ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်းလှမြို့နယ်၊ ဝါပွဲရုံ၌ ဈေးနှုန်း / ဈေးကွက်အခြေအနေအားကွင်းဆင်းလေ့လာခြင်း

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်သည် ဧရာတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး မြေဆီဩဇာကောင်းမွန်သည့်အတွက် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသော မြို့တစ်မြို့ဖြစ်ပါသည်။ မင်းလှ မြို့နယ်တွင် ဝါကို ယာမြေတွင်အဓိကထား စိုက်ပျိုးကြောင်းသိရှိရပါသည်။ မင်းလှမြို့နယ်တွင် ဝါစိုက်တောင်သူ ( ၄၆၉၀ ) ဦးရှိပြီး ၂၀၂၁ -၂၀၂၂  ဘဏ္ဍနှစ်တွင် ဝါစိုက်ဧက ( ၁၀၀၀၀ ) ကျော်ခန့်ရှိပြီး (၂၀၂၂ - ၂၀၂၃)  ဘဏ္ဍနှစ် တွင် ဝါစိုက်ဧက ( ၂၄၅၁၇ ) ကျော်စိုက်ပျိုးထားရှိကြောင်း ဝါဈေးနှုန်းကောင်းမွန်သည့်အတွက် လာမည့်နှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် (၂၀၂၁  - ၂၀၂၂)  ဘဏ္ဍနှစ်တွင် ၁ပိဿာလျှင်ဝါ( ၁၅၀၀  မှ ၁၈၀၀ ) အထိရှိပြီး ဝါဂွမ်း၁ပိဿာလျှင် ( ၅၅၀၀ ) အထိဈေးရခဲ့ပြီး၊ ယခုနှစ်တွင် ၁ပိဿာလျှင်ဝါ ( ၂၈၀၀ ) ၊ ဝါဂွမ်း၁ပိဿာလျှင်   ( ၆၈၀၀ ) အထိ ဈေးရရှိပြီး ယခင် နှစ်ထက်ဈေးပိုမိုရရှိကြောင်း သိရှိရပါသည်။

          မင်းလှမြို့နယ်ရှိ ဝယ်ယူသည့်ဝါပွဲရုံများ၌ ဝါသီးနှံထွက်ရှိသည့်ကာလများတွင် တစ်နေ့လျှင် ပိဿာချိန် ( ၄၀၀၀ မှ ၈၀၀၀ ) ထိအရောင်းအဝယ်ရှိကြောင်းနှင့် လစဉ်ဝါဂွမ်းပိဿာချိန် (၁၅၀၀၀)ခန့် ကိုလည်း မန္တလေးမြို့ရှိ စက်မှုဇုန်သို့တင်ပို့ရောင်းချရကြောင်း ဝါအဝယ်ပွဲရုံလုပ်ငန်းရှင်ဦးစန်းလွင်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မကွေး)

ပြည်ဒေသ၏ မြေပဲစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

      ပြည်ခရိုင်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံကို အဓိကထား၍ စိုက်ပျိုးကြပြီး တစ်နှစ်လျှင် (၂)ကြိမ် မိုးမြေပဲနှင့်ဆောင်းမြေပဲဟူ၍ ရှိပါသည်။ ပြည်ခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးမြေပဲစိုက်ဧကမှာ ၃၇၉၅၃ ဧကရှိပြီး တစ်ဧကအထွက်နှုန်းမှာ ၅၉ တင်းကျော်ခန့်ထွက်ရှိပါသည်။ ဆောင်းမြေပဲကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ယခုအချိန်အထိ ၂၆၀၂၅ ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ ဆောင်းမြေပဲများသည် လာမည့်နှစ် ၂၀၂၃ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ထွက်ပေါ်မည်ဖြစ်ပါသည်။ မြေပဲပင်သည် ၃ လခွဲနှင့် ၄ လအတွင်းရိတ်သိမ်းနိုင်ပြီး ရေမြေဒေသကိုလိုက်၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့်သီးနှံဖြစ်ပါသည်။ မြေပဲအမျိုးအစား (၂)မျိုးရှိပြီး ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးဟူ၍ရှိကာ  ပင်ပြန့်မျိုးကို မိုးခေါင်ရေရှားအရပ်ဒေသများတွင် အများဆုံးစိုက်ပျိုးပြီး ပြည်ခရိုင်အနေဖြင့် ပင်ထောင်မြေပဲကို အများဆုံးစိုက်ပျိုးကြပါသည်။ ဆောင်းရာသီတွင် ရွှေတောင်၊ ပန်းတောင်းနှင့် ပြည်မြို့နယ်ရှိ ကျွန်းမြေများပေါ်တွင်လည်း စိုက်ပျိုးကြပါသည်။ မြေပဲများစိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုး(၆)တင်းခန့်ကုန်ကျပြီး နုန်းမြေနှင့် သဲနုန်းမြေတို့တွင် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်ပါသည်။ မြေပဲတစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၃၈၀၀၀၀ ကျပ်ခန့်ကုန်ကျပြီး၊ မြေပဲတောင့်ဈေးမှာ တစ်တင်းလျှင် ၁၃၀၀၀ ကျပ်ဈေးရှိ၍ တစ်ဧကဝင်ငွေမှာ ၇ သိန်းကျော်ရှိ၍ တောင်သူအကျိုးအမြတ်မှာ ၃၄၀၀၀ ကျပ်ခန့်ရရှိသည်ဟု သိရှိိရပါသည်။ မြေပဲများနှုတ်သိမ်းချိန်တွင် အလေအလွင့်မရှိစေရန်ဂရုစိုက်ရပြီး နှုတ်သိမ်းချိန်နောက်ကျပါက မြေပဲနှုတ်ရခက်ပြီး၊ နှုတ်သိမ်းချိန်စောပါကလည်း အစိုဓါတ်များ၍ ဆီထွက်နှုန်းနည်းမည်ဖြစ်ပါသည်။

      ယခု ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ပြည်ဈေးကွက်သို့ ကံမဘက် မြေပဲဆန်အိတ် ၉၀၀/၁၀၀၀ ခန့်ဝင်ရောက်မှုရှိပြီး ဝင်သလောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ လုံးဆန် (အနီ)ကို မန္တလေး ဝယ်လက်များနှင့် မြို့တွင်းပဲလှော်ဖိုသမားများက နေ့စဉ်ဝယ်ယူမှုရှိ၍ နေ့စဉ်ရောင်းဝယ်မှုရှိပြီး ဈေးလည်းမြင့်တက်လာပါသည်။ လုံးဆန်(အဖြူ)ကို မြဝတီဝယ်လက်များက အဝယ်ပြန်လိုက်လာသော်လည်း ရက်ခြားသာအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးနှုန်းများမှာ မြေပဲဆီဆန်တစ်ပိဿာလျှင် ၄၃၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေပြီး၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ၄၉၀၀ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးအနည်းငယ်ကျလာခဲ့ပါသည်။ လုံးဆန် (အနီ) တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ယခင်အပတ်ထက် တစ်ပိဿာလျှင် (၅၀၀)ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူ(ကြူကုတ်) အရောင်းဖြစ်

      ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူ(ရှမ်းစ)များမှာ ဈေးမြင့်နေပါသည်။ ပြည်ဈေးကွက်သို့ တင်ပို့လျက်ရှိသည့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၌ပင် ပစ္စည်းနည်းနေ၍ ပြည်သို့ အဝင်နည်းလျက်ရှိ ခြင်းကြောင့် ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ တစ်ပတ်လျှင် အိတ် ၅၀ မှ ၁၀၀ အတွင်း သာ အဝင်ရှိပြီး ဈေးနှုန်းအနေဖြင့် ယခင်ပတ်က လက်ကား(ပွဲရုံ)ဈေး ၁ပိဿာလျှင် ၂၅၀၀-၂၈၀၀-၃၂၀၀-၃၆၀၀ ကျပ်၊ လက်လီဈေး ၃၄၀၀-၃၈၀၀ ကျပ်ဈေးရှိခဲ့ပြီး ယခုတစ်ပတ်တွင် လက်ကား (ပွဲရုံ)ဈေး ၁ပိဿာလျှင် ၄၀၀၀-၄၃၀၀-၄၅၀၀ ကျပ်၊ လက်လီဈေး ၄၅၀၀- ၅၀၀၀ ကျပ် ဈေးရှိနေပါကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ(ကြူကုတ်)မှာ ရှမ်းစများ အဝင်နည်းကာ လက်ကျန်နည်းပြီး ဈေးမြင့်နေသည့်အတွက် ဒေသတွင်းလုပ်ငန်းရှင်များ၊ သုံးစွဲသူများမှ ကြူကုတ်အဝယ်များ ကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်သို့ မန္တလေးမှ တစ်ပတ်အတွင်း အိတ် ၅၀၀ခန့် အဝင်ရှိပြီး ဈေးနှုန်းအနေဖြင့် ယခင်ပတ်က လက်ကား(ပွဲရုံ)ဈေး ၁ပိဿာလျှင် ၃၆၀၀-၃၈၀၀ကျပ်၊ လက်လီဈေး ၃၈၀၀-၄၀၀၀ ကျပ်ဈေးရှိခဲ့ပြီး ယခုတစ်ပတ်တွင် လက်ကား(ပွဲရုံ)ဈေး ၁ပိဿာလျှင် ၃၄၀၀-၃၅၀၀-၃၆၀၀ကျပ်၊ လက်လီဈေး ၄၀၀၀-၄၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ ကြံသီးနှံ စိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေနှင့် သကြားဈေးကွက်အခြေအနေ

         စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာနလုပ်ငန်းများနှင့်အတူ ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက်လည်း လုပ်ငန်းရှင်များနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး စက်မှုကုန်ကြမ်း သီးနှံများ ပိုမိုထွက်ရှိလာနိုင်ရေး သက်ဆိုင်ရာဌာနများ၊ တောင်သူများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ခရိုင်တွင်  ကြံသီးနှံကို ခရိုင်အတွင်းရှိ မြို့နယ်အားလုံးတွင် စိုက်ပျိုးလျက်ရှိရာ ပြည်မြို့ နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ယခင်နှစ်က ကြံသီးနှံကို (ခင်းသစ်)(၁၈၈၉၂)ဧက၊ (လမိုင်း) (၇၇၇၈)ဧက စုစုပေါင်း(၂၆၆၇၀)ဧက စိုက်ပျိုးခဲ့ပြီး တန်(၆)သိန်း ကျော်ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ကြံသီးနှံစိုက်ပျိုးမှုအခြေအနေ

          ကြံသီးနှံ(ခင်းသစ်) (၂၀၄၉၈)ဧက စိုက်ပျိုးပြီး တစ်ဧက ခန့်မှန်း (၂၅)တန်ထွက်ရှိလျှင် တန်ချိန် (၅)သိန်းကျော်ခန့်၊ (လမိုင်း)(၇၃၄၀)ဧက စိုက်ပျိုးပြီး အထွက်နှုန်းအနေ ဖြင့်(၁၇)တန်ခန့် ထွက်ရှိလျှင် တန်ချိန်(၁)သိန်းကျော်ခန့် စုစုပေါင်း(၂၇၈၃၈) ဧကမှ ပျှမ်းမျှအထွက်နှုန်း (၂၃)တန် ထွက်ရှိလျှင် ကြံတန်ချိန်ပေါင်း (၆၄၀၀၀၀)ကျော်ခန့် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။၊

တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်အခြေအနေ

           ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ခင်းသစ်တစ်ဧကကုန်ကျစရိတ် ကျပ်(၁၂)သိန်းကျော် ကုန်ကျပြီး လမိုင်း တစ်ဧကလျှင် ကျပ်(၈၄၀၀၀)ကျော် ကုန်ကျပါသည်။ ခင်းသစ်အနေဖြင့် အထွက်နှုန်း(၂၅) တန်ခန့် ထွက်ရှိပါက တစ်ဧကဝင်ငွေ ကျပ်(၁၈)သိန်းကျော်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၆) သိန်းကျော် ရရှိနိုင်ပါသည်။ လမိုင်းအနေဖြင့်အထွက်နှုန်း(၁၇)တန်ခန့်ထွက်ရှိပါက တစ်ဧကဝင်ငွေ ကျပ်(၁၂)ကျော်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၄)သိန်းကျော် ရရှိနိုင်ပါသည်။

ဈေးနှုန်းနှင့်ဈေးကွက်အခြေအနေ

           ပြည်မြို့နယ်၊ နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြားစက်မှ ကြံတစ်တန်လျှင် စက်အရောက်(၇၅၀၀၀)ကျပ် ဈေးပေးဝယ်ယူလျက်ရှိပြီး တောင်သူများအနေဖြင့် ခုတ်သိမ်းပြီးသော ကြံများကို သကြားစက်များသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ အချို့ တောင်သူများအနေဖြင့် တပိုင်တနိုင် ကြံသကာချက်လုပ်၍ ကြံသကာအဖြစ်ရောင်းချခြင်း၊ ကြံ သကာပြုလုပ်သည့် ဖိုများသို့ ရောင်းချခြင်းများဖြင့် ဈေးကွက်ရရှိလျက်ရှိပါသည်။

သကြားစက်များ၏ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေ

       ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်တွင် နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်တွင် အင်ငါးခွ သကြားစက် စုစုပေါင်း(၂)စက်ရှိပါသည်။ နဝဒေးသကြားစက်မှ ယခုဘဏ္ဍာနှစ်တွင် ကြံ တန်ချိန် (၂၀၀၀၀၀)ခန့် ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန်(၂၀၀၀၀)ခန့် ထုတ်လုပ်ရန် လျာထား လျက်ရှိရာမှ ယခုဒီဇင်ဘာလတတိယပတ်ထိ ကြံတန်ချိန် (၃၁၄၀၉.၇၂)ကြိတ်ပြီး၍ သကြားတန်ချိန် (၃၁၄၁)ထွက်ရှိပြီးဖြစ်ပါသည်။ အင်းငါးခွသကြားစက်အနေဖြင့် ကြံတန်ချိန် (၁၅၀၀၀၀)ခန့် ကြိတ်ခွဲ ရန်လျာထားပြီး သကြားတန်ချိန်(၁၅၀၀၀)ခန့် ထုတ်လုပ်ရန် လျာထားရာ ယခုဒီဇင်ဘာလ တတိယ ပတ်ထိ ကြံတန်ချိန် (၁၃၄၉၃.၈၅)ကြိတ်ပြီးသဖြင့် သကြားတန်ချိန် (၁၃၄၉) ထွက်ရှိပြီး ဖြစ်ပါသည်။ စက်ရုံများမှ သကြားတစ်ပိဿာလျှင် ၂၁၀၀ ကျပ်ဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။

          ပြည်ဈေးကွက်တွင် ယခင်က သကြားတစ်ပိဿာလျှင် လက်လီဈေး ၂၃၀၀ ကျပ်၊ လက်ကား ဈေး (၂၂၀၀)ကျပ်ဈေးရှိပြီး ယခု ကြံရာသီခုတ်သိမ်းကာလအချိန်တွင် လက်လီဈေး၂၈၀၀ကျပ်၊ လက်ကားဈေး ၂၄၀၀ ကျပ်ထိဈေးမြင့်လာကြောင်း တွေ့ရှိရပါသည်။ သကြားဈေးကောင်းနေသောကြောင့် စက်ရုံများအနေဖြင့် ကြံစိုက်တောင်သူများအား ယခင်နှစ်ထက် ဈေးကောင်းပေးဝယ်ယူခဲ့သည့်အတွက် တောင်သူများအနေဖြင့်လည်း အကျိုးအမြတ်များ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆောင်းနှင့်အတူအေးနေတဲ့ ပြည်နှမ်းဈေးကွက်

      ပြည်ဈေးကွက် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် နှမ်းဈေးများကျဆင်းလာခဲ့ပါသည်။ နှမ်းဈေးများ ကျဆင်းလာရခြင်းမှာ နှမ်းဝင်ရောက်မှုမရှိသလို အရောင်းအဝယ်မှာလည်း အနည်းငယ် သာဖြစ်ကြောင်း သိရှိရပါသည်။ ပြည်ခရိုင်အနေဖြင့် နှမ်းနီမှာစိုက်ဧကနည်းပြီး အထွက်နည်းသဖြင့် ဆီစက်လုပ်ငန်းရှင်များက ဆီကြိတ်ရန် သိုလှောင်ထားကြသဖြင့် ဈေးကွက်တွင် နှမ်းနီလက်ကျန် ရှားလာပါသည်။ အချို့ဆီစက်သမားများက နှမ်းနက်ကို ဆီကြိတ်ရန် ဝယ်ယူမှုရှိသဖြင့် ပြည်မြို့ အနီးတဝိုက်ကျေးရွာများတွင် နှမ်းနက်ကိုသာ စိုက်ပျိုးကြသဖြင့် ဝယ်ယူစားသုံးသူများအနေဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုသော သီးနှံများ ဖြစ်ပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်း ကို ယခင်က မန္တလေးနှင့် ရန်ကုန်ဝယ်လက်များက Export တင်ပို့ရန် အဝယ်ရှိသော်လည်း ယခု အပတ်တွင် အရောင်းအဝယ်အေးသွားကြောင်း  သိရှိရပါသည်။ ယခုနှစ်နှမ်းဈေးများမှာ ယခင်နှစ် ထက်စာလျှင် ဈေးကောင်းရပြီး၊ ယခုနှစ်မှာလည်း နှမ်းဈေးမှာ ဝယ်လိုအား များလျှင်များသလို ဈေးကောင်းပြီး ဝယ်လိုအားနည်းလျှင် ဈေးကျ၍ အတက်အကျ မမှန်သည်ကို တွေ့ရှိရပါသည်။ ယခုအပတ် နှမ်းဈေးများမှာ နှမ်းနီ (၃)တင်း တစ်အိတ်လျှင် ၂၀၀၀၀၀ကျပ်၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၂၂၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ထက် (၂၀၀၀၀)ကျပ် ဈေးကျလာခဲ့ပါသည်။ စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် ၂၅၀၀၀၀ကျပ်ဖြင့် ယခင်အပတ်ထက် ၁၀၀၀၀ကျပ်ခန့် ဈေးကျ လာခဲ့ပါသည်။ နှမ်းဆီဈေးမှာ ယခင်အပတ်ကအတိုင်း တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အကျိုးအမြတ်ဖြစ်ထွန်းနေသော ပြည်မြို့ဒေသထွက် ဒိန်ချဉ်လုပ်ငန်း

          ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့နယ်တွင် ပွင့်လင်းရာသီဖြစ်သည့်အတွက် အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိသော ဒိန်ချဉ်လုပ်ငန်းမှာ အရောင်းအဝယ်ကောင်းမွန်လျက်ရှိပါသည် ။

        ပြည်မြို့ ၊ နဝဒေးရပ်ကွက် ၊ နီလာလမ်းတွင် ထုတ်လုပ်သော ဒိန်ချဉ်မှာ ပြည်မြို့အနီးတဝိုက်တွင် ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။ ဒိန်ချဉ်ပြုလုပ်ရာတွင် အသုံးပြုရသော ကုန်ကြမ်းမှာ နွားနို့နှင့်သကြား ကုန်ကြမ်းကို ဒေသတွင်း နွားမွေးမြူရေးခြံများမှလည်း ဝယ်ယူသလို ကိုယ်ပိုင်မွေးမြူရေးခြံများမှလည်း ရရှိကြောင်း သိရှိရပါသည်။ လုပ်သားအရေအတွက် ၁၀ ဦးခန့်ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။ ဒိန်ချဉ်ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်အနေဖြင့် နွားနို့တစ်ပိဿာလျှင် ဒိန်ချဉ် ၄ ဘူးထွက်ရှိပြီး နွားနို့ တစ်ပိဿာလျှင် ၁၆၀၀ကျပ် ၊ သကြား၂၅ ကျပ်သားလျှင် ၅၀၀ကျပ် ၊ ဘူးဖိုး တစ်ဘူးလျှင် ၁၅၀ ကျပ် ကုန်ကျပြီး လေးဘူးကုန်ကျငွေ ၆၀၀ ကျပ် ၊ အထွေထွေ ကုန်ကျငွေ ၆၅၀ ကျပ်ကုန်ကျသည့်အတွက် နွားနို့တစ်ပိဿာလျှင် စုစုပေါင်းကုန်ကျငွေ ၃၄၅၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ တစ်ရက်လျှင် လုပ်သားတစ်ရက်ပေးချေရမှုမှာ ၅၀၀၀ကျပ်ဖြစ်ကြောင်း သိရှိရပြီး တစ်နေ့လျှင် နွားနို့ပိဿာ ၁၀၀ ၊ ဒိန်ချဉ်ဘူး (၀.၃၅) လီတာဘူး ၄၀၀ ထွက်ရှိကြောင်း သိရှိရပါသည်။ ဒိန်ချဉ်ဘူးများကို ရန်ကုန်တိုင်း ၊ မကွေးတိုင်း ၊ မော်လမြိုင် ၊ မြဝတီနှင့် ‌‌ဒေသတွင်း မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ယခုတစ်ပတ် ညောင်လေးပင်ခရိုင် စပါး/ဆန်ဈေးနှုန်း

        ယခုတစ်ပတ် ညောင်လေးပင်မြို့နယ်အတွင်း ဆင်းသုခ စပါးသစ်ဈေးနှုန်းများအနေဖြင့် (၄၆) ပေါင် တင်း၁၀၀လျှင် ၁၁၂၀၀၀ဝိ-/ ကျပ်ခန့် ဖြစ်ပြီး ၊ ဆင်းသုခ ဆန်ဟောင်းတစ်အိတ် ထိပ်စလျှင် ၅၀၀၀ဝိ-/ ကျပ် ၊ ဆင်းသုခ ဆန်သစ်တစ်အိတ်လျှင်၄၃၀၀ဝိ-/ ကျပ် ၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၃၈၅၀ဝိ-/ ကျပ် ၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၃၇၅၀ဝိ-/ ကျပ် ၊ ဖွဲနုတစ်အိတ်လျှင် ၁၉၀၀ဝိ-/ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ယခုတစ်ပတ် ဒိုက်ဦးမြို့နယ်အတွင်း ဆင်းသုခ (၅၀)ပေါင် တင်း၁၀၀လျှင် ၁၂၂၀၀၀ဝိ-/ ကျပ်ခန့် ဖြစ်ပြီး ၊ ဆင်းသုခ ဆန်တစ်အိတ်လျှင် ၄၀၀၀ဝိ-/ ကျပ် ၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၃၇၅၀ဝိ-/ ကျပ် ၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၃၆၀၀ဝိ-/ ကျပ် ၊ ဖွဲနုတစ်အိတ်လျှင် ၁၈၀၀ဝိ-/ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေကျင်ဒေသထွက် ရှောက်ပြားရည်ဈေးကွက်

      ပဲခူးတိုင်းဒေသကြီးသည် ဒေသထုတ်ကုန်များ ပေါများသည့် တိုင်းတစ်တိုင်းဖြစ်သည်နှင့်အညီ ဈေးကွက်ရောင်းဝယ်ဖောက်ကားမှုအရလည်း လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သော တိုင်းတစ်တိုင်း ဖြစ်ပါသည် ။ ညောင်လေးပင်ခရိုင် ၊ ရွှေကျင်မြို့နယ်တွင် သဘာဝသစ်သီးကို အခြေခံကာ ဒေသထုတ်ကုန်တစ်ခုအဖြစ် ‌‌‌ရှောက်ပြားရည်ကို   ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည် ။

     သဘာဝ‌ရှောက်သီးကို အခြေခံ၍ ထုတ်လုပ်သော ရှောက်ပြားရည်သည် ရှောက်သီး ၊ သကြား ၊ ပျားရည်တို့ကို ကုန်ကြမ်းအဖြစ်အသုံးပြုကာ ထုတ်လုပ်ရပြီး ကုန်ကြမ်းကို ဒေသတွင်းနှင့် မွန်ပြည်နယ် ၊ ဘီးလင်းမြို့တို့မှ ရရှိကြောင်း သိရှိရပါသည် ။   လုပ်သားအရေအတွက် (၃၀)ဦးခန့်ဖြင့် လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။ တစ်ရက်လုပ်သားခအနေဖြင့် လုပ်သားတစ်ဦးလျှင် (၇၀၀ဝိ-/) ကျပ်ခန့် ပေးချေရကြောင်း သိရှိရပါသည်။ ထုတ်လုပ်မှု ပမာဏအားဖြင့် တစ်နှစ်လျှင် ‌ရှောက်ချဉ်ရည် ပုလင်း နှစ်သိန်းခန့် ၊ ‌ရှောက်ပျားရည် ပုလင်း ၅၀၀၀ခန့် ၊ ‌‌‌ရှောက်သီးဆေးပြား တစ်နှစ်လျှင် ပိဿာချိန် (၇၀၀၀)ခန့် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည် ။ ရှောက်ပျားရည် တစ်ပုလင်းလျှင် ၂၀၀ဝိ-/ ကျပ်ဖြင့် ရန်ကုန် ၊ ပဲခူး ၊ မန္တလေး ၊ နေပြည်တော် ( ပျဉ်းမနား) သို့ ဈေးကွက် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

နေ့စဉ်ဝင်ငွေရသည့် တစ်နိုင်တစ်ပိုင် ငါးပိခြင်းတောင်း ၊ ငါးခြောက်ခြင်းတောင်းလုပ်ငန်း

        ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ် ၊ သံတံတားရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် အိမ်တွင်းလုပ်ငန်းဖြစ်သော ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်း ရက်လုပ်သော လုပ်ငန်းလုပ်ကိုင်ကြောင်း သိရှိရပါသည်။

       အဆိုပါ ငါးခြောက်ခြင်းတောင်း နှင့် ငါးပိခြင်းတောင်း ရက်လုပ်ရာတွင် အသုံးပြုရသော ကုန်ကြမ်းမှာ ဝါးဖြစ်ပြီး ကုန်ကြမ်းကို ဒေသတွင်းရှိ ဝါးဆိုင်များမှ ဝယ်ယူရရှိပါသည်။ ခြင်းတောင်း တစ်ခြင်းထုတ်လုပ်ရာတွင် ကုန်ကျစရိတ်အနေဖြင့် ၂၅၀ဝိ-/ ကျပ်ခန့် ကုန်ကျပြီး ခြင်းတစ်ခြင်း ရောင်းရငွေမှာ ၃၅၀ဝိ-/ ကျပ်ခန့် ရရှိသည့်အတွက် ခြင်းတစ်ခြင်းရောင်းရငွေ အကျိုးအမြတ်မှာ ၁၀၀ဝိ-/ ကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။ တစ်နေ့လျှင် ခြင်း( ၁၀ )ခြင်းခန့် ထုတ်လုပ်နိုင်ပြီး ဒိုက်ဦးမြို့နယ် အတွင်းရှိ ငါးပွဲရုံများနှင့် ငါးပိပွဲရုံများသို့ ပေးပို့‌ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လက်ရှိတွင် အဆိုပါ ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်း ရက်လုပ်သော လုပ်ငန်းကို လုပ်သား (၅)ဦးခန့်ဖြင့် မိသားစု တစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒီဇင်ဘာလစတုတ္ထပတ် စက်သုံးဆီ‌ဈေးနှုန်းများအခြေအနေ

      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခုဒီဇင်ဘာလစတုတ္ထပတ်အတွင်း ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၄၁၀/-) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၉၀/-) ကျပ်၊ ဓာတ်ဆီ(92)တစ်လီတာလျှင်(၁၉၆၅/-) ကျပ်နှင့် ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၁၃၅/-) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၃၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၃၀) ကျပ်တို့ဖြင့်ဈေးနှုန်း ကျဆင်းလျက်ရှိပြီး ဓါတ်ဆီ (92)တစ်လီတာလျှင်(၉၀) ကျပ် ၊ဓါတ်ဆီ (95) တစ်လီတာလျှင် (၅)ကျပ်တို့ဖြင့် ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(ကယား)

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း