အမြတ်ရရှိနေသော တောင်ငူဒေသမှ ကြံစိုက်တောင်သူများ
တောင်ငူခရိုင် ၊ တောင်ငူမြို့နယ်တွင် ကြံစိုက်ဧက ၃၃၈၂ ဧကရှိကြောင်း သက်ဆိုင်ရာဌာန ၏ စာရင်းဇယားများအရ သိရှိရပါသဖြင့် တောင်ငူမြို့နယ်သည် စပါး၊ ပဲပြီးလျှင် ကြံကို တတိယအများဆုံး စိုက်ပျိုးသည့် မြို့နယ်ဖြစ်ပါသည်။ အချို့သော တောင်သူများမှာ ယခင်နှစ်က စိုက်ပျိုးထားသည့် လမိုင်းခင်းများ ဖြစ်ကြပါသည်။
တောင်ငူမြို့နယ်မှ ထွက်သော ကြံအများစုကို အနီးဆုံးသကြားစက်ဖြစ်သည့် အုတ်တွင်း မြို့နယ် ဗောဓိကုန်းသကြားစက်သို့ရောင်းချကြပါသည်။ သကြားစက်မှ ကြံစတင်ဝယ်ယူသည့်နေ့ကစ၍ နေ့စဉ်ကြံများကို ခုတ်ကြပါသည်။ သကြားစက်ရုံမှ ကွင်းထဲအရောက် ကားများလွှတ်၍ ဝယ်ယူပေး ပါသည်။ ကြံတစ်တန်လျှင် ၆၇၀၀၀၀ ကျပ် ဝယ်ယူပါသည်။
ကြံခုတ်ရာသီတွင် လုပ်သားများလည်း ဝင်ငွေရကြပါသည်။ ကြံခုတ်တစ်ရက်အတွက် လုပ်သားခ ၆၀၀၀ ကျပ် ရရှိကြောင်း၊ လုပ်သား လေးယောက် တစ်အုပ်စုဖွဲ့၍ ကြံကားတစ်စီးတင်လျှင် ၂၄၀၀၀ ကျပ် ရရှိကြောင်း သိရှိရပါသည်။
လမိုင်းခင်းများသည် တစ်ဧကလျှင် ၁၈ တန်မှ ၂၀ တန်အထိ ထွက်ရှိကြောင်း၊ အခင်းသစ် မြေကောင်းသည့်နေရာ၊ သွင်းအားစုထည့်သွင်းနိုင်သည့် နေရာများတွင် တစ်ဧကလျှင် ၂၇ တန်မှ ၃၀ တန်အထိ ထွက်ရှိကြောင်း သိရှိရပါသည်။
ယခင်နှစ်က ကြံတစ်တန်လျှင် ၄၅၀၀၀ ကျပ်သာရရှိကြောင်း၊ ယခုနှစ်တွင် ကြံတစ်တန် လျှင် ၆၇၀၀၀ ကျပ်ရရှိကြောင်း၊ စက်သုံးဆီဈေး၊ သွင်းအားစု၊ မျိုးဈေးတက်လာသော်လည်း ကြံဈေးလည်း မြင့်သည့်အတွက် အကျိုးအမြတ်ရရှိကြောင်း၊ တစ်ဧက ကြံတန် ၂၀ ထွက်ရှိသူအတွက် ဝင်ငွေ ၁၃၄၀၀၀၀ ကျပ် ရရှိပြီး စိုက်ပျိုးစရိတ်ကုန်ကျငွေ ၆၂၀၀၀၀ ကျပ် နုတ်လျှင် အကျိုးအမြတ် ၇၂၀၀၀၀ ကျပ်ရရှိကြောင်း၊ တစ်ဧက အထွက်နှုန်းပိုသည့် တောင်သူများ အကျိုးအမြတ်ပိုရကြောင်း၊ ခင်းသစ် စိုက်ပျိုးသူများအနေဖြင့် စိုက်ပျိုးစရိတ် ပိုသော်လည်း အထွက်နှုန်းလည်း ပိုပါကြောင်း ဒိုးအင်းကျေး ရွာမှ ကြံစိုက်တောင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)