ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆန် စီးဝင်၊ စီးထွက်မှုနှင့် ပြောင်း၊ ပဲအမျိုးမျိုးတင်ပို့မှုအခြေအနေ

ကယားပြည်နယ်သည် ကုန်စည်စီးဆင်းမှုပုံမှန်လည်ပတ်လျက်ရှိပြီး ဧပြီလအတွင်း အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုများမှာ (၁၉၈၀)အိတ်၊ (၉၉)တန်နှင့် ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ (၁၂၈၀)အိတ် (၆၄)တန်၊ ပြောင်းတင်ပို့မှုမှာ (၃၅၇၀)အိတ် (၁၇၅) တန်ရှိပြီး ယခင် မတ်လအတွင်း ဆန်တင်သွင်းမှုမှာ(၃၃၇၈)အိတ်၊ (၁၆၉)တန်၊ ဆန်တင်ပို့မှုမှာ (၃၁၂၅)အိတ်၊ (၁၅၆)တန်၊ ပြောင်းတင်ပို့မှုမှာ(၁၇၆၅၇)အိတ်၊ (၈၆၄)တန်တို့ရှိပြီး ယခင်လနှင့်ယခုလ နှိုင်းယှဉ်ကြည့်လျှင် ဆန်တင်သွင်းမှု(၁၃၉၈)အိတ်၊ (၇၀)တန်လျော့နည်းလာခြင်း၊ ဆန်တင်ပို့မှု (၁၈၄၅) အိတ် (၉၂)တန်၊ ပြောင်းတင်ပို့မှု (၁၄၀၈၇)အိတ်(၆၉၀)တန်လျော့နည်းလာကြောင်း တွေ့ရပါတယ်။ ထို့အပြင် ကယားပြည်နယ်မှ အခြားဒေသများသို့ ပဲစင်းငုံတင်ပို့မှုမှာ(၃၅၀)အိတ်၊ ပဲကြီးတင်ပို့မှုမှာ (၅၃၅)အိတ်၊ ပဲတီစိမ်း(၁၂၅)အိတ်နှင့်မြေပဲ(၆၀)အိတ်တို့တင်ပို့ခဲ့ကြောင်း မြို့ဦးဂိတ် စာရင်းများအရ သိရှိရပါတယ်။
DOCA(ကယား)

 မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် Online စနစ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။ ဧပြီလ ပထမပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ် ၄၃၅၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၂၄၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၆၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းကျပ် ၄၀၈၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၁၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၄၄၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၄၃၇၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။

         ဂျုံဖြူသန့်တစ်တင်း ကျပ် ၃၆၅၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၆၂၀၀၀၊ ပဲနီလုံး ရိုးရိုး တစ်တင်း ကျပ် ၄၁၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၃၀၀၀၊  ပဲပုတ်စေ့ တစ်တင်း ကျပ် ၄၉၃၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၄၀၀၀၊  မြေထောက်ပဲ တစ်တင်းကျပ် ၅၅၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၅၈၅၀၀၊ အစေ့ ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၆၈၀၀၊ ပြောင်းနီ တစ်တင်းကျပ် ၁၂၀၀၀၊ ပြောင်းဖြူတစ်တင်းကျပ် ၁၃၀၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်း များမှာ နှမ်းညိုတစ်တင်းကျပ် ၅၂၀၀၀၊ နှမ်းနက်တစ်တင်းကျပ် ၇၀၀၀၀၊ နှမ်းဖြူ တစ်တင်းကျပ် ၆၀၀၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ်၃၇၅၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာကျပ် ၃၉၀၀၊ ပဲဖတ်တစ်ပိဿာကျပ် ၁၅၈၀၊ နှမ်းဖတ် တစ်ပိဿာကျပ် ၁၁၅၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၉၇၀ ဈေးနှုန်းအသီးသီး ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

           ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများနှင့် ဆီထွက်သီးနှံဈေး နှုန်းများဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာလည်း အနည်းငယ်မြင့်တက်လာကြောင်း သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီဈေးနှုန်းများအနည်းငယ်မြင့်တက်လာ

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းများမှာ ဧပြီလ တတိယပတ် မှစ၍ ဈေးနှုန်းများ အနည်းငယ်မြင့်ထက်လာကြောင်းသိရသည်။ ကလေးခရိုင်တွင် စားအုန်းဆီလက်လီတစ်ပိဿာလျှင် ၇၄၀၀ကျပ်၊ ကသာခရိုင်တွင် စားအုန်းဆီလက်လီတစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ကန့်ဘလူခရိုင်တွင်  စားအုန်းဆီလက်လီတစ်ပိဿာလျှင် ၇၂၀၀ကျပ်၊ စစ်ကိုင်းခရိုင်တွင် စားအုန်းဆီလက်လီ တစ်ပိဿာလျှင် ၇၁၀၀ကျပ်၊ မုံရွာခရိုင်တွင် စားအုန်းဆီ လက်လီ တစ်ပိဿာ လျှင်၇၂၀၀ကျပ်၊ ယင်းမာပင်ခရိုင်တွင် စားအုန်းဆီ လက်လီ တစ်ပိဿာလျှင် ၇၈၀၀ ကျပ်၊ ရွှေဘိုခရိုင် တွင် စားအုန်းဆီ လက်လီတစ်ပိဿာလျှင် ၇၂၀၀ ကျပ်  ဈေးပေါက်ကြောင်း သိရှိရသည်။

          စားအုန်းဆီဈေးနှုန်းများသည် ယခင် ဧပြီလ ပထမပတ်ထက် (၄၀၀)ကျပ်မှ(၅00)ကျပ်ထိ ဈေးတက်ခဲ့သော်လည်း ဒေသတွင်း၌ စားအုန်းဆီများ ပြတ်လပ်မည့် အခြေအနေမရှိနိုင်ကြောင်း   စားအုန်းဆီ လက်လီ/လက္ကား အရောင်းဆိုင်များမှ သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စားသုံးဆီလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ၎င်းတို့အနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ဆီလက်ကားကုန်သည်ကြီးများထံမှ စားသုံးဆီများကို ဝယ်ယူပြီး ထပ်ဆင့်ပြန်လည်ဖြန့်ဖြူးခြင်း ဖြစ်ပါ ကြောင်း၊ ၎င်းတို့ ဝယ်ယူရသော ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် စားအုန်းဆီဈေးနှုန်းမှာ ယခင်ကထက် အနည်းငယ် မြင့်တက်လာခြင်း ဖြစ်ပါကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီးသည် ဧပြီလ နောက်ဆုံးပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများ ဖြစ်သော ရွှေဘိုခရိုင်၊ ကလေးခရိုင်တို့တွင် ဈေးတန့်နေပြီး၊ ကသာခရိုင်နှင့် မုံရွာခရိုင်တို့တွင် အနည်း ငယ်မြင့်တက်နေပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ယခင် အပတ်က ရန်ကုန်သို့အိတ်ရေ ၃၇၀၀၀၊ မန္တလေးသို့အိတ်ရေ ၄၉၆၀၀၊ မကွေးသို့အိတ်ရေ ၁၀၀၀၊ နေပြည် တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊  စုစုပေါင်း အိတ်ရေ(၁၀၈၆၀၀)အိတ်၊ တန်အားဖြင့် (၅၄၃၀)စီးထွက်ခဲ့ပြီး၊ ယခုအပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီး များသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၈၀၀၀၊ မန္တလေးသို့ အိတ်ရေ ၆၉၄၀၀၊ မကွေး သို့ အိတ်ရေ ၁၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၇၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၄၈၇၀၀)အိတ်၊ တန်အားဖြင့် (၇၄၃၅) စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၄၀၁၀၀)၊ တန် အား ဖြင့် (၂၀၀၅) ပိုမို စီးထွက်ခဲ့ပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီလ (နောက်ဆုံးပတ်)တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၅၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၃၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၃၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၅၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) တစ်အိတ်လျှင်ကျပ် ၅၄၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၉၅၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်  ၄၂၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည် ပါတစ်အိတ်မှာ ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၂၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည် တစ်အိတ်မှာ ကျပ် ၂၉၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၉၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည် ဆန် တစ်အိတ်လျှင် ကျပ် ၃၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကသာခရိုင် သကြားစက်များ သကြားတန်ချိန် ၆၃၀၀၀ ကျော် ထုတ်လုပ်နိုင်

          ကသာခရိုင်ရှိ သကြားစက်များ ၂၀၂၂-ခုနှစ် မေလနောက်ဆုံးပတ်၌ ကြံရာသီ ပိတ်သိမ်းမည်ဖြစ်ပြီး ယခုနှစ် ကြံရာသီတွင် ဂရိတ်ဝေါဝေမာကုမ္ပဏီ သကြားစက်မှ ကြံတန်ချိန် ၅၈၀၀၀၀ ကျော်၊ မြတောင်သားသကြားစက်မှ ကြံတန်ချိန် ၂၅၀၀၀ ကျော်နှင့် UTP သကြားစက်မှ ကြံတန်ချိန် ၃၀၀၀၀ ခန့် ကြိတ်နိုင်ခဲ့သည့်အတွက် စုစုပေါင်း ကြံတန်ချိန် ၆၃၀၀၀၀ ကျော် ကြိတ်နိုင်ခဲ့သည်။ သကြားထုတ်လုပ်နိုင်မှုအနေဖြင့် ကြံဆယ်တန်ကြိတ်ပါက သကြားကုန်ချော တစ်တန်နှုန်း ထွက်ရှိ သည့်အတွက် သကြားတန်ချိန် ၆၃၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

          ၂၀၂၁-ခုနှစ် ကြံသီးနှံအား ၂၀၂၂-ခုနှစ် ဇန်နဝါရီလတွင် စတင်ထုတ်ယူကြိတ်ခွဲခဲ့ပြီး မေလမှာ အပြီးသတ်ကြိတ်ခွဲထုတ်လုပ်နိုင်ခဲ့ပါသည်။ ၂၀၂၁-ခုနှစ် ကသာခရိုင် ကြံစိုက်ဧက ၁၂၀၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျှမ်းမျှအထွက်(၂၀)တန် ရှိသည့်အတွက် ကြံတန်ချိန် ၂၄၀၀၀၀၀ ထွက်ရှိခဲ့ သည်။ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ သကြားစက်(၃)စက်မှ ကြံတန်ချိန် ခြောက်သိန်းကျော် ကြိတ် နိုင်ခဲ့ပြီး ကျန်ကြံများမှာ မန္တလေးတိုင်းသကြားစက်များသို့ တင်ပို့ခြင်းနှင့် သကာရည်(ပွက်ရည်) ထုတ်လုပ်ရောင်းချခြင်းများရှိကြောင်း သိရသည်။

          ယခုနှစ် ကြံဝယ်ယူကြိတ်ခွဲရာ ကြံတောင်သူများအား ငွေပေးချေရာတွင် ဘဏ်များ၏ ငွေ ထုတ်ကန့်သတ်ချက်များကြောင့် အခက်အခဲအနည်းငယ်ရှိခဲ့ကြောင်း၊ သို့သော်လည်း ကြံတောင်သူ များနှင့် နားလည်မှုရယူပြီး ကြံဖိုးငွေနှင့် လုပ်အားခများပေးချေရန်  သကြားကုန်ချောများနှင့် အစားထိုး ပေးချေခဲ့ကြောင်း သိရသည်။ သကြားကုန်ချောများကို မန္တလေးသကြားပွဲရုံများသို့ တင်ပို့ရောင်းချပြီး မန္တလေးသကြားပွဲရုံများတွင် သကြားတစ်ပိဿာ ၁၉၅၀ ကျပ်ဈေးဖြင့် ဝယ်ယူကြောင်း မြတောင်သားသကြားစက်ပိုင်ရှင်ထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဧပြီလ နောက်ဆုံးပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဧပြီလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၈၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၆၂၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၃၀၀၊ စုစုပေါင်းအိတ်ရေ ၁၄၁၉၀၀၊ တန်အားဖြင့် ၇၀၉၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၅၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၆၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၀၀၀၊ပခုက္ကူသို့ အိတ်ရေ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၀၄၀၀၀ ၊ တန်အားဖြင့် ၅၂၀၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၃၇၉၀၀၊ တန်အားဖြင့် ၁၈၉၅တန် လျော့၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဧပြီလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ်၁၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၅၃၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျင် ကျပ်၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လွိုင်ကော်မြို့ ဒေသဆန် ဈေးနှုန်းမြှင့်တက်လျက်ရှိ

             ကယားပြည်နယ်တွင်ဆန်စပါးကို အဓိကစိုက်ပျိုးကြပြီး ပြည်နယ်တွင်းစိုက်ပျိုးသော စပါးများကို ဒေသတွင်းကြိတ်ခွဲကာ စားသုံးမှုမှာအနည်းငယ်သာရှိပြီး အများအားဖြင့် မန္တလေးသို့အဓိကတင်ပို့နေကြသော်လည်း ယခုဧပြီလတွင် ကယားပြည်နယ်မှ အခြားဒေသသို့ ဆန်တင်ပို့မှုလျော့နည်းလာခြင်း၊ အခြားဒေသမှ ပြည်နယ်တွင်းသို့ ဆန်တင်သွင်းမှုလျှော့နည်းလာခြင်းတို့ကြောင့် ပြည်နယ်တွင်းထွက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေရင်အေး(၁)တစ်အိတ်လျှင်(၄၄၀၀၀)ကျပ်၊ ရွှေရင် အေး(၂) တစ်အိတ်လျှင် (၄၀၀၀၀)ကျပ်နှင့် တရုတ်မွှေးတစ်အိတ်လျှင် (၃၇၀၀၀)ကျပ် တို့ရှိပြီး ယခင်မတ်လ ဆန်ဈေးနှုန်းများမှာ ရွှေရင်အေး(၁)တစ်အိတ်လျှင်(၄၂၀၀၀)ကျပ်၊ ရွှေရင်အေး(၂) တစ်အိတ်လျှင် (၃၈၀၀၀)ကျပ်နှင့် တရုတ်မွှေးတစ်အိတ်လျှင် (၃၆၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်မတ်လနှင့် ယခုဧပြီလဈေးနှုန်းကိုနှိုင်းယှဉ်ကြည့်လျှင် ရွှေရင်အေး(၁)တစ်အိတ်လျှင်(၂၀၀၀)ကျပ်၊ ရွှေရင်အေး(၂) တစ်အိတ်လျှင် (၂၀၀၀)ကျပ်နှင့် တရုတ်မွှေးတစ်အိတ်လျှင် (၁၀၀၀)ကျပ်တို့ဖြင့် ဈေးနှုန်းမြှင့်တက်လျက်ရှိပြီး ဒေသဆန်ဈေးနှုန်းမြှင့်တက်ရခြင်းမှာ ဒေသအခြေအနေအရတောင်သူများနွေစပါးစိုက်ပျိုး ရာသီချိန်တွင်အချိန်မီ မစိုက်ပျိုးနိုင်ခြင်းကြောင့်ဈေးနှုန်းမြှင့်တက်ရခြင်းဖြစ်သည်ဟု ဆန်အရောင်းဆိုင်ရှင် တစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)

ကယားပြည်နယ်ဘိလပ်မြေဈေးနှုန်းအနည်းငယ်ကျဆင်းလျှက်ရှိ

           ကယားပြည်နယ်တွင် ကုန်စည်စီးဆင်းမှု ပြန်လည်အသက်ဝင်လာပြီး ဆောက်လုပ် ရေးပစ္စည်းဖြစ်သည့် ဘိလပ်မြေများ ပြည်နယ်တွင်းသို့ နေ့စဉ်နှင့်အမျှတင်သွင်းလာလျှက်ရှိကြောင်း မြို့ဦးဂိတ်စာရင်းများအရသိရှိရပါတယ်။ ယခု ဧပြီလ တတိယပတ်အတွင်း ဘိလပ်မြေ ဈေးနှုန်းများမှာ ကမ္ဘောဇ ဘိလပ်မြေတစ်အိတ်လျှင် (၈၀၀၀)ကျပ်၊ အာပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၈၁၀၀)ကျပ်နှင့် နဂါးဘိလပ်မြေတစ်အိတ်လျှင် (၈၁၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင် ဧပြီလ ဒုတိယပတ်တွင် ကမ္ဘောဇဘိ လပ်မြေတစ်အိတ်လျှင်(၈၁၀၀)ကျပ်၊ အာပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၈၂၀၀)ကျပ်နှင့် နဂါးဘိလပ်မြေတစ်အိတ်လျှင်(၈၂၀၀)ကျပ် တို့ဖြင့်ရှိခဲ့ပြီး ယခင် ဧပြီလ ဒုတိယပတ်နှင့် ယခု ဧပြီလ တတိယပတ် နှိုုင်းယှဉ်ကြည့်လျှင် ကမ္ဘောဇ ဘိလပ်မြေ တစ်အိတ်လျှင် (၁၀၀) ကျပ်နှင့် အာပါချီဘိလပ်မြေ တစ်အိတ်လျှင် (၁၀၀)ကျပ်နှင့် နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၁၀၀)ကျပ် ခန့်ဈေးနှုန်းကျဆင်းလျှက်ရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရှိရပါတယ်။

DOCA(ကယား)

စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အပတ်စဉ် ရည်ညွှန်းဈေးနှုန်း

၂.၅.၂၀၂၂ ရက်နေ့ မှ ၈.၅.၂၀၂၂ ရက်နေ့အထိ စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ် ရည်ညွှန်းဈေးနှုန်းအား ‌အောက်ပါ .pdf file တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

          ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဧပြီလ (၂၂)ရက်နေ့မှ ဧပြီလ (၂၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၅၀၀ မှ ၇၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၄၀၀ မှ ၉၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၄၀၀ မှ ၈၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၃၀၀ မှ ၂၅၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၇၀၀ မှ ၁၃၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၁၈၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၈၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၁၄၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၃၀၀၀ မှ ၄၇၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၇၀၀ မှ ၁၂၀၀ အတွင်း၊ ဆလပ်ရွက်(စီး)ကျပ် ၅၀ မှ ၈၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၅၀၀ မှ ၁၄၅၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၅၀ မှ ၂၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၈၀၀ မှ ၁၃၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)ကျပ် ၂၀၀၀ မှ ၄၃၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။

         တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၂၁၀၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၁၀၆၇၀)ကျော်၊ ဗူးသီးအလုံး ပေါင်း (၃၉၅၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၆၂၅၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၇၈၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း (၁၇၁၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၂၆၆၅)ကျော်၊ ဖရဲသီးလုံး ပေါင်း (၄၈၀၀) ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း