ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

          အောင်လံကုန်စည်ဒိုင်တွင် နှမ်း(စမုံနက်)ဈေးနှုန်းမှာ ယခင်အပတ်(16.၃.၂၀၂၂)ရက်နေ့နှင့် ယခုအပတ် (23.၃.၂၀၂၂)ရက်နေ့အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ယခုအပတ်နှမ်းစမုံနက်(၄၅)ပိဿာ (1)အိတ်လျှင် (၁၉၀၀၀ဝိ/-၂၀၀၀၀ဝိ/)ဈေးရှိခဲ့ပြီး ယခုအပတ် (၁၉၀၀၀ဝိ/-)ရှိခဲ့၍ (၁၀၀၀ဝိ/-)ကျပ်ဈေးနှုန်း လျော့ခဲ့ပြီး ကျန်နှမ်း(ပြာ)၊ နှမ်းဖြူနှင့် နှမ်းနီတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းစမုံနက်(၁၃၅၀)အိတ်၊ နှမ်းပြာ(၄၈၀) အိတ်၊ နှမ်းနီ(၁၆၀)အိတ်၊ နှမ်းဖြူ(၁၀၀)အိတ်တို့ ဖြစ်ပါသည်။

            ပဲမျိုးစုံအနေဖြင့် ဈေးကွက်မှာ ပဲတီစိမ်း(၄၅)ပိဿာ(၁)အိတ်လျှင် (၄၂၀၀ဝိ/-)ဈေးနှုန်းဖြင့် (၈၀ဝ) အိတ်အရောင်းအဝယ်ရှိခဲ့ပြီး ပဲစဉ်းငုံ(နီ) ယခင်အပတ်(၄၃၈၀ဝိ/-) ယခုအပတ်(၄၄၀၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-)ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊ မတ်ပဲ ယခင်အပတ်(၄၄၅၀ဝိ/-) ယခုအပတ်(၄၆၅၀ဝိ/-)ဖြစ်၍ (၂၀၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(H.L) ယခင်အပတ်(၄၄၇၀ဝိ/-) ယခုအပတ်(၄၄၅၀ဝိ/-)ဖြစ်၍ (၂၀ဝိ/-) ဈေးလျော့၊ ကုလားပဲ (မြကြေး)နှင့် ဘိုကိတ်(ပြာ)ဈေးနှုန်းမှာ ယခင်အပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှု မရှိဘဲ၊ ပဲကြီး ယခင်အပတ်(၅၉၀၀ဝိ/-) ယခုအပတ်(၅၆၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-)ဈေးလျော့၊ မြေပဲ (လုံးဆံဖြူ) ယခင်အပတ်(၃၈၀ဝိ/-) ယခုအပတ်(၃၆၀ဝိ/-)ဖြစ်၍ (၂၀ဝိ/-)ဈေးလျော့ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲစဉ်းငုံနီ (၈၈ဝ)အိတ်၊ ကုလားပဲ(HL)(၁၂၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၁၁၅၀)အိတ်၊ ဘိုကိတ်ပြာ(၅၅၀)အိတ်၊ မြေပဲလုံးဆံဖြူ (၁၀၀၀)အိတ်၊ ပဲကြီး(၉၇၀)အိတ်၊ မတ်ပဲ (၁၈၀)အိတ် ဖြစ်ကြောင်း သိရှိရပါသည်။

            ဝါသီးနှံမှာ ယခင်အပတ်တစ်ပိဿာ(၁၈၅ဝိ-၁၉၅ဝိ)ဖြစ်ပြီး ယခုအပတ်(၁၉၀ဝိ-၂၀၀ဝိ)ရှိသည့် အတွက် (၅ဝိ/-)ကျပ်ဈေးမြင့်ခဲ့ပြီး ပိဿာချိန်(၃၈၀၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

 

လွိုင်ကော်မြို့ရှိ ဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း တည်ငြိမ်လျက်ရှိ

                လွိုင်ကော်မြို့၊ မတ်လ တတိယပတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများမှာ ပြည်နယ်အတွင်း လင်ဖုံလေးဒေသမှ ထွက်ရှိသော ခရမ်းချဉ်သီးများဖြစ်ပြီး၊ ယခင်က မိထ္တီလာ၊ အင်းလေး၊ ပင်လောင်းဘက်မှ ဝင်လာသော ခရမ်းချဉ်သီးများကို မှာယူရောင်းချကြသော်လည်း ယခုအခါတွင် သယ်ယူစရိတ်များ များသောကြောင့် ဈေးကွက်အတွင်း ဒေသမှထွက်သော ခရမ်းချဉ်သီးများကို အလုံး အကြီးအသေးပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ်(၅၀၀၊ ၆၀၀)ဈေးနှုန်းဖြင့် ရောင်းချကြပြီး ဈေးနှုန်းတည်ငြိမ်လျက် ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်း ခရမ်းချဉ်သီး ရောင်းချသူများထံမှ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကယားပြည်နယ်

ယူရီးယားဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချမှု အခြေအနေ

           ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် တောင်သူလယ်သမားများက နွေစပါး၊ အခြားသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ယူရီးယားဓါတ်မြေဩဇာများကို လအလိုက် အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါတယ်။ ယူရီးယားဓါတ်မြေဩဇာကားများ ဝင်ရောက်လာမှုအား အိတ်အရေအတွက်၊ တန်၊ ဝိတ်ချိန်ပြည့်ဝမှုရှိ/မရှိ သေချာစွာ စိစစ်လက်ခံ၍ တောင်သူလယ်သမားများသို့ ကျေးရွာအုပ်စုအလိုက် အချိန်မီရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။

    ထိုသို့ဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ်အတွက် ယူရီးယားဓါတ်မြေဩဇာတစ်အိတ် ဈေးနှုန်းမှာ (၃၂၀၀၀)ကျပ်ဖြစ်ပြီး ယူရီးယားဓါတ်မြေဩဇာခွဲတမ်းရရှိမှုမှာ တန်(၁၃၉၅.၂၅၀)၊ အိတ် (၂၇၉၀၅)ဖြစ်ပြီး ယနေ့အထိ လက်ခံရရှိမှု ယူရီးယားဓါတ်မြေဩဇာမှာ (၅၅၅)တန်၊ အိတ်(၁၁၀၉၉) အားရရှိပြီးဖြစ်ပါသည်။ ဖြန့်ဝေပြီးစီးပါကြောင်းနှင့် ထပ်မံဝင်ရောက်သည့်ကားများကိုလည်း ဆက်လက်တင်ပြဆောင်ရွက်နေပါကြောင်း သိရှိရပါတယ်။

DOCA(ရန်ကုန်)

ပုံမှန်‌ဈေးဖြင့်ရောင်းချနေသော စက်သုံးဆီဆိုင်သို့ လေ့လာကွင်းဆင်းစုံစမ်းခြင်း

            ရန်ကုန်တိုင်း‌ဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်အတွင်း လှိုင်သာယာမြို့နယ်ရှိ စက်သုံးဆီ ဆိုင်များမှ နေ့စဉ်စက်သုံးဆီဈေးနှုန်းများကို ကောက်ယူလျက်ရှိရာ နံနက်(၁၀:၃၀) အချိန်တွင် ပုံမှန်ဈေးဖြင့် ရောင်းချလျက်ရှိသော REGENCY(လှိုင်သာယာ) စက်သုံးဆီဆိုင်သို့ ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။

  ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ်သို့ ဈေးနှုန်းစာရင်း ကောက်ယူနေသော ဝန်ထမ်းသည်(၂၄.၃.၂၀၂၂) နံနက်(၁၀:၃၀)အချိန်တွင် ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော REGENCY(လှိုင်သာယာ) စက်သုံးဆီဆိုင်သို့ကွင်းဆင်းလေ့လာခဲ့ရာတွင် 92 ကို (၁)လီတာ (၂၀၄၅) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဒီဇယ်ကို (၁)လီတာ (၂၁၆၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပရီမီယမ်ကို (၁)လီတာ (၂၁၇၅) ကျပ်နှုန်းဖြင့်လည်းကောင်း အသီးသီးရောင်းချလျက်ရှိပါကြောင်း၊ ဝယ်ယူသည့် လီတာများမှန်ကန်မှုနှင့် ဆိုင်ဝန်ထမ်းများမှလည်း ဝန်ဆောင်မှုအပြည့်အဝပေးသောကြောင့် ဝယ်ယူသူများမှလည်း စိတ်ကျေနပ်မှုရှိပါသောကြောင့် ဆိုင်မှာပုံမှန်အတိုင်းရောင်းရပါကြောင်း၊ မိမိတို့ ဌာနကိုလည်း လီတာနှင့်ဈေးနှုန်းစာရင်းများကို နေ့စဉ်ချိတ်ဆက်ပေးပို့လျက်ရှိပါကြောင်း မြေပြင်သို့ ကွင်းဆင်းလေ့လာချက်များအရ သိရှိခဲ့ရပါတယ်။

DOCA(ရန်ကုန်)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

                  အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မတ်လ (၁၈)ရက်နေ့မှ မတ်လ (၂၄)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၃၀၀ မှ ၆၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၃၀၀ မှ ၉၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၂၀၀ မှ ၆၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၅၀၀ မှ ၂၅၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၈၀၀ မှ ၁၅၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၅၀၀ မှ ၁၃၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၁၆၀၀ မှ ၃၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၄၅၀၀ မှ ၆၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၆၀၀ မှ ၁၈၀၀ အတွင်း၊ ဆလပ်ရွက်(စီး)ကျပ် ၉၀ မှ ၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၇၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၇၀၀ မှ ၁၃၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀၀ မှ ၂၃၀ အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)(ပိဿာ) ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)ကျပ် ၃၃၀၀ မှ ၇၀၀၀ အတွင်းဖြစ် ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၆၅၃၀၀)ကျော်၊ ခရမ်းသီး(ရှည်)(လုံး) (၁၆၂၀၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၅၀၀၀) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၄၆၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၇၁၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၇၈၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၇၄၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၅၈၀၀)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

 

စက်သုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်ပမှ US ဒေါ်လာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချသည့် ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချမှုရှိစေရေး၊ အချိန်အတွယ်နှင့် အရည်အသွေးပြည့်ဝမှန်ကန်မှုရှိစေရေးတို့ကို ဈေးကွက်စောင့်ကြည့်ကြပ်မတ်ဆောင်ရွက်ကြရာတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ စက်သုံးဆီဆိုင် (၃၉) ဆိုင်ရှိခဲ့ရာမှ ဖေဖော်ဝါရီလတွင် ထပ်တိုးဆီဆိုင် (၂) ဆိုင်ရှိခဲ့ရာ ၂၀.၃.၂၀၂၂ ထိ စုစုပေါင်း (၄၁) ဆိုင်ရှိကြောင်း သိရပါသည်။

       အဆိုပါစက်သုံးဆီဆိုင်၏ ဓါတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်းများ နေ့စဉ်ပုံမှန်ဈေးအထူးရောင်းဈေးများဖြင့် ပြောင်းလဲမှုများရှိခဲ့ရာမှ ၈.၃.၂၀၂၂ မှ ၁၅.၃.၂၀၂၂ ထိ ရိုးရိုးဒီဇယ်နှင့် ပရီမီယံဒီဇယ်တို့မှာ ပုံမှန်ဈေး နှုန်းဖြင့်သာ ရက်သတ္တပတ်ခန့်သာရောင်းချခဲ့ပြီး 16.3.2022 ရက်မှစ၍ အထူးဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချခဲ့ရာတွင် 21.3.2022 ရက်နေ့ အထူးဈေးနှုန်း ရိုးရိုးဒီဇယ် တစ်လီတာ (1790) ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ(1844)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပုံမှန်ဈေးနှုန်း ရိုးရိုးဒီဇယ်တစ်လီတာ (2040) ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ(2055)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာ (2045) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ (1965) ကျပ်ဖြင့်ရောင်းချလျက်ရှိ‌ကြောင်း၊ ၂၀၂၂ ဖေဖော်ဝါရီလ၏ စတုတ္ထပတ်နှင့် မတ်လ၏ စတုတ္ထပတ်ဈေးနှုန်းများ နှိုင်းယှဉ်ကြည့်ရာတွင် ရိုးရိုးဒီဇယ်တစ်လီတာ (320) ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ(325)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာ (305) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ (225) ကျပ်ထိ ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

       ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် မတ်လ(၁၅)ရက်နေ့မှ (၂၁) ရက်နေထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ တိုက်ကြီးမှ ပိန္နဲသီး အလုံးကြီး ကျပ် ၂၀၀၀၀ မှ ၁၇၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀၀ မှ ၁၂၀၀၀၊ အလုံးသေးကျပ် ၁၀၀၀၀ မှ ၈၀၀၀၊  ဖျာပုံမှ နှင်းသီး (နှင်းပန်းသီး) အလုံးကြီး (အလုံး ၁၈၀ ပါ) ကျပ် ၉၀၀၊ ကျောင်းကုန်း၊ ခရမ်း၊ ဒိုက်ဦး၊ ဝေါမှ ဖရဲသီး( 855   )အလုံးကြီးကျပ် ၅၀၀၀၊ အလုံးလတ်ကျပ် ၃၅၀၀၊ အလုံးသေးကျပ် ၁၈၀၀၊ အသုတ်၊ ဝေါ မှ ဖရဲသီး (  211)    အလုံးကြီးကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၀၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀၊ အလုံးသေး ကျပ် ၂၀၀၊  ပြင်ဦးလွင် မှ စတော်ဘယ်ရီ ( ၅ ပိဿာတစ်ခြင်း) ကျပ် ၁၅၀၀၀ နှင့် (၁၈ ကျပ်သားဗူး) ကျပ် ၈၀၀၊ (၁၀ ကျပ်သားဗူး) ကျပ် (၅၀၀)၊ မအူပင် (ရွှေတောင်ပေါ်) မှ သရက်သီး (မချစ်စု) အလုံးကြီး တစ်ခြင်း ကျပ် ၃၈၀၀၀၊ အလုံးလတ် တစ်ခြင်း ကျပ် ၃၄၀၀၀၊ အလုံးသေး တစ်ခြင်း ကျပ် ၃၀၀၀၀၊ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ  မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်  စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း   ( MFVP )မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

မုံရွာမြို့၏ ချင်းဈေးကွက်

          အောင်ပန်းဒေသမှ မုံရွာမြို့အတွင်းသို့ ဂျင်းကားများ ပုံမှန်နေ့စဉ် အဝင်ရှိပြီး ယခုတစ်ပတ်အနေဖြင့် ချင်း၁ပိဿာလျှင် ၁၀၀ကျပ်ခန့် ဈေးတက်ပါသည်။ ချင်းကို စားဖိုဆောင်နှင့် ဂျင်းပေါင်းပြုလုပ်သူများ အများဆုံး အသုံးပြုပါသည်။ ယခုတစ်ပတ် ချင်းဈေးအနေဖြင့် (ပွဲရုံ၊ ဈေး၁ပိဿာလျှင် ၉၀၀-၁၀၀၀ကျပ်ဈေးဖြစ်ပြီး လက်လီအနေဖြင့် ၁၂၀၀-၁၄၀၀ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်လျှက်ရှိနေပါသည်။ ဂျင်းပေါက်၁ပိဿာလျှင် ၁၀၀ဝိကျပ်နှင့် ဂျင်းချဉ်၁ပိဿာလျှင် ၁၆၀၀ ကျပ်ဈေးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ဆောင်ရွက်ချက်

               ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေဖြင့် ရွှေဘိုပေါ်ဆန်း G.I ရရှိ‌ရေးအတွက် ဆောင်ရွက်နေသည်မှာ တောင်သူ၊ကုန်သည်များနှင့် ဆန်စက်ပိုင်များအားလုံးသိရှိပြီး ဖြစ်သည်။

        ရွှေဘိုပေါ်ဆန်း G.I ရရှိ‌ရေးအတွက် ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေး ကဏ္ဍသည်လည်း လွန်စွာအရေးကြီးလှသည့်ကဏ္ဍတစ်ရပ် ဖြစ်သည်။ ယခုအခါ ရွှေဘိုပေါ်ဆန်းစိုက်‌တောင်သူဦးကြီးများ 2022ခုနှစ် မိုးစပါးရာသီတွင် ရွှေဘိုပေါ်ဆန်းမျိုးကောင်းမျိးသန့်ရရှိရေး ရည်ရွယ်၍ JICA Project ဖြင့် ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့(နောက်) စိုင်နိုင်စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာတွင်  တည်ဆောက်ထားသော JAPAN နိုင်ငံ SATAKE Company  ထုတ် Seed Center Type-A(မျိုးစေ့သန့်စင် စက်ရုံ)ကိုရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (SPFMTA)မှ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ Seed Center Type-A (မျိုးစေ့သန့်စင်စက်ရုံ)တွင် ရွှေဘိုပေါ်ဆန်း မျိုးစပါး + ခြောက်ခံခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိသည်။ ရွှေဘိုပေါ်ဆန်း မျိုးစပါး + ခြောက်ခံခြင်းနှင့်သန့်စင်ခြင်းကို စပါး(100)တင်း (70000)ကျပ်နှုန်း၊ အခြောက်ခံခြင်းသီးသန့်ကို စပါး (100)တင်း (40000)ကျပ်နှုန်းနှင့် သန့်စင်ခြင်းသီးသန့်ကို စပါး(100)တင်း(40000)ကျပ်နှုန်းဖြင့် သတ်မှတ်ထားပါကြောင်း ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

DOCA(စစ်ကိုင်း)

မင်းကင်းမြို့နယ်၏ မြေပဲစိုက်ပျိုးထွက်ရှိမှု

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုကြပြီး စိုက်ပျိုးရန် မြေဆီ၊ မြေနှစ်ကောင်းမွန်ခြင်းနှင့် အခြားဒေသ များထက် ရာသီဥတုပုံမှန်ပြီး မိုးကောင်းသောကြောင့် စပါး၊ ပဲမျိုးစုံ၊ နေကြာ၊ နှမ်း အစရှိသည့် သီးနှံများကို စိုက်ပျိုးကြသည်။

          စိုက်ပျိုးမြေကောင်းမွန်ပြီး နုန်းတင်မြေနုခင်းများလည်း ရှိသောကြောင့် ဆီထွက်သီးနှံဖြစ် သော မြေပဲကိုလည်း အဓိကသီးနှံအဖြစ် စိုက်ပျိုးကြသည်။ ရေ၊ မြေ၊ ရာသီဥတု ကွာခြားမှုတို့ကြောင့် မင်းကင်းမြို့နယ်မှ ထွက်ရှိသောမြေပဲမှာ အခြားဒေသများ၏ မြေပဲများထက် အရည်အသွေးကောင်း ပြီး ဆီထွက်နှုန်းကောင်းကြောင်း သိရသည်။ မင်းကင်းမြို့နယ်မှ ထွက်ရှိသော မြေပဲဆီသည်လည်း ပဲစိုက်တောင်သူများက မိမိတို့၏ ရပ်ကွက်၊ ကျေးရွာများတွင်သာရှိသော ဆီကြိတ်ခွဲစက်များနှင့် ဆုံများတွင်သာ ကြိတ်ခွဲကြသောကြောင့် မည်သည့်အရောအနှောမှ မပါဝင်ပဲ ပဲဆီသန့်သန့်ကိုသာ ရရှိကြောင်းလည်းသိရသည်။

          ဆောင်းမြေပဲကို တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးကြပြီး တပေါင်းလသည် ပဲသိမ်းချိန် ဖြစ်သည်။ မိုးများသည့်ဒေသဖြစ်သဖြင့် မိုးမြေပဲစိုက်ပျိုးမှု နည်းကြောင်းလည်းသိရသည်။ မိုးမြေပဲ စိုက်ပျိုးရာတွင် ပေါင်းထူခြင်း၊ ပဲနေလှန်းရန်မလွယ်ကူခြင်း၊ ပဲဆံမအောင်ခြင်း စသည့်အခက်အခဲ များကြောင့် စိုက်ပျိုးမှုနည်းခြင်းဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။

          ယခုနှစ် ဆောင်းမြေပဲစိုက်ပျိုးရာတွင် ယခင်နှစ်များထက် ရာသီဥတု သင့်တင့်မျှတသော ကြောင့် ပဲစိုက်တောင်သူတိုင်း ပဲအထွက်နှုန်းကောင်းကြကြောင်း သိရသည်။ တစ်ဧကလျှင် ပဲဆံ နှစ်တင်းခွဲ စိုက်ပျိုးရပြီး အထွက်နှုန်းမှာ နုန်းတင်မြေနုခင်းဖြစ်လျှင် ပဲဆံ တင်းနှစ်ဆယ် ထွက်ရှိပြီး ၊ မြေနုခင်းမဟုတ်သည့် အခြားအခင်းများတွင် ပဲဆံ ဆယ့်ငါးတင်းခန့် ထွက်ရှိကြောင်းလဲ သိရှိရသည်။ မင်းကင်းမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော ပဲမျိုးစုံတို့ကို ကလေးဝ၊ ကလေးမြို့၊ မုံရွာ စသည့်မြို့များရှိ ပွဲရုံများသို့တင်ပို့ ရောင်းချကြောင်းသိရသည်။

          ယခုနှစ်တွင် မြေပဲ အနီလုံးဆံ ၁ ပိဿာလျှင် ၃၃၀၀/၃၃၇၅၊ အနီဆီဆံ ၁ ပိဿာလျှင် ၃၂၀၀ နှင့် အနီရွေးဆံ ၁ ပိဿာလျှင် ၃၂၅၀ အစရှိသည့်ဈေးများနှင့် ယခင်နှစ်ထက်ဈေးအနည်းငယ် ပိုရသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အခြားသောအကြောင်းအမျိုးမျိုးတို့ကြောင့် အမြို့မြို့ အနယ်နယ်တိုင်း၏ စက်သုံးဆီဈေးနှုန်းများမှာ မြင့်တက်နေပြီး သယ်ယူပို့ဆောင်ခများလဲ မြင့်တက် လာသောကြောင့် မင်းကင်းမြို့နယ်မှ မုံရွာမြို့ရှိပွဲရုံများသို့ စပါး၊ ပဲစသည်တို့ကို တင်ပို့ရောင်းချရာတွင် ကုန်တင်ကားများ၏ သယ်ယူပို့ဆောင်ခဈေးမြင့်တက်မှုတို့ကြောင့် တောင်သူများ အခက်တွေ့ ရကြောင်းကိုလဲ တောင်သူတစ်ဦး၏ ပြောကြားချက်အရ  သိရှိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း