ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် လတ်တလောဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း

            ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ Facebook လူမှုကွန်ယက်စာမျက်နှာများတွင် စက်သုံးဆီကိစ္စများ မထွက်ပေါ်ခင် စက်သုံးဆီဆိုင်များ၌ ပုံမှန်အတိုင်း ဖြန့်ဖြူးရောင်းချနေသော်လည်း ဧပြီလ ၁၉ ရက်နေ့တွင် Facebook လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပြင်ပမီဒီယာအချို့က နိုင်ငံအတွင်း စက်သုံးဆီများ ပြတ်လပ်မှုရှိနိုင်ကြောင်း ကောလာဟလသတင်းများ ဖြန့်ဖြူးသည့်အတွက် ဒေသအတွင်း အချို့စက်သုံးဆီဆိုင်များ ခေတ္တခဏ ပိတ်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချနေခြင်း၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် စက်သုံးဆီအသုံးပြုသူများမှ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာပြီး ဒေသအတွင်း ဆီဆိုင်များ၌ တန်းစီဝယ်ယူခြင်းများ ဖြစ်ပေါ်လာသည့် သတင်းများကြောင့်  ဧပြီလ ၂၀ ရက်နေ့တွင် ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ စက်သုံးဆီရည်ညွှန်းဈေးနှုန်း သတ်မှတ်လျှက် 92 Ron ၁၉၄၀.၁၈ ကျပ်၊ 95 Ron ၁၉၈၈.၃၁ ကျပ်၊ ဒီဇယ် ၂၃၀၇.၂၁ ကျပ်၊ ပရီမီယံဒီဇယ်၂၃၃၁.၉၁ ကျပ် ဖြင့် ဖြန့်ဖြူးရန် ထုတ်ပြန်လာသောကြောင့် ဒေသအတွင်း စက်သုံးဆီဈေးနှုန်း လက်လီ ၁ လီတာလျှင် ကျပ် ၃၀ မှ ကျပ် ၅၀ အထိ ပြန်လည်ကျဆင်းသွားပြီး စက်သုံးဆီသုံးစွဲသူများအနေဖြင့် ပုံမှန်အတိုင်းရောင်းဝယ်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)

ဧည့်မထ စပါးဈေး / ဆန်ဈေးနှုန်း အနည်းငယ် မြင့်တက်လာ

       ကယားပြည်နယ် ဒေသထွက် ဧည့်မထ(မိုး) စပါးဈေးနှုန်းမှာ တင်း (၁၀၀)လျှင် ကျပ် (၇၅၀၀၀၀)ဖြင့် ဧပြီလ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ၊ ဧပြီလ ဒုတိယပတ်တွင် ဧည့်မထ (မိုး)တင်း (၁၀၀)လျှင်ကျပ် (၇၂၉၀၀၀)ဖြစ်ရာ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်လျှင် စပါး တင်း(၁၀၀) (၂၁၀၀၀) ကျပ်ခန့်မြင့်တက်လာကြောင်း၊ ဧပြီလ ဒုတိယပတ် ဒေသထွက် (ဧည့်မထ) ဆန် တစ်အိတ် ဈေးနှုန်း မှာ(၃၇၀၀၀)ကျပ်၊ ဧပြီလ တတိယပတ် (ဧည့်မထ) ဆန်တအိတ်မှာ (၄၀၀၀၀)ကျပ် ဈေးနှုန်းပေါက်လျက်ရှိရာ ယခင်ပတ်နှင့်ယခုပတ် နှိုင်းယှဉ်လျှင်ဆန်တအိတ် (၃၀၀၀) ကျပ် ဆန် ဈေးနှုန်းမှာမြင့် တက်လာကြောင်း တွေ့ရှိရပြီး စပါးဈေး/ဆန် ဈေးနှုန်းမြင့်တက်ရခြင်းမှာ အခြားမြို့များမှ ဆန်စီးဝင်မှုလျော့နည်းလာ၍ ဒေသဆန်များစားသုံးမှုများလာသောကြောင့် ဈေးနှုန်း အနည်းငယ် မြင့်တက်လာခြင်းဖြစ်သည်ဟု ဆန်စက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

“ နေကြာသီးနှံ တိုးချဲ့ စိုက်ပျိုးခြင်းဖြင့် စားသုံးဆီ ဖူလုံရေးဆောင်ရွက်ကြပါစို့”

             မြန်မာတို့သည် ဆီကိုလိုအပ်သည်ထက် ပိုမိုထည့်သွင်းစားသုံးတတ်သည့် လူမျိုးဖြစ်သည့်အလျောက် မြန်မာနိုင်ငံမှာ ဆီစားသုံးမှု မြင့်မားသော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါသည်။ ထိုသို့သုံးစွဲမှု ပမာဏကို ဖြည့်တင်းနိုင်ရန်အတွက် ပြည်တွင်းဆီ ထုတ်လုပ်မှု သာမက ပြည်ပမှ ဆီအမျိုးမျိုးကို နှစ်စဉ်ဆီတန်ချိန် ကိုးသိန်းခန့်တင်သွင်းနေရပါသည်။ ယခုအခါတွင် ကမ္ဘာ့စီးပွားရေး ဂယက် ရိုက်ခတ် မှုများကြောင့် ပြည်ပမှတင်သွင်းသည့် စားသုံးဆီကို မှီခိုအားထားရခြင်း ၊  စျေးနှုန်းများ မြင့်မားခြင်း ၊ ထိုဖြစ်ရပ်များကို ကာကွယ်ပေးနိုင်ရန်အတွက် ပြည်တွင်း၌ စျေးနှုန်းသက်သက်သာသာဖြင့် စားသုံးဆီထုတ်လုပ်နိုင်ရန် လိုအပ်လျှက်ရှိပါသည်။

          မြန်မာနိုင်ငံတွင် စားသုံးဆီ ( ဆီအုန်း ၊ မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ပဲပုတ် )စသော ဆီအမျိုးမျိုးကို ထုတ်လုပ် နိုင်သော်လည်း နေကြာဆီသည် အခြားသော ဆီအမျိုးအစားများထက် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာသော ဆီအမျိုးအစားတစ်မျိုးဖြစ်ပါသည်။ နေကြာသီးနှံသည် ပြည်တွင်း စားသုံးမှု ဖူလှုံရန်အတွက် တိုးချဲ့လုပ်ဆောင်သင့်သော သီးနှံအမျိုးအစား တစ်မျိုးဖြစ်ပြီး ပြည်ပမှ စားသုံးဆီ တင်သွင်းမှုကို လျော့ချပေးနိုင်သော အစားထိုးကုန်စည်တစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံ၏ နိုင်ငံခြားငွေ ယိုစိမ့်မှုအား ကာကွယ်ရန်အတွက် နေကြာသီးနှံအား တိုးချဲ့စိုက်ပျိုးကြစေရေး တိုက်တွန်းတင်ပြရခြင်း ဖြစ်ပါသည်။

ပဲခူးတိုင်း၏ နေကြာသီးနှံစိုက်ပျိုးထွက်ရှိမှုနှင့် တိုးချဲ့ထုတ်လုပ်မှုအခြေအနေ

          ပြည်တွင်း၌ စားသုံးဆီဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေရေးတို့အတွက် ဆီထွက်သီးနှံ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပဲခူးတိုင်းဒေသကြီးအတွင်း စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း နေကြာသီးနှံကို သီးသန့်သီးညှပ်အဖြစ် စိုက်ပျိုးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဆောင်းသီးနှံနေကြာ (၄၅၈) ဧကစိုက်ပျိုးပြီး အထွက်နှုန်း (၁၇.၆၀) တင်းနှုန်းဖြင့် (၆၄၁၁)တင်း ထွက်ရှိခဲ့ပြီး ၊ ယခုနှစ် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းသီးနှံနေကြာကို (၅၈၅၀) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းပြီးဖြစ်၍ ခန့်မှန်းအထွက်နှုန်း (၁၅.၁၉) တင်းဖြင့် (၅၅၀၄၈)တင်း ခန့်မှန်းထွက်ရှိသည့်စာရင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပဲခူးတိုင်းဒေသကြီး အနေဖြင့် မိုးဆောင်း နေကြာသီးနှံကို (၈၅၅၈၄) ဧကစိုက်ပျိုးရန် ခရိုင်အလိုက် လျာထားချက် အခြေအနေအား အောက်ပါ အတိုင်း တွေ့မြင်နိုင်ပါသည် -

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ နေကြာ(ဆောင်း) စိုက်ပျိုးထွက်ရှိမှုအခြေအနေ

ပဲခူးတိုင်းဒေသကြီး

စဉ်

ခရိုင်

စိုက်ဧက

ရိတ်ဧက

အထွက်နှုန်း
(တင်း)

အထွက်
(တင်း)

ညီမျှအထွက်
(တန်)

ပဲခူး

၂၀၀၆

၁၀၈

၁၅.၄၃

၁၆၆၇

၂၄.၅၀

တောင်ငူ

၁၇၆၃

၁၇၅၇

၁၃.၂၃

၂၃၂၄၈

၃၄၁.၆၈

ပြည်

၄၅၉

၃၉၂

၁၇.၉၁

၇၀၂၂

၁၀၃.၂၀

သာယာဝတီ

၁၆၂၂

၁၃၆၇

၁၆.၉

၂၃၁၁၁

၃၃၉.၆၇

 

စုစုပေါင်း

၅၈၅၀

၃၆၂၄

၁၅.၁၉

၅၅၀၄၈

၈၀၉.၀၅

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နေကြာစိုက်ပျိုးရန် လျာထားချက်စာရင်း

ပဲခူးတိုင်းဒေသကြီး

စဉ်

ခရိုင်

ဆောင်းစိုက်ဧက

စုစုပေါင်းစိုက်ဧက

သီးသန့်

သီးညှပ်

စုစုပေါင်း

သီးသန့်

သီးညှပ်

စုစုပေါင်း

ပဲခူးခရိုင်

၂၈၀၈

၁၀၆၃၀

၁၃၄၃၈

၂၈၀၈

၁၀၆၃၀

၁၃၄၃၈

တောင်ငူခရိုင်

၆၇၀

၂၂၉၈၀

၂၃၆၅၀

၆၇၀

၂၂၉၈၀

၂၃၆၅၀

ပြည်ခရိုင်

၁၆၃၉

၁၀၁၁၀

၁၁၇၄၉

၁၆၃၉

၁၀၁၁၀

၁၁၇၄၉

သာယာဝတီခရိုင်

၂၄၉၆

၃၄၂၅၁

၃၆၇၄၇

၂၄၉၆

၃၄၂၅၁

၃၆၇၄၇

 

စုစုပေါင်း

၇၆၁၃

၇၇၉၇၁

၈၅၅၈၄

၇၆၁၃

၇၇၉၇၁

၈၅၅၈၄

                         

 

နေကြာစိုက် တောင်သူများ၏ တစ်ဧကအပေါ် ရရှိနေသည့် အကျိုးအမြတ်

နေကြာကို ဧကလိုက်စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက တစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် (၃၄၉၂၀၀) ကျပ်ခန့်ရှိပြီး ၊ အထွက်နှုန်းအနေဖြင့် လက်ရှိမြေပြင်အမှန် ထွက်ရှိမှု အခြေအနေအရ တစ်ဧကလျှင် (၁၇)တင်း ခန့်သာထွက်ရှိပါသဖြင့် တစ်ဧကစိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ် အသေးစိတ် မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

(၁)

စိုက်ခင်း‌မြေပြုပြင်ခြင်း

 

၆၅၀၀၀

(၂)

စိုက်ပျိုးခြင်းနှင့်ပြုပြင်ခြင်း

၈၅၀၀၀

(၃)

ရိတ်သိမ်းသယ်ယူချွေလှေ့ခြင်း

၁၁၄၀၀၀

(၄)

သွင်းအားစု

 

၈၅၂၀၀

(၅)

စုစုပေါင်းကုန်ကျစရိတ်

 

၃၄၉၂၀၀

(၆)

တစ်ဧကပျှမ်းမျှအထွက်တင်း

၁၇

(၇)

တစ်တင်းရောင်းစျေး

 

၂၅၀၀၀

(၈)

တစ်ဧကဝင်ငွေ

 

၄၂၅၀၀၀

(၉)

တစ်ဧကအကျိုးအမြတ်

 

၇၅၈၀၀

(၁၀)

တစ်ဧကအကျိုးအမြတ်ရာခိုင်နှုန်း

၂၁.၇၀%

 

နေကြာစျေးကွက် အခြေအနေ

       နေကြာစိုက် တောင်သူများအနေဖြင့် ထွက်ရှိလာသော နေကြာစေ့များကို နီးစပ်ရာပွဲရုံသို့လည်းကောင်း ၊ ဆီစက်များ၌လည်းကောင်း ၊ တိုက်ရိုက်ရောင်းချခြင်း ၊ ဆီစက်များတွင် အခကြေးငွေပေး၍ ဆီကြိတ်ခွဲထုတ်လုပ်၍ ဆီအဖြစ် ရောင်းချခြင်းများရှိခဲ့ကြပါသည်။ ပဲခူးတိုင်းဒေသကြီးအနေဖြင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် နေကြာဆီ ကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်မှာ (၁၀)စုနှစ် တစ်စုကျော်ပြီဖြစ်ပြီး နောက်ပိုင်းတွင် ပြည်ပမှ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် တင်သွင်းလာပြီး အဆိုပါ နေကြာဆီကို စားသုံးမှုလျော့နည်း လာသည်နှင့်အညီ နေကြာစိုက်ပျိုး ထုတ်လုပ်သူ၊ နေကြာဆီကြတ်ခွဲ ထုတ်လုပ်သူများ   မရှိသလောက်နည်းပါးသွားကြောင်း လေ့လာသိရှိ ရပါသည်။ ယခုနှစ်ပိုင်းမှသာ  ပြည်ပမှ တင်သွင်းသည့်   စားအုန်းဆီများ   ဈေးနှုန်းကြီးမြင့်လာသဖြင့်   မြေပဲ၊  နှမ်း  အပါအဝင် နေကြာဆီ ကြိတ်ခွဲမှု အနည်းငယ်တိုးလာကြောင်း သိရှိရပါသည်။

နေကြာဆီ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ

       ပဲခူးတိုင်းဒေသကြီးအတွင်း တောင်ငူခရိုင်တွင်  တောင်သူများ သီးညှပ်စိုက်ပျိုးထွက်ရှိသော နေကြာ သီးနှံများကို ဆီစက်များတွင် နဝလီကြိတ်ခွဲခြင်းသာရှိပြီး ၊ ပြည်ခရိုင်တွင် ပြည်မြို့ရှိ ဒေါ်လာဆီစက်ဖြင့် နေကြာဆီအနည်းငယ်ကြိတ်ခွဲထုတ်လုပ်မှုရှိပြီး ကုန်ကြမ်းနေကြာကို အခြားပြည်နယ်/တိုင်းများမှ ဝယ်ယူရရှိ၍ စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၂၅၀၀၀)ကျပ် ဝယ်ယူကြိတ်ခွဲရပါသည်။ နေကြာဆီ ကြိတ်ခွဲထုတ်လုပ်ပါက ခြောက်သွေ့သောနေကြာစေ့ကို ဆီကြိတ်စက်တွင် ပဲဆီ ၊ နှမ်းဆီကြိတ်သကဲ့သို့ ကြိတ်ခွဲထုတ်လုပ်ပြီး နေကြာတစ်တင်းလျှင် ပိဿာချိန်အနေဖြင့် (၉) ပိဿာရှိ၍ ဆီကြိတ်ထွက်နှုန်း အနေဖြင့် နေကြာတစ်ပိသာလျှင် ဆီ (၃)ပိဿာခန့်ထွက်ရှိပြီး နေကြာကြိတ်ဖတ်အနေဖြင့် (၅)ပိဿာ ကျော်ခန့် ထွက်ရှိသဖြင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် နေကြာဆီ ကြိတ်ခွဲထုတ်လုပ်နိုင်မှု အခြေအနေအား အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်-

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ နေကြာဆီ ကြိတ်ခွဲနိုင်မှုအခြေအနေ

ပဲခူးတိုင်းဒေသကြီး

စဉ်

လအမည်

ကုန်ကြမ်းသုံးစွဲမှု
အခြေအနေ

ကြိတ်ခွဲထုတ်လုပ်မှု
အခြေအနေ
(ဆီပိဿာ)

ဈေးကွက်အတွင်း နေကြာဆီဖြန့်ဖြူး ရောင်းချမှု အခြေအနေ

ဇန်နဝါရီ

၃၂၀၀

၈၁၅၀

ဒေသတွင်းထွက်ရှိမှုနှင့်နေကြာစိုက်ပျိုးသည့်အခြားတိုင်း/ပြည်နယ်များမှဝယ်ယူရရှိသည့်

ဖေဖော်ဝါရီ

၇၉၀၀

၁၉၉၀၀

ကုန်ကြမ်းများဖြစ်ပါသည်။

မတ်

၆၈၀၀

၁၇၁၅၀

နေကြာဆီများကို ဒေသတွင်းသာ ရောင်းချရပြီး စားသုံးသူ ကြိုက်နှစ်သက်မှုနည်းပါးပါသည်။

ဧပြီ

၂၇၀၀

၆၉၀၀

ကုန်ကြမ်း ၁ တင်း = ၂၅၀၀၀ ကျပ်

မေ

၃၀၀

၉၀၀

ဆီ ၁ ပိဿာ          = ၉၀၀၀ ကျပ်

ဇွန်

၃၀၀

၉၀၀

 

ဇူလိုင်

၃၀၀

၉၀၀

 

ဩဂုတ်

၃၀၀

၉၀၀

 

စက်တင်ဘာ

၃၀၀

၉၀၀

 

၁၀

အောက်တိုဘာ

၃၀၀

၉၀၀

 

၁၁

နိုဝင်ဘာ

၃၀၀

၉၀၀

 

၁၂

ဒီဇင်ဘာ

၃၀၀

၉၀၀

 

 

စုစုပေါင်း

၂၃၀၀၀

၅၉၃၀၀

 

နေကြာဆီ စျေးနှုန်း ၊ စျေးကွက် အခြေအနေ

       ပဲခူးတိုင်းဒေသကြီးအတွင်း ကြိတ်ခွဲထွက်ရှိသော နေကြာဆီတစ်ပိဿာလျှင် လတ်တလောအနေဖြင့် (၈၅၀၀)နှင့် (၉၀၀၀)ကျပ်အကြား ရောင်းချလျှက်ရှိပြီး ယခုစျေးကွက်တွင် ဖြန့်ဖြူး‌ရောင်းချသော နေကြာဆီများမှာ ပြည်ပမှ တင်သွင်းသည့် ကုမ္ပဏီများထံမှ တိုက်ရိုက်ရောင်းချခြင်းဖြစ်သည့်အတွက် စျေးနှုန်းအနေဖြင့် (၉၀၀၀)နှင့် (၉၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ စျေးကွက်အနေဖြင့် ကြိုက်နှစ်သက်မှု နည်းပါးသည့်အတွက် အနည်းငယ်သာ အ‌ရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။ နေကြာဆီသည် ပဲဆီ ၊ နှမ်းဆီနှင့် ယှဉ်ပါက အနံ့ပျင်းခြင်း၊ စားသုံးရာတွင် အာခေါင် (လည်ချောင်း) ရှခြင်းကြောင့် စားသုံးသူ ကြိုက်နှစ်သက်မှု နည်းပါးပါသည်။

ဆီစက်များ တည်ရှိမှုအခြေအနေ

      ပဲခူးတိုင်းဒေသကြီးအတွင်း ဆီစက်ပေါင်း ၁၉၇စက်ခန့်ရှိသည့် အနက် ၅၄ %မှာ အငယ်စားဖြစ်ပြီး ၃၂ % မှာအလတ်စားဖြစ်၍ ၁၃ % လောက်သာအကြီးစား ဆီစက်များဖြစ်ပါသည်။ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် ပြည်တွင်းဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်လည်း အလွန်အရေးကြီး၍ ဆောင်ရွက်သင့်ပါသည်။ လက်ရှိ ကြိတ်ခွဲထုတ်လုပ်သော နေကြာဆီမှာလည်း နေကြာစေ့မှ တိုက်ရိုက် ကြိတ်ခွဲရရှိသည့်အဆင့်သာ   ရှိပြီး   အနံ့အသက်မရှိခြင်းဖြင့်    အရောင်ချွတ်ခြင်းအဆင့်အထိ သန့်စင်ခြင်း (Refine) အဆင့်အထိ ဆောင်ရွက်နိုင်မှု နည်းပါးသေးကြောင်း သိရှိရပါသည်။ နေကြာဆီကြိတ်ခွဲ ထုတ်လုပ်ရန်အတွက် အဓိက ကြုံတွေ့နေရသော ပြဿနာရပ်များတွင်  ဆီစက်များလည်ပတ်ရန်အတွက် ကုန်ကြမ်းအလုံအလောက်မရရှိသည့်အတွက် တစ်နှစ်ပတ်လုံး မလည်ပတ်နိုင်ခြင်း ၊ ဆီကြိတ်ခွဲရာတွင် ဆီထွက်မှုပမာဏနှင့် အရည်အသွေးနိမ့်ပါးခြင်းတို့ဖြစ်ပြီး ဆီစက်များ များများကြိတ်ခွဲနိုင်ရန်အတွက် မျိုးကောင်းမျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး၍ စျေးကွက်နှင့်ကိုက်ညီသောမျိုးများကိုသာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်လုပ်ပေးသင့်ပါ ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက စက်မှု မှတ်ပုံတင်ထားသော ဆီစက်စာရင်းအား အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်-

 

ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ပုဂ္ဂလိက စက်မှုမှတ်ပုံတင်ထားသော ဆီစက်စာရင်း

ပဲခူးတိုင်းဒေသကြီး

စဉ်

ခရိုင်

လုပ်ငန်းအရွယ်အစား

တစ်နှစ်ထုတ်လုပ်မှု (ပိဿာ)

ကြီး

လတ်

ငယ်

စုစုပေါင်း

ပဲဆီ

နှမ်းဆီ

နေကြာဆီ

စုစုပေါင်း

ပဲခူးခရိုင်

၁၈

၂၁

၄၆

၃၇၅၆၇၀

 

 

၃၇၅၆၇၀

တောင်ငူခရိုင်

၁၄

၂၂

၃၈

၆၄၄၀၀

၂၂၃၁၀

 

၈၆၇၁၀

ပြည်ခရိုင်

၂၀

၂၈

၉၃၄၀၀

၁၀၅၀၀

၁၂၀၀၀

၁၁၅၉၀၀

သာယာဝတီခရိုင်

၁၅

၂၆

၄၄

၈၅

၃၃၆၈၀၀

၁၄၉၃၅၀

 

၄၈၆၁၅၀

 

စုစုပေါင်း

၂၆

၆၄

၁၀၇

၁၉၇

၈၇၀၂၇၀

၁၈၂၁၆၀

၁၂၀၀၀

၁၀၆၄၄၃၀

သုံးသပ်တွေ့ရှိချက်များ

      လက်ရှိ နေကြာစေ့ တစ်ပိဿာပေါက်စျေး (၂၅၀၀၀)ကျပ်ဖြစ်နေ၍ ဆီတစ်ပိဿာထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနေခြင်းကြောင့် တစ်ဧကထုတ်လုပ်မှု အကျိုးအမြတ်ရရှိရေးနှင့် တစ်တင်းထုတ်လုပ်မှုစရိတ် လျော့ချနိုင်‌ရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် နေကြာမျိုးစေ့များကို နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးထုတ်လုပ်သင့်ပြီး ဆီစက်များအား အရည်အသွေးကောင်းပြီး သန့်စက်ပြီး ( Refine ) စက်များ တပ်ဆင်အသုံးပြုနိုင်‌ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ ပံ့ပိုးကူညီနိုင်မည်ဆိုပါက ပြည်တွင်းနေကြာဆီ အရည်အသွေးကို မြှင့်တင်ရာရောက်ပြီး ပြည်တွင်းတောင်သူများနှင့် ပြည်တွင်းဆီစက်ပိုင်ရှင်များအား ရေရှည်အကျိုးစီးပွား ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်အများစုမှာ အသေးစားလုပ်ငန်းများဖြစ်နေပြီး  ရင်းနှီးမြုပ်နှံမှု တန်ဖိုးကြီးမားသော်လည်း ကျွမ်းကျင်လုပ်သားများ ရရှိရန်ခက်ခဲခြင်းကြောင့် ဆီစက်များ၏ လည်ပတ်နိုင်မှု အင်အားကို အပြည့်အဝအသုံးမချနိုင်ခြင်း၊ ဆီစက်ပိုင်ရှင်များမှာ လုပ်ငန်းများကို မချဲ့ထွင်သည့်အ ခြေအနေများကြောင့် လုံလုံလောက်လောက်မထုတ်လုပ်နိုင်ဘဲ ပြည်ပမှ စျေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူစားသုံးနေရခြင်းဖြစ်သည့်အတွက် နေကြာမျိုးစေ့များအား စနစ်တကျစိုက်ပျိုးပြီး စားသုံးဆီကြိတ်ခွဲစက်များ ပုံမှန်လည်ပတ်နိုင်ပါက ဒေသတွင်းရှိ အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးမြှင့်ရရှိမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

                                               

ဒိုက်ဦးမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် ဓာတ်မြေသြဇာများ ရောင်းချပေးနေ

            ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် စိုက်ပျိုးရေးဆိုင်ရာ အခြေပြုလူထုလေ့လာစခန်း (ACLC) သိုလှောင်ရုံ၌ (၆.၄.၂၀၂၂) ရက်နေ့တွင် နွေစပါးစိုက်တောင်သူများကို ဈေးကွက်အတွင်း တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ နှုန်းခန့် ပေါက်ဈေးရှိသည့် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းထုတ် MPE ယူရီးယား ဓာတ်မြေသြဇာများကို တစ်အိတ်လျှင် ကျပ် ၃၂၅၀၀ နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ‌ ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။ ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ နွေစပါးစိုက်ဧက ၂၀၆၆ ဧက အတွတ် ၂ ဧကလျှင် တစ်အိတ်နှုန်းဖြင့် ဓာတ်မြေသြဇာ ၁၀၃၃ အိတ်အား ကျေးရွာအုပ်စု ၁၉ အုပ်စုအတွက် ရောင်းချပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဝန်ထမ်းများ လာရောက်ကြီးကြပ်၍ စားသုံးသူရေးရာဦးစီးဌာန ဒိုက်ဦးမြို့နယ်တာဝန်ခံမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကရင်ပြည်နယ်တွင် ဆီထွက်သီးနှံ နေကြာ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး လျာထားချက်များ ချမှတ်ဆောင်ရွက်လျက်ရှိ

              နိုင်ငံခြားသုံးငွေ လျော့ကျစေရေးနှင့် စားသုံးဆီပြည်တွင်းစားသုံးဖူလုံစေရေးအတွက် ကရင်ပြည်နယ်တွင် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးလျာထားချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

            စိုက်ပျိုးရေးဦးစီးဌာန၏ ယခင် ၆ နှစ်တာ ကာလအတွင်း စာရင်းများအရ ကရင်ပြည်နယ်တွင် နေကြာ သီးနှံစိုက်ပျိုးမှုမှာ ၅၈၁ ဧက ရှိခဲ့ရာမှ  ယခုအခါ ၁၆၄ ဧကထိ လျော့ကျလာခဲ့သောကြောင့် ပြည်နယ် အတွင်းရှိ စိုက်ပျိုးနိုင်သော မြေလွတ်/မြေရိုင်း နှင့် ရေမနိုင်သော နေရာများသို့ ရေရရှိနိုင်ရေး စီမံဆောင်ရွက်ကာ သီးထပ်/ သီးညှပ် / တစ်အုပ်တစ်မ စိုက်ခင်းစနစ်များဖြင့်အနည်းဆုံး ဧက ၁၀၀၀ ထိ တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

            မြန်မာနိုင်ငံ တစ်ဝန်းတွင် ဆီထွက်သီးနှံ နေကြာကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ဧက ၅ သောင်းကျေုာ် စိုက်ပျိုးခဲ့ရာမှ နိုင်ငံခြားသုံးငွေ လျော့ကျစေရေးနှင့် စားသုံးဆီ ပြည်တွင်းစားသုံးမှုဖူလုံစေရေးအတွက် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် ဧက ၁.၅ သန်းထိ  တိုးချဲ့စိုက်ပျိုးနိုင်ရေးကို တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လျာထားချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA (ကရင်)

ဝဉများစမ်းသပ်စိုက်ပျိုးရန်စိတ်ဝင်စားလာ

            ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ရှိကျေးရွာအချို့တွင် ဝဉများ စမ်းသပ်စိုက်ပျိုးရန် စိတ်ဝင်စားလာကြပြီး ယခုနှစ်မိုးအကျတွင် စိုက်ပျိုးရန် မျိုးဉများ ဝယ်ယူထားရှိမှုများအား တွေ့ရှိရပါသည်။

           စိုက်ပျိုးရန်မျိုးဉများအား ဝယ်ယူပြင်ဆင်ထားသူ ဦးနိုင်လင်းထွန်းထံမှ ဝဉမျိုး ၁ပိဿာလျှင် ၁၅၀ဝိ/ ဖြင့် အောက်တိုဘာလလောက်တွင် ဝယ်ယူထားရှိပြီး ယခုကာလ (ဧပြီ)လတွင် မျိုးဉ တစ်ပိဿာစျေးနှုန်းမှာ (၃၅၀၀/) ကျပ်ပေါက်စျေးရှိပြီး ခြောက်သွေ့သော မျိုးဥများဖြစ်၍ အစို့ ၊ အညှောင့်များ ထွက်ရှိနေပါသည်။ မျိုးဥအလုံးများမှာ ၅ကျပ်သားမှ ၁၀ကျပ်သားခန့်ရှိ ဝဥမျိုးတွင် မျိုးဥနှင့် ရွက်သီးရှိိ၍ မြို့နယ် ၊ ဒေသအလိုက် မြေအနေအထားအရ ယခင်၂နှစ်ခန့်က စိုက်ပျိုးသူ (၂)ဦးထံမှ တစ်နှစ်လျှင် မျိုးဥစိုက်ပျိုးဖြစ်ထွန်းမှု ၅၀ ကျပ်သားမှ ၆၀ကျပ်သားအထိသာရှိပြီး ရွက်သီးများ အနည်းငယ်သီးလာကြောင်း ၊ စနစ်တကျစိုက်ပျိုးမှု ပုံစံမဟုတ်ဘဲ စပ်သပ်စိုက်ပျိုးမှုမှ ခြံဝန်းအတွင်း မြေလွတ်များ ၊ သစ်ပင်အရိပ်မြေအလွတ်များတွင် မျိုးဥ ၁၀ပိဿာခန့် စိုက်ပျိုးထားသော ၂နှစ်သားရှိ ဝဥများအား တွေ့ရှိရပြီး ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးရန် စိတ်ဝင်စားလာကြသူများမှ ပိဿာ၅၀ မှ ၁၀၀ ခန့်အထိ ဝယ်ယူထားပြီး ခြံမြေ ၊ မြေလွတ်များတွင် ဘောင်ဆွဲ၍ နည်းစနစ် ရှာဖွေစိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရသည်။

        ဝဥများ စမ်းသပ်စိုက်ပျိုးရာတွင် စျေးကွက်ရှိပြီး သွင်းအားစုနည်း၍ အမြတ်ရှိကြောင်း စျေးကွက်ရှိ ဝဥများရောင်းဝယ်နေသူ ဒေသခံကုန်သည်တစ်ဦးထံမှ သိရှိရ၍ စိုက်ပျိုးရန် တောင်သူ (၄)ဦးခန့်မှ မိုးဦးကျကာလအချိန်တွင် စိုက်ပျိုးရန်  ပြင်ဆင်ထားရှိိလျှက်ရှိပြီး ဝင်ငွေရ သီးနှံများကို လေ့လာရွေးချယ်၍ စိုက်ပျိုးလာကြသည့် အခြေအနေဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

        အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၆.၄.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၀.၄.၂၀၂၂) ရက်နေ့ အတွင်း နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းနက်(စမုံ)နှင့်ဘိုကိတ်ပြာတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲစဉ်းငုံ(နီ)  ယခင်အပတ်(၄၃၀၀ဝိ/-) ယခုအပတ်(၄၄၅၀ဝိ/-)ဖြစ်၍ (၁၅၀ဝိ/-) ဈေးမြင့်၊ မတ်ပဲ ယခင်အပတ် (၄၄၅၀ဝိ/-) ယခုအပတ်(၄၇၀၀ဝိ/-) (၂၅၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(HL) ယခင်အပတ် (၄၂၅၀ဝိ/-) ယခုအပတ်(၄၅၀၀ဝိ/-) (၂၅၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၃၅၀ဝိ/-) ယခုအပတ်(၄၆၀၀ဝိ/-) (၂၅၀ဝိ/-)ဈေးမြင့်၊ ပဲကြီး ယခင်အပတ်(၅၇၀၀ဝိ/-) ယခုအပတ် (၅၉၀ဝဝိ/-) (၂၀၀ဝိ/-)ဈေးမြင့်၊ မြေပဲလုံးဆံနီ(၁)ပိဿာ ယခင်အပတ်(၃၄၀ဝိ/-) ယခုအပတ်(၃၄၅ဝိ/-) (5ဝိ/-) ဈေးမြင့်၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၃၆၀ဝိ/-) ယခုအပတ်(၃၇၀ဝိ/-) (၁၀ဝိ/-)ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက်(စမုံ)(၄၅ပိဿာ) (၁၈၀)အိတ်၊ နှမ်းပြာ(၉၀)အိတ်၊ နှမ်းဖြူ(၅၅)အိတ်၊ နှမ်းနီ(၅၀)အိတ်၊ ပဲစဉ်းငုံ(နီ)(၁၅၀)အိတ်၊ မတ်ပဲ(၉၅)အိတ်၊ ကုလားပဲ(HL) (၃၂၀) အိတ်၊ ကုလားပဲ (မြကြေး)(၁၉၀)အိတ်၊ ဘိုကိတ်ပြာ(၆၀)အိတ်၊ ပဲကြီး(၂၈၀)အိတ်၊ မြေပဲလုံးဆံနီ (၁၇၀)အိတ်၊ မြေပဲလုံး ဆံဖြူ(၂၂၀)အိတ်တို့ ဖြစ်ပါသည်။

            ဝါသီးနှံမှာယခင်အပတ်(၁)ပိဿာ(၁၈၅ဝိ-၁၉၅ဝိ) ယခုအပတ်(၁၈၅ဝိ-၁၉၀ဝိ)(၅ဝိ/-) ဈေးလျော့ပြီး ပိဿာချိန်(၇၀၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်သည်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

ကျန်းမာရေးနှင့်ညီညွတ်သည့်ဆီလည်းထုတ်နိုင်၊ ပြည်တွင်းစားသုံးဆီဖူလုံရေးကိုလည်း အထောက်အကူပြုသည့် နေကြာ

           လူ့လောကတွင် စားရေး၊ ဝတ်ရေး၊ နေရေးသည် မရှိမဖြစ်သော အရာများဖြစပါသည်။ ၎င်းတို့အနက် စားရေးမှာ နေ့စဉ်စားသောက်နေရသဖြင့် အရေးကြီးဆုံးသောအရာဖြစ်ပါသည်။ စားရေးအတွက် ဆန်သည် မရှိမဖြစ် လိုအပ်သည့်အရာဖြစ်ပြီး စားသုံးဆီသည် ဒုတိယအရေးကြီးဆုံးဖြစ်သည်ဟု ဆိုရပါမည်။     ဆီစားသုံးရာတွင် ကျန်းမာရေးနှင့်ညီညွတ်စေရန် လူတစ်ဦးအတွက် တစ်နေ့လျှင် ၁.၈ ကျပ်သား၊ တစ်လလျှင် ၅၄ ကျပ်သားခန့်၊ တစ်နှစ်လျှင် ၆.၅ ပိဿာလိုအပ်ပါသည်။ လူတို့ စားသုံးလိုက်သော ဆီပမာဏသည် ကျန်းမာရေးနှင့်ညီညွတ်သည့်ပမာဏ ဖြစ်စေရန်လည်း လိုအပ်ပါသည်။

         စားသုံးဆီတွင် မပြည့်ဝဆီများ၊ ပြည့်ဝဆီများနှင့် အသွင်ပြောင်းဆီများဟူ၍ အမျိုးအစား (၃)မျိုးရှိပါသည်။ မပြည့်ဝဆီတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော အဆီများ ပါဝင်ပြီး ကျန်းမာရေးအတွက် သင့်တင်စွာစားသုံးသင့်သော ဆီများဖြစ်ပါသည်။ ပြည့်ဝဆီတွင် စားအုန်းဆီနှင့် တိရစ္ဆာန်မှရသောအဆီများ ပါဝင်ပြီး တတ်နိုင်သမျှ လျှော့ချစားသုံးသင့်သည့် ဆီများဖြစ်ပါသည်။ အသွင်ပြောင်းဆီသည် အသင့်စားအစားအစာများတွင် ပါဝင်သည့်ဆီများ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် စားသုံးဆီအမျိုးမျိုးကို သုံးစွဲလျက်ရှိသည့်အနက် အများဆုံးစားသုံးသည့် ဆီအမျိုးအစားမှာ ပြည့်ဝဆီတွင် ပါဝင်သည့်စားအုန်းဆီဖြစ်ပါသည်။

       မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံစိုက်ပျိုးမှုသည် စိုက်ဧက ၈.၁ သန်းကျော် (စုစုပေါင်း စိုက်ပျိုးဧရိယာ၏ ၁၆ ရာခိုင်နှုန်း)ရှိပြီး ပြည်တွင်းစိုက်ပျိုးသီးနှံများ အနက် တတိယအများဆုံး စိုက်ပျိုးသီးနှံဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ဆီထွက်သီးနှံများတွင် မြေပဲ၊ နှမ်း၊ နေကြာတို့သည် မိုးရော ဆောင်းပါ စိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံများဖြစ်သည်။ ၎င်းတို့အနက် မြေပဲသည် ထုတ်လုပ်မှုစရိတ် မြင့်မားသည်။ မျိုးစေ့မှမျိုး ပြန်လည်ရရှိသောအချိုးညံ့သည်။ နှမ်းသည် ထုတ်လုပ်မှုစရိတ်သက်သာသည်။ မျိုးစေ့မှ မျိုးစေ့ ပြန်လည်ရရှိသောအချိုး မညံ့ပါ။ နေကြာမှာမူ ထုတ်လုပ်မှုစရိတ်လည်း သက်သာသည်။ မျိုးစေ့မှမျိုးစေ့ ပြန်လည်ရရှိသောအချိုးမှာလည်း အထူး ကောင်းမွန်သည်။ ဘာပဲစိုက်စိုက် နေကြာညှပ်စိုက်ဆိုသကဲ့သို့ သီးသန့်၊ သီးထပ်၊ သီးညှပ်စိုက်ပျိုး နိုင်ပါသည်။ စိုက်ပျိုးထုတ်လုပ်မှု စရိတ်နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊ အထွက်နှုန်းကောင်းမွန် ခြင်းနှင့် ဆီထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် အထောက် အကူ ပြုနိုင်သည့် သီးနှံ ဖြစ်ပါသည်။

        နေကြာပင်ကို မြေသားနက်၍ မွပြီး မြေဆီအာဟာရ ထက်သန်သောမြေနှင့် နုန်းမြေတွင် စိုက်ပျိုးနိုင်ပါသည်။ ရေစိမ့်အားကောင်းပြီး ရေမ၀ပ်သော မြေဖြစ်ရမည်။ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေဆွေးတို့တွင် ကောင်းစွာဖြစ်ထွန်းပါသည်။ သဲမြေသန့်သန့်၊ ရွှံ့ဆွေးမြေနှင့် ကျောက်စရစ် မြေမျိုးတွင် မဖြစ်ထွန်းပါ။ မိုးခေါင်ခြင်းကိုခံနိုင်ပြီး မိုးများပြီး ရေဝပ်သည့်ဒဏ်ကို မခံနိုင်သဖြင့်  မိုးများသည့်ဒေသများတွင် မိုးနှောင်းနှင့် ဆောင်းဦးရာသီများတွင် စိုက်ပျိုးသင့်ပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်း၊ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်မြေနှင့် မြစ်ဝကျွန်းပေါ်ဒေသများပါမကျန် စိုက်ပျိုးနိုင်ပါသည်။

       နေကြာစိုက်ပျိုးရာတွင် မြေကို သုံးသွားလင်ဗန်းထယ်နှင့် ထိုးပေးပြီး ၁၆ သွား ထွန်နှင့် နှစ်စပ်သုံးစပ် မွှေပေးရပါမည်။ စိုက်ဘောင်များဖော်၍ မျိုးစေ့များကို မြေအနက် ၂ လက်မ အထက် ပို၍မနက်စေပဲ မျိုးစေ့ချပေးရပါမည်။ တစ်ကျင်းလျှင် အစေ့ လေးငါးစေ့ခန့်ချပေးပြီး လေးငါးရက်အတွင်း အပင်ပေါက်များထွက်လာပါမည်။ အပင်ပေါက်မှ အရွက်များထွက်လာသည့်အခါ အကောင်းဆုံးအပင်ကို ချန်ထားပြီး ကျန်အပင်တွေကို နှုတ်ပေးရပါမည်။ အပင်သက်တမ်းတစ်လျှောက် ရေလိုအပ်မှု မရှိစေရန်နှင့် ရေပေးသွင်းနိုင်ပါက အဖူး ၇၅ % ၀င်ချိန်နှင့် ပန်း ၇၅ % ၀င်ချိန် ရေပေးသွင်းရမည်ဖြစ်ပြီး ရေပေးသွင်းချိန်တွင် ရေမ၀ပ်စေရန် အရေးကြီးပါသည်။ အဖူးအကင်းများ စဝင်သည့် အပင်ရက် ၃၀ မှ ၄၀ တွင်း ပေါင်းလိုက်ခြင်း၊ ဘောင်တင်ခြင်းတို့ကို ပြုလုပ်ပေးပါမည်။

        သီးထပ်စိုက်ပျိုးခြင်းမှာ ပထမသီးနှံရိတ်သိမ်းအပြီးတွင် ဒုတိယသီးနှံကို အဆိုပါမြေကွက် ပေါ်တွင် စိုက်ပျိုးခြင်းဖြစ်ပါသည်။ မိုးသီးနှံများရိတ်သိမ်းပြီးချိန်တွင် မြေလပ်မထားဘဲ လက်ကျန် မြေတွင်းအစိုဓာတ်ကို အကျိုးရှိစွာ အသုံးချသောအားဖြင့်လည်းကောင်း၊ မိုးနှောင်းမိုးကို မျှော်ကိုး သော အနေဖြင့်လည်းကောင်း နေကြာသီးနှံကို စိုက်ပျိုးနိုင်ပါသည်။ သီးညှပ်စိုက်ပျိုးခြင်းမှာ နေကြာ ချည်း သီးသန့်စိုက်ပျိုးခြင်းမပြုဘဲ အခြားယာသီးနှံတစ်မျိုးမျိုးနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း စိုက်ပျိုးခြင်းမျိုးဖြစ်သည်။ သီးနှံနှစ်မျိုးလုံးကို ကြဲပက်ကာ သီးရောစိုက်ပျိုးနိုင်သည်။

          နေကြာအထွက်တိုးရန်အတွက် စိုက်ပျိုးသည့်မျိုးသည် မျိုးသန့်ဖြစ်ဖို့ လိုအပ်ပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြုဖေါ်ထုတ်ထားသည့် ရေဆင်းစပ်မျိုးနေကြာ-၁ နှင့် ဆင်းရွှေကြာ-၂ မျိုးတို့ကို စိုက်ပျိုးနိုင်ပါသည်။

           ရေဆင်းစပ်မျိုးနေကြာ-၁ သည် အသက်ရက်မှာ ၈၀ မှ ၈၅ ရက်နှင့် ရိတ်သိမ်းနိုင်ပါသည်။ အပင်အရပ်မှာ ၄ ပေမှ ၅ ပေခန့်ရရှိပြီး အပွင့်အချင်းမှာ ၅ လက်မမှ ၉ လက်မအထိဖြစ်ပါသည်။ တစ်ပွင့်ပါအောင်စေ့ ၅၀၀ မှ ၉၀၀ အထိရှိသည်။ မျိုးအောင်မြင်မှုရာခိုင်နှုန်း ၉၀ မှ ၉၅ ရာခိုင် နှုန်းဖြစ်သည်။ အစေ့တွင် ဆီပါဝင်မှုမှာ ၄၈ မှ ၅၁ ရာခိုင်နှုန်းဖြစ်ပြီး ဆီထွက်နိုင်မှုမှာ အစေ့တစ်တင်း မှ ဆီ ၄ ပိဿာမှ ၄.၅ ပိဿာ အထိထွက်နိုင်သည်။ ထူးခြားချက်မှာ အပင်ယိုင်လဲမှုဒဏ်နှင့် နေကြာရွက်ခြောက်ရောဂါဒဏ်ကို ခံနိုင်သည်။ နေရာဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ တစ်ဧကလျှင် ၅၅ တင်းမှ တင်း ၆၀ အထိထွက်ရှိနိုင်ကြောင်း သိရပါသည်။

          ဆင်းရွှေကြာ-၂ မျိုးသည် အသက် ၈၀ ရက် မှ ၈၅ ရက်ဖြင့် ရိတ်သိမ်းနိုင်သည်။ အပင် အမြင့်မှာ ၄ ပေ မှ ၄.၅ ပေဖြစ်သည်။ အပွင့်အချင်းမှာ ၅ လက်မမှ ၈ လက်မအထိရှိသည်။ အစေ့ တွင်ဆီပါဝင်မှုမှာ ၄၀ မှ ၅၀ ရာခိုင်နှုန်းဖြစ်သည်။ တစ်ဧကလျှင် နေကြာစေ့ တင်း ၃၀ မှ ၄၅ တင်း ထွက်နိုင်သည်။ ထူးခြားသည်မှာ ယိုင်လဲမှုဒဏ်ခံနိုင်ပြီး ရွက်ခြောက်ရောဂါဒဏ်ခံနိုင်ရည် ရှိကြောင်း သိရပါသည်။

           သရေစာအဖြစ် လူအများစု နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိသည့် နေကြာစေ့သည် အခြား သော သာမန်သရေစာများကဲ့သို့ မဟုတ်ဘဲ ခန္ဓာကိုယ် အလှအပအတွက်ရော ကျန်းမာရေး အတွက် ပါ အကျိုးပြုကြောင်း သိရှိရပါသည်။ လေ့လာချက်များအရ နေကြာစေ့သည် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ မကြာခဏ ဝမ်းချုပ်တတ်သူများအနေဖြင့် တနေ့လျှင် နေကြာစေ့ လက်တဆုပ်ခန့် ပုံမှန်စားသုံပေး ခြင်းက ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါသည်။ နေကြာစေ့တွင် ပါဝင်သော Vitamin-C၊ Vitamin-E နှင့် phytosterols ဓာတ်များသည် ခန္ဓာကိုယ်အတွက် မလိုအပ်သည့် ကိုလက်စထရောများကို လျော့ကျစေသောကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါအပြင် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေနှင့် လေဖြတ်နိုင်ခြေတို့ကို လျော့နည်းစေသည်။

            နေကြာစေ့တွင်ပါဝင်သော Amino acid, Magnesium နှင့် Calcium ဓာတ်များသည် အာရုံကြောစနစ်ကိုကောင်းမွန်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါ သည်။ နေကြာစေ့မှာပါဝင်သော သတ္တုဓာတ်များသည် ညဘက်တွင်နှစ်ခြိုက်စွာ အိပ်ပျော်စေပါသည်။ နေကြာစေ့တွင် သွေးတွင်းက မကောင်းသည့် ကိုလက်စထရောများကို လျော့ကျစေသည့် fatty acid ပါဝင်သဖြင့် ကိုယ်အလေးချိန်လျှော့ချနေသူများအတွက် အထူးသင့်တော်ပါသည်။ နေကြာစေ့တွင် ပါဝင်သည့် ဗီတာမင်နှင့် သတ္တုဓာတ်တွေများသည် အသားအရေပေါ်ရှိ ဆဲလ်များကို ဖယ်ရှားပေးနိုင် ပြီး အသားအရေကို ကြည်လင်ဝင်းပစေနိုင်ပါသည်။ နေကြာစေ့တွင် ပါဝင်သော ပရိုတင်းဓာတ်သည်လည်း ဆံသားကို အားဖြည့်ပေးနိုင်သောကြောင့် ဆံသားနှစ်ခွဖြစ်ခြင်းနှင့် ခြောက်သွေ့ကြမ်းတမ်းခြင်းများကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရပါသည်။

         နေကြာစေ့မှ ဆီကြိတ်ခွဲထွက်ရှိသည့် နေကြာဆီသည် မပြည့်ဝဆီအမျိုးအစားတွင် ပါဝင်ပါသဖြင့် လူတို့ကျန်းမာရေးအတွက် သင့်လျော်သော စားသုံးဆီတစ်မျိုးဖြစ်ပါသည်။ နေကြာစေ့သည် နေပူထဲတွင်နေရသော နေကြာပန်းပွင့်၏ အစေ့ဖြစ်သဖြင့် မှိုတက်နိုင်ချေ အလားအလာအလွန်နည်းပါသည်။ သို့ဖြစ်ပါ၍ နေကြာဆီသည် အာဖလာတောက်ဆင်မှိုဆိပ်အတွက် စိုးရိမ်စရာမလိုပါ။ နေကြာဆီတွင် Vitamin E နှင့် Vitamin K တို့ ကြွယ်ဝစွာပါရှိပါသည်။  နေကြာဆီတွင် ပါဝင်သည့် Fatty Acid မှာ စိုက်ပျိုးရန် အသုံးပြုသည့် နေကြာမျိုးစေ့၊ စိုက်ပျိုးသည့်နေရာဒေသ၊ ရာသီဥတု၊ ရိတ်သိမ်းသည့်အချိန်နှင့် ဆီထုတ်သည့်နည်းစနစ်တွေပေါ်မူတည်ပြီး ပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။

          နေကြာဆီသည် အရေပြားအစိုဓါတ်ကို ထိန်းသိမ်းပေးသဖြင့် အရေပြားမွဲခြောက်ခြောက် ဖြစ်နေသူများ နေကြာဆီကို ပုံမှန်စားသုံးပေးခြင်း သို့မဟုတ် အရေပြားပေါ်မှာ လိမ်းပေးခြင်းဖြင့်  အရေပြားကို စိုပြည်လှပစေပါသည်။ နေကြာဆီတွင် Vitamin E ကြွယ်ဝစွာပါရှိသဖြင့် နေရောင်ခြည်ကြောင့် အရေပြားအိုမင်းခြင်း၊ ပါးရေတွန့်ခြင်းများမှ ကာကွယ်ပေးပါသည်။ အရေပြားမှာဖြစ်တဲ့ တင်းတိပ်၊ မှဲ့ခြောက်၊ ဝက်ခြံတွေကို သက်သာပျောက်ကင်းစေပါသည်။ အရေပြားရောင်ရမ်းခြင်း၊ အရေပြားကြမ်းတမ်းခြင်း၊ အနာဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်တဲ့ သတ္တိရှိပါသည်။

          နေကြာဆီတွင် ပါဝင်သည့် Omega-6, Fatty Acid, Gamma-Linolenic နှင့် Acid Alpha-Linolenic တို့သည် ဆံပင်ကို နူးညံ့ပျော့ပျောင်းစေခြင်း၊ ဆံပင်ပေါက်နှုန်းမြန်စေခြင်း၊ ဆံပင်ကျွတ်ခြင်းကို သက်သာစေခြင်း  စသည့်အကျိုးကျေးဇူးတွေကို ရရှိစေပါသဖြင့် ဆံပင်မွဲခြောက်ခြောက်ဖြစ်နေသူများ၊ ကြွပ်ဆတ်သူများနှင့် ဆံပင်ကျွတ်သူများအနေဖြင့် နေကြာဆီအခြေခံသည့် လိမ်းဆေးတွေကို အသုံးပြုနိုင်သည်။

         နေကြာဆီတွင် ပါဝင်သော မပြည့်ဝဆီများသည် HDL ခေါ် ကောင်းသောအဆီများကို များပြားစေသောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါများကို ကာကွယ်ပေးပါသည်။ Vitamin E များကလည်း နှလုံး၏လုပ်ငန်းဆောင်တာများ ကောင်းမွန်စေရန် ကူညီပေးပါသည်။ အထူးသဖြင့် Omega-9 ဖြစ်သည့် Oleic Acid ကြွယ်ဝစွာ ပါဝင်သည့် နေကြာဆီ သည် နှလုံးနဲ့သွေးကြော ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ကြောင်း သိရှိရပါသည်။

       နေကြာဆီတွင် အခြားမိုက်ခရို အာဟာရဓာတ်များလည်း ကြွယ်ဝစွာပါဝင်နေသဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါသည်။ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့နည်းစေပါသည်။ အစာချေဖျက်မှုစနစ်ကို ကောင်းစေသဖြင့် အာဟာရဓာတ်များ ပိုမိုစုပ်ယူနိုင်စေရန် အားပေးပါသည်။ ဆီတွင်ပျော်ဝင်သည့် ဗီတာမင်များဖြစ်သည့် Vitamin A၊ Vitamin D၊ Vitamin E နှင့် Vitamin K များ၏ စုပ်ယူမှုကို အားပေးသဖြင့် ခုခံအားစနစ် တိုးတက်စေရန် အထောက်အကူပြုပါသည်။

      နေကြာဆီကို စားသုံးဆီအဖြစ် အသုံးပြုသကဲ့သို့ အလှကုန်ပစ္စည်းများတွင်လည်း အသုံးပြုကြောင်း သိရပါသည်။ နေကြာကြိတ်ဖတ်ကို တိရစ္ဆာန်အစာ အဖြစ်လည်းကောင်း၊ Organic စိုက်ပျိုးရေးသုံး မြေဩဇာအဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။ နေကြာပင်၏ ပင်စည်တွင် Potassium နှင့် Phosphorus များ ပါဝင်နေသဖြင့် ဓါတ်မြေဩဇာအဖြစ် ထုတ်လုပ်နိုင်ကြောင်း၊ ခြောက်သွေ့သော နေကြာပင်၏ ပင်စည်များမှ လောင်စာဆီထုတ်ယူနိုင်ကြောင်းလည်း သိရပါသည်။

       တောင်သူဦးကြီးများအနေဖြင့် မိမိတို့နိုင်ငံ၏ ရာသီဥတု ရေမြေသဘာဝနှင့် အထူးသင့်လျော်ပြီး စိုက်ပျိုးရန်လည်း လွယ်ကူသည့် နေကြာကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်တွင်း စားသုံးဆီဖူလုံမှုကို အထောက်အကူပြုစေမည့်အပြင် ကျန်းမာရေးနှင့် သင့်လျော်သည့် စားသုံးဆီကိုလည်း အလွယ်တကူ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများ စားသုံးနိုင်ရေးအတွက် နေကြာစိုက်ပျိုးရေးကို တိုးချဲ့ ဆောင်ရွက်နိုင်ကြပါရန် တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

                                               

(၂၅.၃.၂၀၂၂)ရက်နေ့မှ (၁.၅.၂၀၂၂) ရက်နေ့အထိ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အပတ်စဉ် ရည်ညွှန်းဈေးနှုန်းသတင်း

စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ  (၂၅.၃.၂၀၂၂)ရက်နေ့မှ (၁.၅.၂၀၂၂) ရက်နေ့အထိ အပတ်စဉ် ရည်ညွှန်းဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

တောင်ထန်းများ ဈေးကောင်းရရှိ

                   ဘီးလင်းမြို့နယ်ဒေသထွက်တောင်ထန်းများကို နေ့စဉ် ပဲခူးတိုင်းဒေသကြီးဘက်သို့တင်ပို့ရောင်းချ လျှက်ရှိရာ ယခုနှစ်ရာသီတွင် ယခင်နှစ်ထက်ဈေးနှုန်း ပိုမိုရရှိလာကြောင်းသိရှိရပါသည်။ တောင်ထန်းကို အိမ်ခေါင်မိုး မိုးရန်နှင့် လယ်တဲများအမိုးပြုလုပ်ရန်အသုံးပြုလျှက်ရှိပါသည်။ ယခင်နှစ် တောင်ထန်းရာသီ ထွက်ရှိချိန် ဖေဖော်ဝါရီ၊မတ်လ များတွင် တောင်ထန်းဈေးနှုန်းမှာ ကဒ်(၁၀၀)လျှင် ၆၅၀၀ကျပ်မှ ၇၀၀၀ ထိဈေးရရှိ၍ မိုးရာသီရောက်ရှိခါနီးအချိန်တွင် ဈေးအမြင့်ဆုံးရရှိတတ်ပြီး  ဧပြီလတွင်  တောင်ထန်း ကဒ်(၁၀၀)လျှင် ၁၀၀၀၀ ကျပ်ထိဈေးနှုန်းရရှိခဲ့ပါသည်။ ယခုနှစ် တောင်ထန်းရာသီ ထွက်ရှိချိန် ဖေဖော်ဝါရီ၊မတ်လ များတွင် တောင်ထန်းဈေးနှုန်းမှာ ကဒ်(၁၀၀)လျှင် ၈၀၀၀ကျပ်မှ ၉၀၀၀ထိ ဈေးရရှိကာ မိုးရာသီဈေးအမြင့်ဆုံး ရရှိချိန်ဧပြီလတွင်  တောင်ထန်း ကဒ် (၁၀၀)လျှင် ၂၀၀၀၀ ကျပ်ထိ‌  အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း