ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကုန်စည်ဒိုင်တွင် ယခင်နှစ်နှင့်ယခုနှစ် ပဲဈေးနှုန်းနှိုင်းယှဉ်ချက်

     ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများမှာ ဒီဇင်ဘာ နောက်ဆုံးပတ်တွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံဈေးမှာကျနေပြီး ကုလားပဲဈေးမှာတက်နေကြောင်း သိရှိရပါသည်။ ယခင်နှစ်နှင့်ယခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ် ပဲဈေးများကိုနှိုင်းယှဉ်ကြည့်လျှင် ယခင်နှစ်က ပဲဈေးမှာ ယခုနှစ်လောက် ဈေးကောင်းမရကြောင်း သိရှိရပါသည်။

       ပြည်ကုန်စည်ဒိုင် ယခုနှစ် စတုတ္တပတ်တွင် မတ်ပဲတစ်တင်းကို ၅၆၀၀၀-၅၅၇၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် အဝင်ရှိပြီး လှောင်သမားနှင့်ရန်ကုန်အဝယ်ရှိပါသည်။ ပဲသစ်များ ပေါ်နေပြီဖြစ်၍ ပဲဟောင်းများ ထုတ်ရောင်းသူ များနေပါသည်။ ယခင်နှစ်ကဒီဇင်ဘာ စတုတ္တပတ်တွင် မတ်ပဲဈေးတစ်တင်းကို ၅၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုနှစ်ပဲတစ်တင်းကို ၆၀၀၀၀ ကျပ်ခန့် ဈေးပိုရခဲ့ကြောင်း သိရှိရပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် ယခုနှစ်ဒီဇင်ဘာ စတုတ္တပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၄၆၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ရက်ကိုအိတ် ၇၀၀/၈၀၀ခန့် ရန်ကုန်နှင့် မန္တလေးသို့တင်ပို့မှု ရှိခဲ့ပါသည်။ ယခင်နှစ်က ဒီဇင်ဘာစတုတ္တပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၄၄၅၀၀ကျပ်ဖြင့် မန္တလေး ဝယ်လက်ရှိခဲ့ပြီး ယခုနှစ်ဈေးမှာ ယခင်နှစ်ထက် ၁၅၀၀ကျပ် ဈေးပိုရခဲ့ပါသည်။

       ဒီဇင်ဘာစတုတ္တပတ်၏ ပဲစင်းငုံ ယခုနှစ်ဈေးမှာ ပဲတစ်တင်းကို ၅၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ပန်းတောင်းနှင့် ကံမဘက်မှ ပြည်သို့ ပဲသစ်များ အဝင်ရှိခဲ့ပါသည်။ အရောင်းအဝယ်မှာ ရန်ကုန်ဝယ်လက် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ်ဒီဇင်ဘာ စတုတ္တပတ်တွင်  ပဲစင်းငုံတစ်တင်းကို ၂၉၀၀၀ကျပ်ဖြင့် အဝယ်ရှိပြီး ယခုနှစ်ဈေးမှာ ၂၆၀၀၀ကျပ်ခန့် ဈေးပိုရခဲ့ကြောင်း သိရှိရပါသည်။

     ယခုနှစ် ဒီဇင်ဘာလ စတုတ္တပတ် ကုလားပဲ(HL) တစ်တင်း ၆၅၅၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် ခွဲစက်သမားများနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ကုလားပဲ လက်ကျန်လည်း နည်းနေပြီဖြစ်၍ ပဲဈေးမှာ တက်နေပြီး အရောင်းအဝယ်မှာ သွက်လျက်ရှိပါသည်။ ယခင်နှစ်ကုလားပဲ (HL)ဈေးမှာ တစ်တင်းကို ၃၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခုနှစ်ထက် ၃၅၀၀၀ကျပ်ခန့် ဈေးပိုမြင့်ခဲ့ပါသည်။

       ပြည်ကုန်စည်ဒိုင်၏ ယခုနှစ်ဒီဇင်ဘာ စတုတ္တပတ်မှာ ဘိုကိတ်ပဲဈေးတစ်တင်းကို ၄၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိခဲ့ပြီး တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဒီဇင်ဘာ စတုတ္တပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၂၉၅၀၀ကျပ်ဖြင့် မြို့တွင်း အဝယ် ရှိခဲ့ပါသည်။ ယခင်နှစ်နှင့် ယခုနှစ် ဒီဇင်ဘာစတုတ္တပတ် ဘိုကိတ်ပဲဈေးမှာ တစ်တင်းကို ၁၀၅၀၀ခန့် ဈေးပိုခဲ့ကြောင်း သိရှိရပါသည်။

       ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်က ပဲမျိုးစုံဈေးမှာ ယခုနှစ်လောက် ဈေးမကောင်းကြောင်း သိရှိရပါသည်။ ပဲအရောင်းအဝယ်ဖြစ်မှုမှာလည်း ယခုနှစ်ဒီဇင်ဘာ စတုတ္တပတ်က အရောင်းအဝယ် ပိုကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစျေးနှုန်းတည်ငြိမ်လျက်ရှိ

          တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၁၀၂.၈၃)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၉၀၁၅) မက်ထရစ်တန် ရှိကြောင်း သိရှိရပါသည်။ မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ယခင်နှစ်ထက် ယခုနှစ်မှာ ရော်ဘာ ဈေးကောင်း ပိုရလျက်ရှိပြီး ယခုအပတ်တွင် ရော်ဘာစျေးနှုန်းမှာ  RSS-3 တစ်ပေါင်လျှင် (၁၃၀ဝိ/-) ခန့်၊ RSS-5 တစ်ပေါင် လျှင် (၁၂၀ဝိ/-)ခန့် ဈေးနှုန်းရှိပြီး ယခင်နှစ် အလားတူကာလတွင် RSS-3 တစ်ပေါင်လျှင် (၉၆ဝိ/-) ကျပ်နှင့် RSS-5 တစ်ပေါင်လျှင် (၉၀ဝိ/-)ကျပ်ပေါက်စျေးရှိကြောင်းစုံစမ်းသိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီးထားဝယ်တွင် ရာဘာစျေးနှုန်းအနေဖြင့် တောင်သူများ တွက်ခြေကိုက်လျက်ရှိသောကြောင့် ရာဘာအစေးခြစ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိ၍ အရောင်းအဝယ်မှာ ပုံမှန်ရှိပြီး ရာဘာကို ထားဝယ်မှ ရန်ကုန်သို့ လည်း ကောင်း၊ ထားဝယ်မှ မုဒုံသို့လည်းကောင်း တင်ပို့လျက်ရှိပြီး သယ်ယူပို့ဆောင်ခ(ကားခ) မှာ တစ်ပိဿာလျှင် (၁ဝဝိ/-)ကျပ် ပေးဆောင်ရကြောင်းကုန်သည်တစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

နောင်ယားဈေး၌ အာလူးဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိ

        စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် အာလူးကို ကုန်းသာ၊ သေးဆူလဲကျေးရွာများမှ စိုက်ပျိုး ကြပြီးပြည်နယ်အတွင်း စားသုံးမှုလိုအပ်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့၊ အောင်ပန်း မြို့၊ နောင်တယားမြို့တို့မှ ဝင်ရောက်လျက်ရှိကြောင်း၊  ဒီဇင်ဘာလ စတုတ္ထပတ်တွင် အာလူး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဈေးရှိခဲ့ပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် အာလူးတစ်ပိဿာလျှင် (၂၂၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိရာ ယခင်ပတ် နှင့် ယခုပတ် နှိုင်းယှဉ်လျှင် တစ်ပိဿာ (၃၀၀)ကျပ်ခန့်ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း၊ ဈေးနှုန်းအနည်းငယ်ကျဆင်းရခြင်းမှာ ဒေသထွက်အာလူးအသစ်များဈေးကွက်အတွင်း ဝင်ရောက်လာခြင်းကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းရခြင်းဖြစ်သည်ဟုလွိုင်ကော်မြို့၊ နောင်ယားဈေးရှိအာလူးရောင်းချသော လုပ်ငန်းရှင်တစ်ဦးထံမှသိရ ပါသည်။

DOCA(ကယား)

ကြက်သွန်နီ၊ ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

          ကယားပြည်နယ်တွင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းတို့အပြင် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက် သွန်နီနှင့်ကြက်သွန်ဖြူတို့ကိုလည်းစိုက်ပျိုးကြပါသည်။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်အတွင်းကြက်သွန် နီစိုက်ဧကမှာ(၁၀၈၉)ဧကခန့်နှင့် ကြက်သွန်ဖြူစိုက်ဧကမှာ (၉၃၈) ဧကခန့် စိုက်ပျိုးလျက်ရှိပါ ကြောင်းနှင့် ယခင်နှစ်နှင့်ကာလတူနှိုင်းယှဉ်ကြည့်လျှင် ကြက်သွန်နီစိုက်ဧက(၂၇၂)ဧက ခန့်ပိုမို စိုက်ပျိုးလာခြင်း၊ ကြက်သွန်ဖြူစိုက်ဧက(၁၅၅)ဧကခန့် လျော့နည်းစိုက်ပျိုးလျှက်ရှိပါကြောင်း သက်ဆိုင်ရာဌာန စာရင်းများအရသိရှိရပါသည်။

          ဒီဇင်ဘာလစတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ခန့်နှင့် ကြက်သွန်ဖြူ(ရှမ်း/စ)တစ်ပိဿာလျှင်(၄၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို မိတ္ထီလာ၊ ပင်လောင်းမြို့နယ်တို့ဘက်မှမှာယူ တင်သွင်းရောင်းချလျက်ရှိပါကြောင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၂ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(ဟောင်း) တစ်ပြည် ၃၇၀၀ကျပ်၊ ဧရာမင်းဆန်(ဟောင်း) တစ်ပြည် ၂၈၀၀ကျပ်၊ရွှေဘိုပေါ်ဆန်းဆန်(သစ်) တစ်ပြည် ၂၃၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည် ၁၉၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၅၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၂၂၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၅၀ကျပ်၊ (သေး) တစ်လုံး ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၅၃၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မိုးစပါးရိတ်သိမ်းပြီးစီးမှုနှင့် ဈေးနှုန်းအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် စပါးအဓိကစိုက်ပျိုးသည့်ခရိုင်ဖြစ်ပြီး နှစ်စဉ် မိုးစပါးဧက သုံးသိန်းကျော်စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်ထွက်မိုးသီးနှံစိုက်ပျိုးသည့်ရာသီတွင် မိုးစပါး (၃၅၁၉၃၂)ဧကစိုက်ပျိုးခဲ့ပြီး ရွှေဘိုမြို့နယ်တွင်(၁၁၂၉၉၂)ဧက၊ ဝက်လက်မြို့နယ်တွင် (၁၃၉၂၂၃)ဧက၊ ခင်ဦးမြို့နယ်တွင် (၉၉၇၁၇)ဧက စိုက်ပျိုးခဲ့ကြောင်း၊ စပါးမျိုးကွဲများအလိုက် စိုက်ပျိုးမှုအနေဖြင့် ရွှေဘိုပေါ်ဆန်း (၂၂၅၇၄၈)ဧက၊ ဧရာမင်း(၆၆၁၃၁)ဧက၊ မနော်ဟရီ(၂၃၁၂၉)ဧက၊ ရွှေသွယ်ရင်(၁၉၃၆၈)ဧက၊ IR747 (၁၇၄၄၄)ဧကနှင့် ဆင်းသုခ(၁၁၂)ဧက စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးထားသည့် မိုးစပါးများကို  နိုဝင်ဘာလ ကုန်ပတ်ခန့်မှ စတင်ရိတ်သိမ်းခဲ့ပြီး ဇန်နဝါရီလတွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးနိုင်ကြောင်း၊ ဒီဇင်ဘာလကုန်တွင် မိုးစပါးရိတ်သိမ်းပြီးစီးမှုမှာ (၄၀)ရာခိုင်နှုန်းကျော်ရှိပြီး တစ်ဧကကွက်ကောက်အထွက်နှုန်းမှာ (၈၂)တင်းကျော်ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

         ရွှေဘိုခရိုင်တွင် နှစ်စဉ်မိုးစပါးစိုက်ပျိုးရာ၌ အရည်အသွေးလည်းကောင်းပြီး ဈေးနှုန်းနှင့် ဈေးကွက်ပါ ကောင်းမွန်သည့် ရွှေဘိုပေါ်ဆန်းစပါးကို စိုက်ပျိုးမှုများခဲ့ပြီး ယခုနှစ်တွင်လည်း ရွှေဘိုပေါ်ဆန်းစပါးကို တစ်ခရိုင်လုံး စိုက်ဧက၏ (၆၄)%ကျော်စိုက်ပျိုးခဲ့ပြီး ဧရာမင်းစပါးကို ဒုတိယအများဆုံးစိုက်ပျိုးခဲ့ကြောင်း၊ ကျန်ရှိသော အခြားမျိုးကွဲစပါးများမှာ အနည်းငယ်စီသာစိုက်ပျိုးပြီး ရေသွင်း၊ ရေထုတ်ခက်ခဲသည့် လယ်မြေ များတွင် ပျိုးထောင်စိုက်ပျိုးခြင်းမဟုတ်ဘဲ မျိုးစပါးကို ကြဲပက်ပြီး(ကြဲသား)စိုက်ပျိုးကြကြောင်း၊ ဈေးနှုန်း အနေဖြင့် ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင်(၁၅၈၀၀၀ဝိ/)၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင်(၁၀၅၀၀၀ဝိ/-) ပေါက်ဈေးရှိသဖြင့် ယခင်နှစ်ကာလတူနှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ကာလတူထက် ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင်(၄၃၀၀၀ဝိ/-)၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင်(၁၅၀၀၀ဝိ/-)ပိုမိုခဲ့ကြောင်း၊ ဆန်ဈေးအနေဖြင့် ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါတစ်အိတ်လျှင်( ၅၅၀၀ဝိ/-)နှင့် ဧရာမင်းဆန်(၂၄)ပြည်ပါတစ်အိတ်လျှင်       (၄၅၀၀ဝိ/-)ပေါက်ဈေးရှိကြောင်း၊ စပါး၊ ဆန်ဈေးများမှာ အရည်အသွေးအပေါ်မူတည်၍ ရောင်းဝယ်မှု ပြုကြသည့်အပြင် ဈေးနှုန်းကွာခြားမှုလည်းရှိကြောင်း၊ ယခုနှစ်တွင် မိုးစပါးပေါ်ချိန်ဈေးသည်အမြင့်ဈေးတွင်ရှိခဲ့သဖြင့် နှစ်ကုန်အပိတ်ဈေးတွင်လည်း အမြင့်ဈေးဖြစ်ရန် တောင်သူများမှ မျှော်လင့်လျက်ရှိကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 ဝယ်လက်အဝယ်လိုက်နေတဲ့ ပြည်ချင်းနှင့် ပြည်ဈေးကွက်ရှိအာလူးဈေးနှုန်းဈေးကွက်

     ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ တစ်ပတ်အတွင်း ပိဿာချိန် ၁၀၀၀ခန့် အဝင်ရှိကာဒေသတွင်း အရောင်းအဝယ်သမားများနှင့် လက်လီဈေးရောင်းချသူများ အဝယ်ရှိနေပြီး၊ ဈေးနှုန်းမှာ ယခင်အပတ်ဈေးထက် ၂၀၀ကျပ် ဈေးမြင့်ပြီး ရောင်းချလျက်ရှိပါသည်။ ယခုတစ်ပတ် ချင်း တစ်ပိဿာ (ပွဲရုံဈေး) မှာ ၂၀၀၀-၂၂၀၀ကျပ်၊ (အိတ်စွဲ)ဈေးဖြစ်ပြီး ချင်းသန့်လက်လီဈေးများတွင် တစ်ပိဿာကို ချင်းသန့် ၂၈၀၀-၃၂၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချလျှက်ရှိနေပါသည်။ ဒါလှီးချင်း(ဖတ်) တစ်ပိဿာဈေး ၂၈၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။

      ပြည်ဈေးကွက်တွင် အာလူးမှာ ဒီဇင်ဘာလဆန်းမှစ၍ ဈေးငြိမ်နေခဲ့ရာမှ နောက်အပတ်တွင် ဈေးအနည်းငယ်မြင့်၍ ယခုနောက်ဆုံးပတ်တွင် ဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိပါ သည်။ လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ၂၄၀၀-၂၆၀၀ ကျပ်၊ လက်လီဈေး ကျပ် ၂၈၀၀-၃၀၀၀ ဈေးရှိပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းအာလူးများ အဝင်နည်းလျက်ရှိပြီး မန္တလေးမှတစ်ဆင့် တရုတ် အာလူးများ အဝင်များကြောင်းသိရှိရပါသည်။ တစ်ပတ်လျှင် အိတ်၃၀၀ခန့် အဝင်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မုံရွာမြို့နယ်တွင် ဆီးပန်းသီးများ စတင်ခူးဆွတ်ရောင်းချလျက်ရှိ

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ သက္ကယ်ချင်း၊ လယ်ဇင်၊ ပုလ္လင်၊ ဇီးကျွန်းနှင့် မအူကျေးရွာများ၌ ဆီးပန်းသီးပင်များ အများဆုံးစိုက်ပျိုးကြကြောင်း သိရပါသည်။ တစ်ဧကလျှင် (၁၅)ပေပတ်လည် အကျယ်ဖြင့် အပင်(၁၀၀)ခန့် စိုက်ပျိုးနိုင်ပြီး ဇွန်၊ ဇူလိုင်လမှစတင်၍ ဆီးပန်းသီး ကိုင်းကူးပျိုးပင် တစ်ပင်လျှင် (၃၅၀)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးကာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ (၃)လတွင် ဆီးပန်းသီးပင်များ ခူးဆွတ်ရောင်းချရပါသည်။ ဆီးပန်းသီးစိုက်တစ်ဧက အနေဖြင့် တစ်နေ့လျှင် ဆီးပန်းသီး ပြည်(၆၀)ကျော် (၄)တင်းခန့် ခူးဆွတ်ရရှိကြောင်းနှင့် ဆီးပန်းသီးတစ်ပြည် လျှင် ကျပ်(၁၀၀၀)နှုန်း၊ လက်ရွေး(၁)ဖာလျှင် ကျပ်(၁၃၀၀၀)နှုန်းဖြင့် မုံရွာ-မန္တလေးကားလမ်းမကြီး ပေါ်တွင် ဆိုင်များဖွင့်လှစ်ရောင်းချခြင်းနှင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ မြေပြုပြင်ခြင်း၊ မြေဩဇာနှင့် လုပ်သားခအပါအဝင် စုစုပေါင်း ကျပ် (၁၁)သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ဆီးပန်းသီး ထွက်ရှိနှုန်း ပြည်(၂၀၀၀)ကျော်ခန့် ထွက်ရှိသဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် ကျပ်(၉)သိန်းခန့်ရရှိကာ တွက်ချေကိုက်ကြောင်း အဆင်ပြေနေကြောင်း ဆီးပန်းသီးစိုက်ပျိုးထား သည့် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒီဇင်ဘာလ ‌နောက်ဆုံးပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၆၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၄၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၁၁၁၀၀၊ တန်အားဖြင့် ၅၅၅၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၁၆၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၁၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၂၆၀၀ ၊ တန်အားဖြင့် ၆၁၃၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အိတ်ရေ ၁၁၅၀၀၊ တန်အားဖြင့် ၅၇၅တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများ မှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၈၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅၀၀၀၊ ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း၁၀၀လျှင် ကျပ် ၁၅၈၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၅၅၀၀၀ ၊ ဧရာမင်း စပါး (သစ်) တင်း၁၀၀လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၄၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်ဒေသမန်ကျည်းမှည့်အသစ်များဈေးကွက်သို့စတင်ဝင်ရောက်လာ

       ပြည်မန်ကျည်းမှည့် ပွဲရုံများတွင် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ယခင်နှစ် မန်ကျည်းမှည့် အဟောင်းလက်ကျန် ပြတ်သလောက်သာရှိနေပြီး ယခုအပတ်တွင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းနှင့် ပြည်မြို့နယ်တဝိုက်ရှိ ဒေသများမှ မန်ကျည်းမှည့်အသစ်များ ဝင်ရောက်လာကြောင်း တွေ့ရှိရပါသည်။ ပေါ်ခါစမှည်ကျည်းမှည့်ဈေးမှာ (အစေ့ပါ) တစ်ပိဿာလျှင် (ပွဲရုံဈေး) ၁၅၀၀ကျပ် ဈေးဖြစ်ပြီး လက်လီဈေးမှာတစ်ပိဿာလျှင် ၁၇၀၀-၂၂၀၀ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ဒေသထွက် အစေ့ပါမန်ကျည်းမှည့်များ ပွဲရုံသို့ရက်ခြား ပိဿာချိန် ၄၀၀ကျော် ဝင်ရောက်နေပြီးဒေသတွင်းလက်လီအရောင်းအဝယ်သမားတို့ အစွဲရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း