ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

          မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(21.4.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(27.၄.၂၀၂၂) ရက်နေ့အတွင်း နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းနက်(စမုံ)တို့မှာ ယခင်အပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ နှမ်းပြာ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ်(၁၅၅၀၀ဝိ/-) ယခုအပတ်(၁၆၀၀၀ဝိ/-)ဖြစ်၍ ကျပ် (၅၀၀ဝိ/-) ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)  ယခင်အပတ်(၄၄၅၀ဝိ/-) ယခုအပတ်(၄၂၀၀ဝိ/-) ဖြစ်၍ ကျပ် (၂၅၀ဝိ/-) ဈေးနှုန်းလျော့ကျခဲ့ကြောင်း၊ ကုလားပဲ(HL) ယခင်အပတ် (၄၅၀၀ဝိ/-) ယခုအပတ်(၄၄၅၀ဝိ/-) (၅၀ဝိ/-)ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၆၀၀ဝိ/-) ယခုအပတ်(၄၄၈၀ဝိ/-) (၁၂၀ဝိ/-)ဈေးလျော့ကျခဲ့ကြောင်း၊ ပဲကြီး ယခင်အပတ်(၅၉၀၀ဝိ/-) ယခုအပတ်(၆၃၀ဝဝိ/-) (၄၀၀ဝိ/-) ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံနီ(၁)ပိဿာ ယခင်အပတ်(၃၄၅ဝိ/-) ယခုအပတ်(၃၇၅ဝိ/-) (၃၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၃၇၀ဝိ/-) ယခုအပတ်(၃၉၅ဝိ/-)(၂၅ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ဘိုကိတ်ပြာမှာ ယခင်အပတ်ဈေးနှုန်း အတိုင်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းပြာ(၁၆၀)အိတ်၊ နှမ်းနက်(၃၂၀)အိတ်၊ နှမ်းဖြူ(၉၀)အိတ်၊ နှမ်းနီ(၉၀)အိတ်၊ ပဲစဉ်းငုံ(နီ)(၃၆၀)အိတ်၊ ကုလားပဲ(HL)(၁၃၅၀)အိတ်၊ ကုလားပဲ (မြကြေး)(၉၅၀)အိတ်၊ ဘိုကိတ်ပြာ(၁၂၀)အိတ်၊ ပဲကြီး(၅၅၀)အိတ်၊ မြေပဲလုံးဆံနီ (၇၅၀)အိတ်၊ မြေပဲလုံးဆံဖြူ(၁၀၀၀)အိတ်တို့ ဖြစ်ပါသည်။

            ဝါသီးနှံဈေးကွက်အနေဖြင့် အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၀.၄.၂၀၂၂) ယခုအပတ် (၂၇.၄.၂၀၂၂) နေ့အတွင်း အရောင်းအဝယ်မရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း ဖြစ်ပေါ်နေသော သီးနှံ၊ မျိုးစေ့ ဈေးနှုန်းများ

        ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်မှုအနေအထားများတွင် ရေသွင်း၍ မိုးကြိုစိုက်ပျိုးထားသော သီးနှံများရှိရာ သီးနှံများ စိုက်ပျိုးရန်အတွက် ထယ်ရေးပြင်ဆင်မှုနှင့် မျိုးစေ့ ဝယ်ယူစုဆောင်းပြင်ဆင်မှုတို့သည် ဧပြီလအတွင်း၌ လုပ်ဆောင်မှုအများဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ မျိုးစေ့ဝယ်ယူစုဆောင်းမှုအများဆုံးကာလဖြစ်သော ဧပြီလအတွင်း သီးနှံ၊ မျိုးစေ့ ဈေးနှုန်းများ ဖြစ်ပေါ်နေမှုကို ရေးသားဖော်ပြအပ်ပါသည်-   

စဥ်

သီးနှံအမည် (မျိုးစေ့)

ရေတွက်ပုံ

အမျိုးအစား

ဈေးနှုန်း

မှတ်ချက်

နှမ်း

ပြည်

နက်

၈၀၀၀

 

နှမ်း

ပြည်

နီ

၆၀၀၀

 

နှမ်း

ပြည်

ပတ်လည်

၇၀၀၀

 

နေကြာ

ပြည်

ဆင်းရွှေကြာ

၃၀၀၀

 

မြေပဲ

ပိဿာ

လုံးဆံ

၄၂၀၀

 

ပဲတီစိမ်း

ပြည်

ရေဆင်း/၁၁

၄၀၀၀

 

အစေ့ထုတ်ပြောင်း

ထုပ်

CP.808

၅၅၀၀၀

၁-ဧက စိုက်ပျိုးရန်

အစေ့ထုတ်ပြောင်း

ထုပ်

SP.888

၄၇၅၀၀

 

ဖူးစားပြောင်း

ထုပ်

2678-အဝါ

၂၇၀၀၀

၁-ဧက (၆)ထုပ်စိုက်

၁၀

ဖူးစားပြောင်း

ထုပ်

ဖန်စီဗစ်

၁၉၀၀၀

၁-ဧက (၈)ထုပ်စိုက်

၁၁

စပါး

တင်း

မနောသုခ

၁၃၀၀၀

 

၁၂

စပါး

တင်း

ဧရာပဒေသာ

၁၅၀၀၀

 

 

 

 

 

 

 

DOCA(ပြည်ထောင်စုနယ်မြေ)

ဆိပ်ဖြူကုန်စည်ဒိုင် ကြက်သွန်နီ စီးဆင်းမှု အခြေအနေ

         မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်တွင် ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဧပြီလ(၁)ရက်မှ(၇)ရက်အထိ ပထမ(၁)ပတ်အတွင်း ကြက်သွန်နီ ဆောင်းစိုက်ပင်စိုက် အသစ် များ ဆိပ်ဖြူ မြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၆)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၄)သိန်းဝန်းကျင်ခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

            ဧပြီလ ပထမပတ်အတွင်း ကြက်သွန်နီအသစ်(၁)ပိဿာ ထိပ်စရှယ်အမြင့်ဆုံးဈေးနှုန်းမှာ (၆၇၅ ကျပ်မှ ၅၆၀ ကျပ်ထိ) ကုန်စည်ဒိုင်ဖြတ်ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ (၄၅၀ ကျပ်မှ ၃၀၀ ကျပ်ထိ) ဈေးနှုန်းများ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကြက်သွန်နီ ထွက်ကုန်အရည်အသွေးများ မတူညီခြင်း ကြောင့်  ဈေးနှုန်းများကွာခြားကြောင်း၊ ယခင်(၁)ပတ်ကြက်သွန်နီအမြင့်ဆုံး ဈေးနှုန်းမှာ (၆၂၅)ကျပ် ဖြစ်ပြီး ယခု(၁)ပတ်အမြင့်ဆုံးဈေး မှာ(၆၇၅)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ် ထက်(၅၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ အနိမ့်ဆုံးဈေးနှုန်းမှာ ယခင်(၁)ပတ်က (၅၀၀)ကျပ် ၊ ယခု(၁)ပတ်          (၄၅၀)ကျပ်ဖြစ်၍ (၅၀)ကျပ်ခန့် ဈေးနှုန်းကျဆင်း သွားကြောင်း၊ ပြည်ပဝယ်လက် နည်း၍ ဈေးနှုန်းအတက်အကျကွာဟမှုမရှိသေးကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

          ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စရှယ် (ကျပ် ၁၀၀၀/၉၀၀)၊ လတ်(ကြီး)(ကျပ် ၈၀၀/၇၀၀)၊ လတ်(သေး)(ကျပ် ၆၀၀/၅၀၀) ဈေးနှုန်းများ ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ကုန်စည်စီးဆင်းမှုအနေဖြင့် ဧပြီလ ပထမ(၁)ပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန်ဘုရင့်နောင်သို့ ကားစီးရေ(၃၄)စီး၊ ပြည်မြို့(၇)စီး၊ ပုသိမ်(၆)စီး နေ့စဉ် ၆/၁၂ ဘီး မော်တော်ယာဉ်များဖြင့် စုစုပေါင်း ကားအစီးရေ(၄၇)စီးခန့် ထွက်ရှိပြီး တန်ချိန်(၂၅၀၀၀)ခန့် ကုန်စည် စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး) 

သင်္ကြန်ပြီး ကြက်/ဘဲဈေးကွက်ဈေးနှုန်း

          ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ ကြက်/ဘဲများကို စားသုံးသူပြည်သူများအနေဖြင့် လွယ်ကူစွာဝယ်ယူစားသုံးနိုင်ရန်အတွက် ပြည်နယ်/တိုင်းဒေသများသို့ နေ့စဉ်လက်လီ/လက်ကားဖြန့်ဖြူးတင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့တင်ပို့ရောင်းချလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ ဝန်ထမ်း များမှ (၂၅.၄.၂၀၂၂) ရက်နေ့တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးသို့သွားရောက်၍ ကြက်/ဘဲများ၏ ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းများ ပြုလုပ်ခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှလည်း ဈေးကွက် အတွင်းလိုအပ်ချက်ရှိလျှင် ကြက်/ဘဲများဝင်ရောက်လာခြင်းနှင့် ပြန်လည်ပို့ဆောင်ရောင်းချခြင်းများ လည်းရှိကြောင်း သိရှိရပါသည်။

          သို့ဖြစ်ပါ၍ ပြန်လည်ရောင်းချရာ၌ အိမ်မွေးကြက် ၁ ပိဿာလျှင် (၉၅၀၀/၁၀၀၀၀)ကျပ်၊ အသားထိုးကြက် ၁ ပိဿာလျှင် (၅၆၀၀/5700) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ ပိဿာလျှင် (၆၅၀၀/7800) ကျပ်၊ ဘဲ ၁ ပိဿာလျှင် (4800/5500) ကျပ်ဖြင့် အသီးသီးလက်လီ/လက်ကား ရောင်းချလျက်ရှိပါသည်။ သင်္ကြန်ကာလအတွင်း ကြက်/ဘဲဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ခဲ့ သော်လည်း ယခုအချိန်တွင် ဈေးနှုန်းများမှာ ပုံမှန်ပြန်လည်ရောင်းချလျက်ရှိပြီး တစ်နေ့လျှင် ကုန် ပိဿာချိန် (93880) ခန့် ပျမ်းမျှရောင်းချပေးနေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“သရက်မြို့ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် ကုလားပဲ၊ ပဲကြီးဈေးကောင်းရ”

          မကွေးတိုင်းဒေသကြီး၊ သရက်မြို့မှထွက်ရှိသည့် ပဲကြီးနှင့်ကုလားပဲများသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျှက်ရှိရာ ဧပြီလကုန်အပတ်တွင် ပဲကြီးသီးနှံဈေးအနည်းငယ်မြင့်တက်လာပြီး နေ့စဉ်အိတ် (၁၀၀-၁၅၀)ခန့် အရောင်အဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။ သရက်မှထွက်ရှိသည့် ပဲမျိုးစုံကို မြစ်တစ်ဖက်ကမ်း အောင်လံမြို့ရှိ ဝယ်လက်သမားများမှ နေ့စဉ်ဝယ်ယူလျှက်ရှိပြီး လက်ရှိဈေးနှုန်းအနေဖြင့် ပဲကြီး(၁)တင်းလျှင် (၆၀၀ဝဝိ/-)၊ သင်္ကြန်မတိုင်မီက (၅၆၀၀ဝိ/-)သာရ၍ (၄၀၀ဝိ/-)ဈေးမြင့်လာကြောင်း၊ ကုလားပဲသီးနှံကို ပြည်မြို့ရှိ ပဲခွဲစက်များမှ လာရောက်ဝယ်ယူလျှက်ရှိပြီး အိတ်(၂၅၀-၃၀၀)အရောင်းအဝယ် ဖြစ်ကြောင်း၊ ကုလားပဲ(၁)တင်းလျှင် (၄၄၀၀ဝိ/-)ကျပ်ဖြင့် ဈေးပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“စလင်းမြို့၊ စာစီကျောင်းကျေးရွာ၏ တောင်း၊ ဇကော၊ ဇကာလုပ်ငန်း”

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စာစီကျောင်းကျေးရွာအုပ်စု၊ စာစီကျောင်းကျေးရွာသည် ဝါး၊ ကြိမ်တို့ဖြင့် တောင်း၊ ဇကော၊ ဇကာ၊ တင်းတောင်း၊ ခံတောင်းယက်လုပ်သောလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့် ကျေးရွာ(၁)ရွာဖြစ်ပါသည်။ အဆိုပါပစ္စည်းများပြုလုပ်ရာတွင် စလင်းမြို့၏ အနောက်ဘက်ရှိ ကန်ပြား၊ မြောင်ဦးဒေသမှထွက်ရှိသော ဝါးများကိုအသုံးပြုခြင်းဖြစ်လည်းကောင်း၊ ကြိမ်ကို မန္တလေးမြို့မှ မှာယူ၍လည်းကောင်း ဇကော၊ ဇကာများယက်လုပ်ကြပါသည်။ ဇကော၊ ဇကာ (၁)ချပ်လျှင် (၅၀၀ဝိ/-)၊ တောင်းအမျိုးအစား/အရွယ်အစားအလိုက် (၁)လုံး (၃၀၀ဝိ/-) မှ (၁၀၀၀ဝိ/-)အထိရောင်းချရပြီး အိမ်ခြေ (၂၀၀)ခန့်ရှိသော စာစီကျောင်းကျေးရွာမှ လေးပုံတစ်ပုံမှာ တောင်း၊ ဇကော၊ ဇကာလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုလုပ်ကြောင်း၊ လုပ်ငန်းရှင် ဒေါ်မြင့်မြင့်မှ ၎င်းတို့မိသားစုအနေဖြင့် (၁)ရက်လျှင် တောင်း(၅) လုံး၊ ဇကော(၃)ချပ်၊ ဇကာ(၄)ချပ်၊ ခံတောင်း(၂)လုံးယက်လုပ်နိုင်ကြောင်း၊ ဝါး၊ ကြိမ်တို့ဖြင့်ပြုလုပ်သော တောင်း(၁)လုံးလျှင် (၂၀၀ဝိ/-)၊ ဇကော/ဇကာ(၁)ချပ်လျှင် (၁၅၀ဝိ/-)၊ တင်းတောင်းကြမ်း(၁)လုံးလျှင် (၂၅၀ဝိ/-)အမြတ်ရရှိ၍ နေ့စဉ်မိသားစုဝင်ငွေ(၂၀၀၀ဝိ/-)ခန့်ရရှိကြောင်း၊ ဇကော/ဇကာယက်လုပ်သည့် လုပ်ငန်းကို လယ်ယာလုပ်ငန်းခွင်နားချိန် ဆောင်းအကုန်နှင့်နွေရာသီတို့တွင် နေ့စဉ်လုပ်ကိုင်ရကြောင်း၊ မိုးတွင်းကာလအတွင်းအလုပ်ပါးပြီး ယက်လုပ်ထားသည့် တောင်း၊ ဇကော၊ ဇကာများအား သိမ်းဆည်းစုဆောင်းထားပြီး ရာသီချိန်ရောက်မှသာ ရောင်းချရသည့်အတွက် အရင်းအနှီးစိုက်ထုတ်ရကြောင်း လုပ်ငန်းရှင် ဒေါ်မြင့်မြင့်၏ ပြောကြားချက်အရ သိရှိရပါသည်။

      စလင်းဒေသမှထွက်ရှိသည့် တောင်းအမျိုးမျိူး၊ ဇကော/ဇကာအမျိုးမျိုး၊ တင်းတောင်းကြမ်း၊ ခံတောင်းတို့ကို ဒေသတွင်းကျေးရွာများမှမှာယူကြပြီး စလင်းမြို့နှင့် နီးစပ်သော ပွင့်ဖြူ၊ ဆိပ်ဖြူမြို့များသို့ တင်ပို့ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း၊ စလင်းဒေသထွက် ဇကော/ဇကာများမှာ လက်ရာသေသပ်ကောင်းမွန်ပြီး နှုတ်ခမ်းသားကို ကြိမ်ဖြင့်ကွပ်ထားသည့်အတွက် လေးငါးနှစ်အသုံးခံ၍ စားသုံးသူများမှ အထူးနှစ်သက်ကြကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဧပြီလ(၁၉) ရက်နေ့မှ ဧပြီလ(၂၅) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျိုက်ကော် မှ နာနတ်သီး အလုံးကြီး ၁ လုံးလျှင် ကျပ် ၁၅၀၀၊ အလုံးလတ် ၁လုံး လျှင် ကျပ် ၁၀၀၀ ၊ အလုံးသေး ၁လုံး လျှင် ကျပ် ၈၀၀ မှ ၆၀၀၊ သီပေါ မှ ဖရဲသီး (855) အလုံးကြီး  ၁လုံး လျှင် ကျပ် ၁၀၀၀၀၊ အလုံးလတ် ၁လုံး လျှင် ကျပ် ၈၀၀၀၊ အလုံးသေး ၁လုံး လျှင် ကျပ် ၄၀၀၀၊ ဝမ်းတွင်း မှ ဖရဲသီး (211) ၁လုံး လျှင် အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးလတ် ၁လုံး လျှင် ကျပ် ၄၀၀၀၊ အလုံးသေး ၁လုံး လျှင် ကျပ် ၂၀၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ၁လုံး လျှင် ကျပ် ၆၀၀၊ အလုံးလတ် ၁လုံး လျှင် ကျပ် ၅၀၀၊ အလုံးသေး ၁လုံး လျှင် ကျပ် ၄၀၀၊ မအူပင် (ရွှေတောင်ပေါ်) မှ သရက်သီး (မချစ်စု) အလုံးကြီး ၆၅ လုံး တစ်ခြင်းလျှင် ကျပ် ၂၈၀၀၀၊ အလုံးလတ် ၇၅ လုံး တစ်ခြင်း လျှင် ကျပ် ၂၀၀၀၀၊ အလုံးသေး ၉၀လုံးပါ တစ်ခြင်းလျှင် ကျပ် ၁၅၀၀၀၊ တွံတေးမှ သရက်သီး (ရင်ကွဲ) အလုံးကြီး ၈၀ မှ ၉၀ လုံး ပါ တစ်ခြင်းလျှင် ကျပ် ၁၃၀၀၀၊ အလုံး လတ် အလုံး ၁၀၀ ပါ တစ်ခြင်းလျှင် ကျပ် ၁၀၀၀၀၊ အလုံးသေး ၁၂၀ ပါ တစ်ခြင်းလျှင် ကျပ် ၈၀၀၀၊ ဧရာဝတီတိုင်းမှ သရက်သီး (စိန်တစ်လုံး) လုံးကြီး ၃၆ လုံးပါ ဂျပ်ဖာ ၁ဖာ လျှင် ကျပ် ၃၀၀၀၀၊ အလုံးလတ် ၄၅ ပါ ၁ဖာလျှင် ကျပ် ၂၃၀၀၀၊ အလုံးသေး ၅၀ ပါ ၁ဖာလျှင် ကျပ် ၁၆၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ ၅ ပိဿာတစ်ခြင်း လျှင်ကျပ် ၃၅၀၀၀၊ (၁၈) ကျပ်သားဗူး ၁ဗူးလျှင် ကျပ် ၈၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ငူဈေးကွက်အတွင်းသို့ ဦးဦးဖျားဖျားဝင်ရောက်လာသော လိုင်ချီးသီးများ

         တောင်ငူမြို့နယ်၏ အရှေ့ဘက် မိုင် ၂၀ ခန့်ကွာဝေးသော ကရင်ပြည်နယ် လိပ်သိုဒေသရှိ ကျောက်ဗျားကျေးရွာမှ ထွက်ရှိသော လိုင်ချီးသီးများသည် လိပ်သိုဒေသအတွင်း၌ ရောင်းချပါက အလုံး ၁၀၀ ပါ တစ်ထုပ်လျှင် ၂၄၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရောင်းချရပြီး တောင်ငူမြို့ရှိ လိုင်ချီးသီးအဝယ်ဒိုင်များသို့ ရောင်းချမည်ဆိုပါက ၃၀၀၀ ကျပ်ရရှိ၍ အဝယ်ဒိုင်မှတစ်ဆင့် လက်ကားဈေး ၃၅၀၀ ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချနေပြီး လက်လီဈေးအနေဖြင့် လိုင်ချီးသီးတစ်ထုပ်လျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ အသီးအရွယ်အစားပေါ်မူတည်၍ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကယားပြည်နယ်တွင် ကုန်စည်ရောင်းဝယ်မှု ပုံမှန်လည်ပတ်လျက်ရှိ

        ကယားပြည်နယ်အတွင်း အခြားဒေသများမှ ကုန်စည်စီးဆင်းမှုများနှင့် ပြည်နယ်မှ အခြားဒေသများသို့ ကုန်စည်တင်ပို့မှုများဖြင့် ကုန်သွယ်မှုပြုလုပ်ရောင်းချလျက်ရှိပြီး ဧပြီလ တတိယပတ်အတွင်း  ပြည်နယ်အတွင်း ကုန်စည်အဝင်များမှာ အချိုရည်ကား(၅)စီး၊ ကုန်စုံ(၂၉)စီး၊ အရက် ကား(၂)စီး၊ ဘိလပ်မြေ(၇)စီး၊ ကြက်သွန်နီ(၁၃၅၀)စီး၊ ကြက်ဥ(၁)စီး၊ ဆား(၄၆၂)စီး၊ ဘီယာကား (၂)စီး တို့ကိုလည်းကောင်း၊ ပြည်နယ်မှအခြားဒေသသို့ ပြောင်း(၂၀၉၀)စီး၊ ပဲကြီး(၁၀၀)စီး၊ ငှက်ပျော(၃)စီး၊ မကျဉ်း(၂)စီး၊ ဆန်(၂၂၀)စီး၊ သံတိုသံစ(၆)စီး၊ ဖွဲနု(၃၃၀)စီး တို့ဖြင့် ကုန်စည် စီးဝင်/စီးထွက်လျက်ရှိပြီး ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါတယ်။

DOCA(ကယား)

လွိုင်ကော်မြို့၏ ခရမ်းချဉ်သီးဈေးနှုန်း

           ဧပြီလ စတုတ္တပတ် ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိသော ခရမ်းချဉ်သီး အများစုမှာ လွိုင်ကော်မြို့နယ် (လင်ဖုံလေး)ဒေသမှ ထွက်သော ခရမ်းချဉ်သီးများဖြစ်ပြီး တစ်ပိဿာလျှင်(၃၀၀) ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ရှမ်းပြည်နယ်အင်းလေးဒေသမှ ဝင်ရောက်သော ခရမ်း ချဉ်သီးမှာ ဈေးကွက်အတွင်း အနည်းငယ်သာတွေ့ရှိရပြီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် အလုံးကြီး (၈၀၀)ကျပ်၊ အလုံးသေး (၅၀၀)ကျပ်ဖြင့် ဈေးနှုန်းပေါက်လျက်ရှိပြီး ဒေသထွက် ခရမ်းချဉ်သီးများ နှင့် နှိုင်းယှဉ်မည်ဆိုလျှင် သယ်ယူစရိတ်များသောကြောင့် တစ်ပိဿာလျှင် (၅၀၀ မှ ၆၀၀)ကျပ် အထိ ကွာဟလျက်ရှိသည်ဟု သိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း