ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လွိုင်ကော်မြို့တွင်း စတော်ဘယ်ရီသီးဈေးကွက်

       ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော စတော်ဘယ်ရီသီးများ ယခုအချိန်ခါတွင် စတင်ပေါ်နေပြီဖြစ်ရာ ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ ရေနီကန်ကျေးရွာနှင့် လောဓမ္မရပ်ကွက်တို့တွင် စတော်ဘယ်ရီသီးများကို တနိုင်တပိုင်စိုက်ပျိုးလျက်ရှိပြီး တောင်ကြီးဘက်မှလည်း စတော်ဘယ်ရီသီးများ စတင်ဝင်ရောက် လျက်ရှိပါသည်။

      ယခုဇန်နဝါရီလပထမပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော စတော်ဘယ်ရီသီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၃၀၀၀) (၁၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဒီဇင်ဘာလ စတုတ္ထပတ်တွင် စတော်ဘယ်ရီသီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၅၀၀၀) (၁၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ  ယခု ဇန်နဝါရီလပထမပတ်နှင့် ယခင်ဒီဇင်ဘာလစတုတ္ထပတ်နှိုင်းယှဉ်လျှင် စတော်ဘယ်ရီသီးတစ်ပိဿာဈေး နှုန်းမှာ (၂၀၀၀)ကျပ်ခန့်ကျဆင်းလာကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ စတော်ဘယ်ရီသီးရောင်းချသူ တစ်ဦးထံမှသိရပါတယ်။

DOCA(ကယား)

 

ပုသိမ်မြို့နယ် ဆန်စပါးဈေးကွက် တောင်သူများ ဈေးကောင်းရ

         ပုသိမ်မြို့နယ်ဆန်စပါးဈေးကွက်တောင်သူများ ယခင်နှစ်ထက် ဈေးကောင်းရလျက်ရှိပြီး အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း ဈေးကွက်သတင်းများမှ သိရသည်။

        ယခုနှစ် မိုးမနောသုခစပါးသစ်ဈေး တင်း၁၀၀လျှင် ကျပ်၁၃သိန်းဝန်းကျင်၊ ဆန်၁အိတ်လျှင် ၄၂၀၀ဝိ/-/ ၄၃၀၀ဝိ/-ကျပ်ဈေး၊ ပေါ်ဆန်းရင်စပါးသစ်တင်း၁၀၀လျှင် ကျပ် ၁၅ သိန်း ဝန်းကျင် ဆန် ၁ အိတ်လျှင် ၅၄၀၀ဝိ/-၅၅၀၀ဝိ/-ဈေးနှင့် ဧရာဝတီပေါ်ဆန်းစပါးတင်း ၁၀၀လျှင် ကျပ် ၁၇ သိန်းဝန်းကျင်၊ ဆန်၁အိတ်လျှင် ၅၆၀၀ဝိ/-/ ၅၇၀၀ဝိ/-ကျပ် ဈေးဖြင့် တိုင်းအတွင်းမြို့နယ်များနှင့် ရန်ကုန်အထက်အညာဒေသများသို့ ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း စပါးဈေးနှုန်းမှာ ယခင်နှစ်ထက် တင်း၁၀၀လျှင် ကျပ် ၅သိန်း ဝန်းကျင်ပိုမိုရရှိပြီး တောင်သူများတွက်ချေကိုက်မှုရှိကြောင်း တောင်သူ၊ ကုန်သည်များထံမှ သိရသည်။

DOCA(ဧရာဝတီ)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

      တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်များထဲတွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၇၀.၀၀၀)သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း(၃.၀၀၀)သန်း၊  စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ကျပ်သန်း(၇၃.၀၀၀)သန်းဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ (၉)လတာကာလအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၇.၈၅၀)သန်း၊ သွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၄.၁၉၁)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း(၁၂.၀၄၁)သန်းဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၁)နှစ်စာလျာထားချက်အပေါ် (၁၆.၄၉၅)% ဆောင်ရွက်နိုင်ခဲ့ပြီး ဧပြီလမှ ဒီဇင်ဘာလအထိ (၉)လတာလျာထားချက်အပေါ် (၂၄.၉၈၁)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရသိရပါသည်။

          အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံကုန်စုံ၊ ငရုတ်ကောင်းနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ဖြစ်ကြောင်း သိရပါသည်။

     တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့်အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသောအခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက်ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)  

 

လွိုင်ကော်မြို့တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

        ၂၀၂၃ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ဧည့်မထဆန်တစ်ပြည်လျှင် ၂၉၅၀ ကျပ်၊ ငစိန်ဆန် တစ်ပြည်လျှင် ၂၀၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ၅၈၀၀ ကျပ်၊ ပဲဆီတစ် ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ( ရှမ်း ) တစ်ပိဿာလျှင် ၄၂၀၀ ကျပ်၊ ကြက်သွန်ဖြူ( ကြူကုတ် ) တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ ချင်းတက်တစ်ပိဿာလျှင် ၁၁၀၀ ကျပ်၊ ဆားတစ်ပိဿာလျှင် ၈၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

       ကြက်ဥ အလုံးလတ် ၂၂၀ ကျပ်နှင့် အလုံးကြီး ၂၃၀ ကျပ်၊ ဘဲဥ အလုံးလတ် ၂၇၀ ကျပ်နှင့် အလုံးကြီး ၂၈၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ လွိုင်ကော်မြို့၏ သား/ငါး ဈေးနှုန်းမှာ ကြက်သား(CP) တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ အမဲတစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

DOCA(ကယား)

 

¬စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့်  ရွှေဘိုခရိုင်တွင် စပါး/ဆန်(အသစ်)ဈေးအနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များ တွင် ဈေးအေးနေကြောင်း သိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ(နောက်ဆုံး)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ်(၂၆၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) (ဟောင်း)  ၂၄  ပြည်ပါတစ်အိတ်လျှင် ကျပ်  ၈၈၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ်(၁၅၈၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်  ၅၅၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်) (သစ်)  ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) (ဟောင်း)  တင်း ၁၀၀ လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(ဟောင်း) တစ်အိတ်လျှင် ကျပ် ၈၀၀၀၀၊  ပေါ်ဆန်း(စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၁၄၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)တစ်အိတ်လျှင် ကျပ် ၅၀၀၀၀၊  ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း)၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်  ၅၈၀၀၀၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀ နှင့် ဧရာမင်း (ဆန်)(သစ်)၂၄ ပြည်ပါ တစ်အိတ်လျှင်  ၄၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧည့်မထ (ဆန်)(ဟောင်း)‌ ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၄၀၀၀၊ ဧည့်မထ(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧည့်မထ(ဆန်)(သစ်)‌ ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၇၀၀၀၊ ငစိန်(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၀၀၀၀၊ ငစိန်(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ဧရာမင်း (စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၅၀၀၀၊ ၃၅၀၀၀၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀ နှင့် ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ မှော်ဘီ(၂)(ဟောင်း) ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၀၀၀၀၊ မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃(ဟောင်း) ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊  ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊ ဧရာမင်း (စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၀၀၀၀၊ ဧရာမင်း (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀ နှင့် ဧရာမင်း(ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၁၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၉၀၀၀၊ ပေါ်ဆန်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၃၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၀၀၀၀၊ မနောသုခ (စပါး)(ဟောင်း)တင်း ၁၀၀လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ (ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၄၀၀၀၊  မနောသုခ(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀ နှင့် မနောသုခ(ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၀၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၁၂၅၀၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၀၀၀၀၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်)၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၅၀၀၀၊ ပေါ်ဆန်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂၂၅၀၀၀၀၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၀၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀ နှင့် ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၃၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ(နောက်ဆုံး)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀ အိတ်၊ မန္တလေးသို့ အိတ်ရေ ၇၈၁၀၀ အိတ်၊ မကွေး သို အိတ်ရေ ၁၀၀၀ အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀၀ အိတ်၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀ အိတ်၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၀၀၀ အိတ်၊ ကချင်သို့ အိတ်ရေ ၂၀၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ (၁၄၀၆၀၀)အိတ်၊ တန်အားဖြင့် (၇၀၃၀)တန်စီးထွက်ခဲ့ပြီး၊ ယခု ဇန်နဝါရီလ (ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀ အိတ်၊ မန္တလေးသို့ အိတ်ရေ ၈၃၄၀၀ အိတ်၊ မကွေးသို့ အိတ်ရေ ၁၀၀၀ အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀ အိတ်၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀ အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀ အိတ်၊ ကချင်သို့ အိတ်ရေ ၁၀၀၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ (၁၆၄၄၀၀)အိတ်၊ တန်အားဖြင့် (၈၂၂၀)တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်နှိုင်းယှဉ်လျှင် အိတ်ရေ (၂၃၈၀၀)အိတ်နှင့် တန်အားဖြင့် (၁၁၉၀)တန် ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း မုံရွာမြို့နယ်ထွက် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း(ဆန်)တစ်ပြည်လျှင် (၃၄၀၀)ကျပ်၊ ဧရာမင်း(ဆန်) (အဟောင်း)တစ်ပြည်လျှင် (၂၆၀၀)ကျပ်နှင့် ဧရာမင်း(ဆန်) (အသစ်)တစ်ပြည်လျှင် (၂၁၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၅၂၅၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၉၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိ၊ ကြက်သွန်ဖြူလက်လီ(ဗမာ) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်အထိ၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် (၄၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် (၄၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ၊ ချင်းတက်တစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ၊ ငရုတ်ခြောက်များမှာ အမျိုးအစားအလိုက် တစ်ပိဿာလျှင်  (၁၇၀၀၀)ကျပ်မှ (၁၈၀၀၀)ကျပ်အထိ၊ အာလူးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်မှ (၂၁၀၀) ကျပ်အထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၈၀၀)ကျပ်မှ (၉၀၀)ကျပ်အထိ စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ကြက်ဥ(ကြီး)လက်လီဈေးနှုန်းမှာ တစ်လုံးလျှင် (၂၅၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀)ကျပ်၊ ဘဲဥ(ကြီး)တစ်လုံးလျှင် (၃၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀)ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၉၀၀၀)ကျပ်မှ  (၁၀၀၀၀)ကျပ်အထိ၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်မှ (၁၆၀၀၀) ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်မှ (၁၆၀၀၀)ကျပ်အထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၆၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

         ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် အခြေခံစားကုန်များဖြစ်သည့် စားအုန်းဆီ၊ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးဈေးများမှာ ယခင်လပတ်ထက်  ဈေးအနည်းငယ်ကျနေကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဒီဇင်ဘာလကုန်ပတ်တွင် နှမ်းနက်အပြင် ပဲစဉ်းငုံများ စတင်ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များနှင့် ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

      ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း နှမ်းနက်နှင့် ပဲစဉ်းငုံများမှား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နှမ်းနက်တစ်တင်းလျှင် အနိမ့်ဈေး(၈၁၅၀ဝိ/-)ကျပ်နှင့် အမြင့်ဈေး(၈၃၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/(၂၂)တန်ဖြစ်ကြောင်း၊ ပဲစဉ်းငုံတစ်တင်းလျှင် အနိမ့်ဈေး(၅၂၀၀ဝိ/-)ကျပ်နှင့် အမြင့်ဈေး(၅၄၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၇၅၀)တင်း/(၁၂၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်မှုကိုနှိုင်းယှဉ်ပါက  ယခင်အပတ်တွင် နှမ်းနက်တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲစဉ်းငုံမှာ ယခုအပတ်မှသာ စတင်၍အရောင်းအဝယ်ဖြစ်ခဲ့ကြာင်း၊ နှမ်းနက်အရောင်းအဝယ်ဖြစ်မှုမှာ ယခင်အပတ်အောက် (၅၁၀၀)တင်း/(၁၂၅)တန်လျော့နည်းခဲ့ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုလျော့နည်းရခြင်းမှာ နှမ်းနက်များသည် နိုဝင်ဘာလမှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်လာသဖြင့် တောင်သူများလက်ဝယ်တွင် လက်ကျန်နည်းပါးမှုကြောင့်ဖြစ်နိုင်ကြောင်းနှင့် မကြာမီတွင် ပဲတီစိမ်းများလည်း စတင်ဝင်ရောက်တော့မည်ဖြစ်ကြောင်း၊ ယခုလက်ရှိ အရောင်းအဝယ်ဖြစ်နေသည့် နှမ်းနက်နှင့် ပဲစဉ်းငုံများကို မန္တလေးဈေးကွက်နှင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း  ပဲ၊ နှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စလင်းမြို့နယ်၊ ကျောင်းကြားကျေးရွာ၌ မိုးစပါး စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့်အဖွဲ့သည် စလင်းမြို့နယ်၌ (၂၆.၁၂.၂၀၂၂)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စလင်းမြို့နယ်၊ ကျောင်းကြားကျေးရွာ၌ မိုးစပါးစိုက်တောင်သူ ဦးထွန်းနိုင်နှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို သွားရောက်ကွင်းဆင်း လေ့လာခဲ့ပါသည်။

      ကျောင်းကြားကျေးရွာသည် စလင်းမြို့နှင့် ကပ်လျက်ရှိပြီး နှစ်စဉ်စပါး၊ ကုလားပဲ၊ ဆီထွက်သီးနှံများ ဖြစ်သည့် နှမ်း၊ နေကြာသီးနှံများကိုစိုက်ပျိုးကြပါသည်။ ယခုနှစ်တွင် ကျောင်းကြားကျေးရွာ တောင်သူများ အနေဖြင့် မိုးစပါးဧက(၂၅၀)ခန့်စိုက်ပျိုးခဲ့ပြီး ဧရာပဒေသာစပါးကိုသာ အဓိကစိုက်ပျိုးကြကြောင်း သိရပါသည်။   စိုက်ပျိုးရာတွင်မိုးစပါးကို နှစ်စဉ်(ဇူလိုင်လ)တွင်စတင်ပျိုးထောင်၍ (ဩဂုတ်လ)လယ်တွင်စိုက်ပျိုး ပြီး ဒီဇင်ဘာလတွင် အပြီးရိတ်သိမ်းကြကြောင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းဟူ၍ရှိရာ စိုက်ပျိုးရာတွင် မြေပြုပြင်ချိန်မှစ၍ စိုက်ပျိုးပြီးသည်အထိ ကျပ်(၂၂၅၀၀၀)ခန့် မျိုး ၂တင်းခွဲ၊ ကွန်ပေါင်း မြေဩဇာ၊ ယူရီယာမြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးစသည့် သွင်းအားစု ထည့်သွင်းခြင်း အနေဖြင့် ကျပ်(၁၅၅၀၀၀)ခန့်နှင့် ရိတ်သိမ်းစရိတ်ကျပ်(၁၂၀၀၀၀)ခန့်၊ စုစုပေါင်း ကျပ်(၅)သိန်းခန့် ကုန်ကျပါကြောင်း၊ မိုးစပါး(၁)ဧကလျှင် (၇၅-၈၀)တင်းထွက်ရှိကာ မိုးစပါး(၁)တင်းလျှင် ယခုပေါက်ဈေး ကျပ်(၁၄၀၀၀)ဖြင့်ရောင်းချရ၍ ဝင်ငွေကျပ်(၁၀၅၀၀၀၀)ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၅၅၀၀၀၀) ရရှိပါကြောင်းနှင့် ကျောင်းကြားကျေးရွာရှိ တောင်သူများသည် စလင်းတမံနှင့်၊ လင်းဇင် ရေလွှဲဆည်မှ ရေကိုအသုံးပြုပြီး စိုက်ပျိုးရ၍ ရေစုပ်စက်ဖြင့် ရေတင်ခြင်းမပြုလုပ်ရသော်လည်း ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အားဆေးအမျိုးမျိုးစသည့် သွင်းအားစုမှာဈေးနှုန်းများ မြင့်မားခြင်းတို့ကြောင့် ယခင်နှစ်ထက် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များလာပါကြောင်း တောင်သူ ဦးထွန်းနိုင်ထံမှ သိရှိရပါသည်။

       မိုးစပါး(၁)ဧကစိုက်ပျိုးရာတွင် အထွက်နှုန်းကွာခြားမှုမှာ သွင်းအားစုထည့်သွင်းခြင်းမတူညီမှု၊ ရေသွင်းအကြိမ်ရေ ကွာခြားမှုတို့ကြောင့် (၁)ဧကစိုက်ပျိုးထုတ်လုပ်မှုစရိတ် မတူညီသလို အထွက်နှုန်းလည်း မတူညီကြောင်း၊ ယခင်နှစ်ကသီးနှံပေါ်ချိန်တွင် မိုးစပါးဧရာပဒေသာ (၁)တင်းလျှင် ကျပ်(၁၀၀၀၀) ရရှိခဲ့ပြီး ယခုနှစ်တွင် ဧရာပဒေသာမိုးစပါး (၁)တင်းလျှင် ကျပ်(၁၄၀၀၀)ရရှိ၍ တောင်သူများအဆင်ပြေပြီး ထွက်ရှိပြီးသားစပါးများကို ဒေသခံပွဲစားများမှတဆင့်ရောင်းချကြသလို စက်ပိုင်များမှလည်း ကျေးရွာ အရောက်လာရောက်ဝယ်ယူကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်၊ စလေစျေးကွက်၌ ဇီးကွဲသီး(အစေ့လွတ်)များအရောင်းအဝယ်ဖြစ်လျက်ရှိ

      ချောက်မြို့နယ်၊ စလေစျေးကွက်၌ ဇီးကွဲသီး(အစေ့လွတ်)များ လှိုင်လှိုင်ပေါ်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ဇီးကွဲသီးများကို ရန်ကုန်-မန္တလေးနှင့် အခြားမြို့နယ်များသို့ ကားများဖြင့် တင်ပို့၍ ရောင်းချလျက်ရှိကြောင်းသိရပါသည်။

     ယခင်နှစ်တွင် ဇီးကွဲသီး(အစေ့လွတ်) (၁)ပြည်လျှင် ကျပ်(၂၀၀၀ မှ ၂၅၀၀)ဖြစ်ပြီး (၁)တင်းလျှင် ကျပ်(၃၂၀၀၀ မှ ၃၅၀၀၀)ရရှိပါကြောင်း၊ ယခုနှစ်တွင် ဒီဇင်ဘာပထမပတ်မှစတင်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ စတုတ္ထပတ်တွင် (၁)ပြည်လျှင် ကျပ်(၂၈၀၀ မှ ၃၀၀၀)ကြားဖြစ်ပြီး (၁)တင်း လျှင် ကျပ်(၄၄၈၀၀ မှ ၄၈၀၀၀)ကြား ရရှိကြောင်းနှင့် တစ်ပတ်လျှင်တင်း(၂၀)ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိပါကြောင်း စလေဇီးကွဲသီး(အစေ့လွတ်) ရောင်းချသူ ဒေါ်ဖြူမွန်ထံမှ သိရှိရပါသည်။

DOCA(အကွေး)

 

ရွှေဘိုမြို့၏ ကြက်သွန်နီ(အသစ်) ဈေးနှုန်းတည်ငြိမ်

            စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် တင်ပြလျက်ရှိပါသည်။

          ယခု ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ပွဲရုံများ၌ ကြက်သွန်နီအဟောင်းများ လက်ကျန်မရှိတော့ဘဲ ကြက်သွန်နီအသစ်များမှာ မိမိတို့ဒေသတွင်းဖြစ်သော ခင်ဦးမြို့နယ်နှင့် ရွှေဘိုမြို့နယ်ရှိ  ကျေးရွာများမှ စိုက်ပျိုးကြသော ကြက်သွန်နီအသစ်များ လှိုင်လှိုင်ပေါ်နေပြီဖြစ်ကြောင်း  ကြက်သွန်နီရောင်းချသော ပွဲရုံတစ်ခုမှ သိရသည်။

          ရွှေဘိုမြို့သို့ ကြက်သွန်နီအသစ်များ  နေ့စဉ် ပိဿာ ၅၀၀၀မှ ၇၀၀၀ကြားခန့် ဝင်ရောက်လျက် ရှိပြီး လက်လီ အကြီး တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

          ကြက်သွန်နီ အသစ် လက်လီ အကြီးတစ်ပိသာလျှင်  ဒီဇင်ဘာလ ပထမပတ်တွင် ၃၇၀၀ကျပ်၊ ဒုတိယပတ်တွင်  ၃၂၀၀ကျပ်၊ တတိယပတ်တွင် ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ပုံမှန်သာဖြစ်ခဲ့ပြီး ယခု ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်လည်း ကြက်သွန်နီ အသစ် လက်လီ အကြီး တစ်ပိဿာလျှင် ၂၅၀၀ကျပ်နှုန်းဖြင့် တတိယပတ် ဈေးနှုန်းအတိုင်း ဈေးနှုန်းတည်ငြိမ်လျက် အရောင်းအဝယ်သွက်နေကြောင်း ၊ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ကြက်သွန်နီပွဲရုံများမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း