန်းပွင့်ချိန် ပျားမွေးမြူရေးအဆင်ပြေ

      တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာအုပ်စုရှိ စစ်တောင်းမြစ်ကမ်း နုန်းတင်မြေများတွင် စိုက်ပျိုးထားသောနေကြာများမှာ အောင်မြင်ဖြစ်ထွန်း၍ အပွင့်များဝါဝါထိန်လျက် တစ်ခင်းလုံးပွင့်နေပါသည်။ ထို့အပြင် နေကြာခင်းများဘေးတွင် မွေးမြူရေးပျားပုံးများကိုလည်းတွေ့ရပါသည်။

      နေကြာစိုက်ပျိုးထားရှိမှုသည် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် အကျိုးရှိရုံသာမက ပျားမွေးမြူရေးကိုလည်း အထောက်အကူပြုပါသည်။ နေကြာပန်းများလှိုင်လှိုင်ပွင့်ချိန်တွင် ပျားမွေးမြူရေးပုံးများကို နေကြာခင်းများဘေးတွင် ချထားပါသည်။ နေကြာတစ်ဧကစိုက်ထားသည့် အခင်းဘေးတွင် ပျားမွေးမြူရေးပုံး ၁၀ ပုံးမှ ပုံး ၂၀ အထိချထားနိုင်ပါသည်။ ပျားများလေ နေကြာခင်းများ ဝတ်မှုန်ကူးရန်အတွက် ပို၍အဆင်ပြေလေဖြစ်ပါသည်။ ဒိုးအင်းကျေးရွာအုပ်စုတွင် နေကြာသီးသန့် ၂၃၈ ဧကနှင့် မတ်ပဲခင်းများတွင် နေကြာသီးညှပ် ၆၁၈ ဧက စိုက်ပျိုးထားသည်ဟုသိရှိရပါသည်။

      ဒိုးအင်းကျေးရွာအုပ်စုရှိ နေကြာပန်းခင်းများတွင် ပျားမွေးမြူရေးပုံး ၃၀၀ ပုံးချထားကြောင်း၊ နေကြာခင်းများမှ ပန်းဝတ်ရည်၊ ပန်းဝတ်မှုန်များ ပေါများစွာရရှိသဖြင့် ပျားပုံး ၃၀၀ ပုံးမှ ၁၀ ရက်တစ်ခါ ပျားရည်ထုတ်လျှင် ပျားရည်ပိဿာချိန် ၃၀၀ ပိဿာခန့်နှင့် ပျားဖယောင်း ၆ ပိဿာခန့်ရရှိကြောင်း၊ ဝတ်မှုန်ဇကာခံထားခြင်းမရှိ၍ ဝတ်မှုန်မရပါကြောင်း၊ ပန်းနှမ်း၊ နှမ်းနှင့် လဲမှိုပွင့်ချိန်များတွင် ဝတ်မှုန်ထုတ်ပါကြောင်း၊ ပျားရည်တစ်ပိဿာလျှင် ၄၈၀၀ ကျပ်၊ ပျားဖယောင်းတစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်နှင့် ပန်းဝတ်မှုန်တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း၊ ရန်ကုန်မြို့မှ ကုမ္ပဏီများကဝယ်ယူကြောင်း၊ ပျားမွေးမြူရေးပုံး ၃၀၀ ပုံးကို ဝန်ထမ်း ၃ ဦးဖြင့် လုပ်ငန်းဆောင်ရွက်ပါကြောင်း၊ နေကြာစိုက်ပျိုးမှုများကြောင့် မွေးမြူရေးအတွက်ပါ အကျိုးဖြစ်ထွန်းနေကြောင်း ပျားမွေးမြူရေး တာဝန်ခံ၏ပြောပြချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

             

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း