ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၏ထောပတ်သီး ဈေးနှုန်းဈေးကွက်အခြေအနေ

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေး၊ မြသလ္လာဈေးနှင့် သီရိမင်္လာဈေး ကြီးများအတွင်းတွင် ရှမ်းပြည်နယ်ထွက် ထောပတ်သီးများ ဈေးကွက်အတွင်း ဝင်ရောက်မှု များပြားပြီး ရောင်းချလျက်ရှိကြောင်း သိရသည်။ ထောပတ်သီးတွင် အညိုရောင်ရှိသောအသီးနှင့် အစိမ်းရောင်ရှိသော အသီးဟူ၍ (၂)မျိုးရှိသည်။

        ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလုံးအလတ်တစ်လုံးလျှင် (၇၀၀)ကျပ်၊ အလုံးအငယ်တစ်လုံးလျှင် (၅၀၀)ကျပ် ယခင်နိုဝင်ဘာလအတွင်း ဈေးကွက်အတွင်းဖြစ်ပေါ်ခဲ့သော ထောပတ်သီးဈေးနှုန်းမှာ အလုံးကြီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ အလုံးအလတ်တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလုံးအငယ်တစ်လုံးလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း၊ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်တွင် ထောပတ်သီး ဈေးနှုန်းမှာ ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်းနှင့် ဈေးနှုန်းကျဆင်းရခြင်းမှာ ဈေးကွက်အတွင်းသို့ ထောပတ်သီးများလှိုင်လှိုင်ဝင်ရောက်နေခြင်းကြောင့်ဖြစ်ကြောင်း သီရိမင်္ဂ လာဈေးအတွင်း ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိုးကြက်သွန်နီများ စတင်ရိတ်သိမ်း  

        စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးကြက်သွန်နီ စိုက်ဧက (၂၀၀၀)ကျော်စိုက်ပျိုးပြီးစီး၍ ယနေ့အထိ ဧကပေါင်း (၁၆၀၀)ကျော် ရိတ်သိမ်းပြီးကြောင်း သိရသည်။ မိုးကြက်သွန်နီကို ဩဂုတ်လနှင့်စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းလေ့ရှိရာ ယခုဈေးကွက်သို့ဝင်ရောက်မှုအနေဖြင့် နိုဝင်ဘာလ ပထမပတ်မှစ၍ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

         မိုးကြက်သွန်နီများ ဈေးကွက်သို့ နိုဝင်ဘာလ ပထမပတ်မှစ၍ ဝင်ရောက်လျက်ရှိရာ ဈေး နှုန်းအနေဖြင့် တစ်ပိဿာလျှင်(၂၅၀၀-၃၅၀၀)ကျပ်ခန့်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ် အတွင်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိ အရွယ်အစားအလိုက်ဈေးများအသီးသီးရှိခဲ့ ကြောင်း၊ ကြက်သွန်နီဝင်ရောက်မှု ကုန်ချိန်ဝင်ရောက်မှုအနေဖြင့် ယခင်အပတ်အတွင်းတစ်ရက်ကို ပိဿာချိန်ပေါင်း(၉၀၀၀)ခန့် နေ့စဉ်ဝင်ရောက်ခဲ့ကြောင်း၊ ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး ကုန်ချိန်ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် ပိဿာချိန် (၁၀၀၀၀)ခန့် နေ့စဉ်ဝင်ရောက်မှုရှိကြောင်း သိရပါသည်။ တင်ပို့မှုများအနေဖြင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် ချင်းတွင်းအထက်မြစ်ရိုးတစ်လျှောက် အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်အတွင်း  ကြက်သွန်ဖြူ ဈေးနှုန်းအနည်းငယ်ကျဆင်း

         စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို  မုံရွာမြို့နယ်အတွင်း၌လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြပြီး၊  ယခုနှစ်စိုက်ပျိုးထားရှိမှုများ စတင်ရိတ်သိမ်းပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုများကြောင်း၊ ဒေသထွက်များ လှိုင်လှိုင်ပေါ်လျက်ရှိကြောင်း၊ ကြက်သွန်ဖြူကို အောင်ပန်း၊ ကလောတို့မှလည်းကောင်း သယ်ယူကာရောင်းချလျက်ရှိကြောင်း၊ လက်ရှိဈေးကွက် အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခုဒီဇင်ဘာလ စတုတ္ထအပတ်တွင် ကြက်သွန်ဖြူ ရှမ်းစ တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၅၀၀၀)၊ ယခင် နိုဝင်ဘာလ စတုတ္ထအပတ်တွင် ကြက်သွန်ဖြူ ရှမ်းစ တစ်ပိဿာလျှင် ကျပ် (၅၀၀၀) ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၀၀၀) ဖြင့်ရောင်းချလျက်ရှိကြောင်း၊  ယခု ဒီဇင်ဘာလစတုတ္ထအပတ်နှင့်  ယခင် စတုတ္ထအပတ်နှိုင်းယှဉ်မည်ဆိုလျှင် ရှမ်းစ တစ်ပိသာလျှင် ကျပ် (၅၀၀)ခန့်၊ (ကြူကုတ်) တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း မုံရွာမြို့၊ မြသလ္လာဈေးတွင် ရောင်းချနေသော ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်အတွင်း  ခရမ်းချဉ်သီး ဈေးနှုန်း ဆက်လက်ကျဆင်း

     ရွှေဘိုမြို့၌ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများ ဒီဇင်ဘာလ တတိယပတ်တွင်  ဈေးနှုန်းဆက်လက် ကျဆင်းလာပြီး ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၂၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင်  ဒီဇင်ဘာလဒုတိယပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၄၀၀ကျပ် ဈေးရှိခဲ့သဖြင့် ယခင်ပတ်နှင့် ယခုပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်ပတ်အောက် ၂၀၀ကျပ် ဈေးဆက်လက်ကျဆင်းလာခဲ့သည်။ မုံရွာမြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများမှ လှိုင်လှိုင်ဝင်ရောက်လာသော ရာသီစာ ကျားခြေရာ သီးခေါ် ဗမာခရမ်းချဉ်သီး တစ်ပိသာလျှင် ၁၃၀၀ကျပ် မှ ၁၅၀၀ကျပ်ဖြင့်  အရောင်းအဝယ်သွက်နေကြောင်း အောင်ဇေယျဈေးတွင် ခရမ်းချဉ်သီး လက်လီရောင်းချသော ဈေးသည်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ဈေးအေးပြီး အရောင်းအဝယ်မအေးသော မိုးကြက်သွန်နီဈေးကွက်

         မြင်းခြံခရိုင်တွင် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော မိုးကြက်သွန်နီ ဈေးနှုန်းများမှာ ဒီဇင်ဘာလ ဒုတိယပတ်တွင် အကြီးတစ်ပိဿာလျှင် ၂၆၀၀ ကျပ်မှ ၂၈၀၀ ကျပ်၊ အလတ်စတစ်ပိဿာ လျှင် ၁၅၀၀ ကျပ်မှ ၂၃၀၀ ကျပ်၊ အသေးစတစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်များရှိခဲ့ပြီး၊ ယခု ဒီဇင်ဘာလ တတိယပတ်ဈေးနှုန်းများမှာ အကြီးတစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ အလတ်စတစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊ အသေးစတစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်ဖြင့် ဈေးနှုန်းများ အနည်းငယ်ကျပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်တစ်ပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာကို ၇၀၀ ကျပ်ဝန်းကျင် လျော့ကျခဲ့ပြီး ကြက်သွန်နီများ အစိုစများပြီး ဆိုဒ်အရွယ်အစား၊ အရည်အသွေးများပေါ်မူတည်၍ ဈေးနှုန်းများ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          မြင်းခြံဈေးကွက်သို့ ကြက်သွန်နီ ဝင်ရောက်မှုအနေဖြင့် ယခင်အပတ်တွင် ပိဿာချိန် (၆၅၀၀၀၀)ကျော် ဝင်ရောက်ခဲ့ပြီး၊ ယခုအပတ်တွင် ပိဿာချိန် (၆၀၀၀၀၀)ကျော်သာ ဝင်ရောက် မှုရှိခဲ့ရာ ယခင်အပတ်ထက် ယခုအပတ်တွင် ပိဿာချိန် (၅၀၀၀၀)ခန့် လျော့နည်းခဲ့ပါသည်။ ကြက်သွန်နီ တင်ပို့မှု အနေဖြင့် ရန်ကုန်၊ နေပြည်တော်၊ မြဝတီ၊ မော်လမြိုင် စသည့်မြို့ကြီးများသို့ တင်ပို့လျက်ရှိပြီး ယခင်တစ်ပတ်တွင်  (၁၂)ဘီးကား(၁၉)စီး၊ တန်ချိန်အားဖြင့် (၃၂၃)တန် တင်ပို့နိုင်ခဲ့ပါသည်။ ယခုအပတ်တွင် (၁၂)ဘီးကား (၂၂)စီး၊ တန်ချိန်အားဖြင့် (၃၇၄)တန် တင်ပို့နိုင်ခဲ့ရာ ယခင် အပတ်ထက် တန်ချိန် (၅၁)တန် ပိုမိုတင်ပို့မှုရှိခဲ့ပါသည်။

          မိုးကြက်သွန်နီဈေးကွက်အနေဖြင့် အရည်အသွေး၊ အမျိုးအစားပေါ်မှုတည်၍ ဈေးနှုန်းအေးပြီး တင်ပို့မှုအနေဖြင့် ဝယ်လက်ကုန်သည်များသို့ ပုံမှန်အတိုင်း တင်ပို့လျက်ရှိကြောင်း ကြက်သွန်နီ ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

       ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒီဇင်ဘာလ ‌တတိယပတ်တွင် စပါး/ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀ အိတ်၊ မန္တလေးသို့ အိတ်ရေ ၄၅၆၀၀ အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀၀ အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၀၀၀ အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၀၀၀ အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ ၁၀၆၁၀၀ အိတ်၊ တန်အားဖြင့် ၅၃၀၅ တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၆၀၀၀ အိတ်၊ မန္တလေးသို့ အိတ်ရေ ၄၄၆၀၀ အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၀၅၀၀ အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀ အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀ အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ ၁၁၁၁၀၀ အိတ်၊ တန်အားဖြင့် ၅၅၅၅ တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၀ အိတ် ၊ တန်အားဖြင့် ၂၅၀ တန်ပို၍ စီးထွက်ခဲ့ပါသည်။

     ရွှေဘိုမြို့၏ ဒီဇင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ်၂၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၈၀၀၀၊ ဧရာမင်းစပါး တင်း ၁၀၀ လျှင် ကျပ် ၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ရွှေဘိုပေါ်ဆန်းစပါး(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၆၀၀၀၊ ဧရာမင်း စပါး(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် (သစ်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၆၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မကွေးမြို့ပေါ်၌ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများတည်ငြိမ်လျက်ရှိ

        မကွေးတိုင်းဒေသကြီး ၊ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး လူအသုံးများသော ဓါတ်မြေဩဇာများဖြစ်သည့် အာမို( ၁၅း ၁၅း၁၅)( 50 kg) တစ်အိတ်လျှင် ယခင်ဒီဇင်ဘာလ ပထမအပတ်တွင် ကျပ် (၁၅၀၀၀၀)ရှိပြီး ယခု ဒုတိယအပတ်တွင်လည်း ကျပ်(၁၅၀၀၀၀)၊ MC (50kg) တစ်အိတ်လျှင် ယခင်ပထမအပတ်တွင် ကျပ်(၁၄၀၀၀၀)ဖြစ်ပြီး ယခုဒုတိယပတ်တွင်လည်း ကျပ်(၁၄၀၀၀၀)၊ တက်တိုး(၁၅း၇း၈) (50kg) တစ်အိတ်လျှင် ယခင်ပထမပတ်တွင် ကျပ်(၉၅၀၀၀)ဖြစ်ပြီး ယခု ဒုတိယအပတ်တွင်လည်း ကျပ်(၉၅၀၀၀)၊ ရွှေပုလဲ(50kg) တစ်အိတ်လျှင် ယခင်ပထမအပတ်တွင် ကျပ်(၇၄၀၀၀)ဖြစ်ပြီး ယခုဒုတိယအပတ်တွင်လည်း ကျပ်(၇၄၀၀၀)၊ ဇာမဏီ တစ်အိတ်လျှင် ယခင်ပထမအပတ်တွင် ကျပ်( ၇၃၀၀၀) ဖြစ်ပြီး ယခု ဒုတိယအပတ်တွင်လည်း ကျပ်(၇၃၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

      လူအသုံးများသော ပိုးသတ်ဆေးများဖြစ်သည့် ပရိုမက်တင် (၅၁.၈ E) တစ်ဗူးလျှင် ယခင်အပတ်တွင် ကျပ်(၂၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၃၀၀၀) ၊ ဆလက်ပက်စ် တစ်ဗူးလျှင် ယခင်အပတ် တွင် ကျပ်( ၂၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၂၀၀၀)၊ အီရာပရိုသရင်တစ်ဗူးလျှင် ယခင် အပတ်တွင် ကျပ်(၂၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၃၀၀၀)၊ ဖို(စ်)တင်း EC တစ်ဗူးလျှင် ယခင်အပတ်တွင် ကျပ်(၁၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၈၀၀၀)ဖြစ်၍ ဒီဇင်ဘာလ ဒုတိယ အပတ်တွင်လည်း စျေးနှုန်းအတက်အကျမရှိဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

       ယခုကာလသည် ဆောင်းရာသီကာလဖြစ်၍ ရာသီတုပ်ကွေးများနှင့် ဖျားနာမှုများ ဖြစ်ပွားလျက်ရှိရာ မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြသော အိမ်သုံးဆေးဝါးများမှာ ဒီဇင်ဘာလဒုတိယအပတ်တွင် ဆေးဝါးအချို့မှာစျေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

       မကွေးမြို့ပေါ်ရှိ စျေးကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးနှင့် အိမ်သုံးအား ဆေးများ၏ စျေးနှုန်းများမှာ ဒီဇင်ဘာလ ဒုတိယအပတ်တွင် စျေးနှုန်းပြောင်းလဲမှုမရှိဘဲ စျေးနှုန်း တည်ငြိမ်နေသော အိမ်သုံးဆေးဝါးများမှာ Paracetamol(၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၃၅၀)၊ Biogesic (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၁၃၀၀)၊  Amoxacillin အလုံး(၁၀၀)ပါတစ်ဘူးလျှင် ကျပ် (၃၅၀၀)၊ Bermeton အလုံး(၁၀၀)ပါတစ်ဘူးလျှင်ကျပ်(၁၀၀၀)၊ Cetrine (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၂၅၀)၊ဓါတ်ဆား MPF တစ်ထုပ်လျှင်ကျပ်(၃၀၀)၊ Sara (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၉၀၀)၊ Flemex (၁၀) လုံးပါ တစ်ကဒ်လျှင်ကျပ်(၄၀၀၀)၊ Solumx (၄) လုံးပါ တစ်ကဒ်လျှင် ကျပ်(၁၅၀၀) ၊  Alexal(၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၃၅၀၀)၊ Mexagrip (၄)လုံးပါ တစ်ကဒ်လျှင် ကျပ်(၇၅၀) စသည် တို့ဖြင့် အသီးသီးစျေးနှုန်းတည်ငြိမ်လျက်ရှိသော်လည်း Decogin (၁၀)လုံးပါတစ်ကဒ်လျှင် ယခင်အပတ်တွင် ကျပ်(၂၅၀၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၂၆၀၀)ဖြစ်၍ ကျပ်(၁၀၀) စျေးမြင့်တက်ခဲ့ကြောင်း၊ Civit အလုံး(၁၀၀)ပါ တစ်ဘူးလျှင် ယခင်အပတ်တွင် ကျပ်(၁၄၀၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ် (၁၅၀၀)ဖြစ်၍ ကျပ်(၁၀၀)ဖြင့် စျေးမြင့်တက်လျက်ရှိကြောင်း  ဆေးဆိုင်များမှလေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

သရက်မြို့တွင် ဂျိုးစပေါက်စေ့များ အရောင်းအဝယ်ရှိနေ

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် မိုးတွင်းကာလအတွင်း လယ်ကွင်းစပ်အနီးတစ်ဝိုက်နှင့် မြေလွတ်/မြေရိုင်းများတွင် သဘာဝအလျောက်ပေါက်ရောက်နေသော ဂျိုးစပေါက်ပင်များအား စပါးရိတ်သိမ်းချိန်ဖြစ်သော နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်ခုတ်ပြီး ရရှိလာသော ဂျိုးစပေါက်ပင်အနှံများကို နေလှန်း အခြောက်ခံ၍ ပြာလှေ့ကာ ရရှိလာသော အစေ့များအား သရက်မြို့ပေါ်ရှိပွဲရုံများမှ ဝယ်ယူလျက်ရှိပါသည်။

       ဂျိုးစပေါက်စေ့များမှာ ဈေးကောင်းရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် မန္တလေးမြို့မှအဝယ်ရှိ၍ သရက်မြို့မှ မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ ယခုဒီဇင်ဘာလ(တတိယ)ပတ်တွင် ဂျိုးစပေါက်စေ့(အခြောက်) (၁)ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် ပွဲရုံများမှ တစ်နေ့လျှင် (၁၀)ပိဿာမှ (၁၅)ပိဿာခန့်ထိဝယ်ယူလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူများမှာ အပိုဝင်ငွေရရှိပါကြောင်း ဂျိုးစပေါက်ဝယ်ယူသည့် ပွဲရုံလုပ်ငန်းရှင် ဦးဆန်းထွန်းထံမှသိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

        အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)(၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁၄.၁၂.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂၀.၁၂.၂၀၂၂)ရက်နေ့တွင်လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၂၀၀၀၀)၊ နှမ်းနီနှင့် နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၀၀၀၀၀)ဖြစ်ပြီး ယခုအပတ် တွင်လည်း ကျပ်(၂၀၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅) ပိဿာဝင် အိတ်ဖြင့် နှမ်းနက်(စမုံ)(၁၁၀၀)အိတ်၊ နှမ်းပြာ(၃၀၀)အိတ်၊ နှမ်းဖြူ(၉၀)အိတ်၊ နှမ်းနီ (၁၃၀)အိတ် တို့အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

      ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ(၁)တင်းလျှင် ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ်(၄၈၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၇၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၉၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၄၁၀၀)ဖြစ်၍ ကျပ်(၄၉၀၀)ဈေးလျော့ခဲ့ ကြောင်း၊ မတ်ပဲ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၄၅၀၀) ဖြစ်၍ ကျပ်(၃၅၀၀)ဈေးလျော့ခဲ့ကြောင်း၊ကုလားပဲ(မြကြေး) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၁၀၀၀) ယခုအပတ် ကျပ်(၆၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ ဘိုကိတ်(ပြာ) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၇၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၈၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(HL) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၂၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၂၀၀၀)၊ ပဲကြီး (၁)အိတ်လျှင် ယခင်အပတ် တွင် ကျပ်(၇၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၇၄၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏ အနေဖြင့် (၃၀)ပိဿာဝင် အိတ်ဖြင့် ပဲတီစိမ်း (၁၆၅၀)အိတ်၊ ပဲစဉ်းငုံ(နီ)(၂၂၀၀)အိတ်၊ ကုလားပဲ(HL) (၁၃၀၀)အိတ်၊ ကုလားပဲ (မြကြေး) (၁၀၀၀)အိတ်၊ ဘိုကိတ်(ပြာ) (၁၅၀)အိတ်၊မတ်ပဲ (၁၈၀)အိတ်၊ ပဲကြီး (၇၀၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

        မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၄၈၅၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၉၀၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၂၅၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၁၀၀)ဖြစ်၍ ကျပ်(၈၅၀)ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲတောင့်အစို (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၂၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ) (၃၀) ပိဿာဝင် (၈၀၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ) (၆၅၀)အိတ်နှင့် မြေပဲတောင့်အစို တင်း(၃၆၀၀)ခန့် အရောင်း အဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

    ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၂၈၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၈၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဝါပိဿာချိန်(၁၈၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း