တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) (၄၅)ပိဿာဝင်(၁)အိတ်လျှင် ဇန်နဝါရီလတတိယပတ်တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ဇန်နဝါရီလစတုတ္ထပတ်တွင်ကျပ်(၂၅၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၂၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းပြာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၁၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်၍ ကျပ် (၁၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်ပြီး ယခုအပတ် တွင် ကျပ်(၂၅၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) စသည်ဖြင့်အသီးသီးဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမဏ အနေဖြင့် (၄၅) ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၈၅၀)အိတ်၊ နှမ်းပြာ(၁၃၀)အိတ်၊ နှမ်းဖြူ (၈၅) အိတ်၊ နှမ်းနီ (၁၀၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ(၁)တင်းလျှင် ကုလားပဲ(HL)မှာ (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်းကျပ်(၆၀၀၀၀)ဖြစ်၍ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ၊ ပဲတီစိမ်း (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၅၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၂၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၅၇၃၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၇၅၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ဘိုကိတ်ပြာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၃၉၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ မတ်ပဲ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၅၄၀၀၀)ဖြစ်ပြီး ယခုအပတ် တွင် ကျပ်(၅၃၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ခဲ့ပြီး၊ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင် ဖြင့် ပဲတီစိမ်း(၁၁၅၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၂၈၀၀)အိတ်၊ မတ်ပဲ(၁၈၀)အိတ်၊ ကုလားပဲ(HL) (၃၄၀)အိတ်၊ ဘိုကိတ်ပြာ(၁၀၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။
မြေပဲလုံးဆံ(ဖြူ)မှာတစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၄၅၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၈၀၀)ဖြစ်၍ ကျပ်(၃၅၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)ယခင်အပတ်တွင် ကျပ်(၆၄၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၆၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲတောင့်အစိုမှာ တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၁၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၂၂၀၀၀)ဖြစ်၍ ကျပ်(၅၀၀) အသီးသီးဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် အိတ် (၂၇၀)၊ မြေပဲလုံးဆံ(ဖြူ) အိတ်(၂၀၀) နှင့် မြေပဲတောင့်အစို တင်း(၁၅၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ ကြောင်း သိရှိခဲ့ရပါသည်။
ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင်ကျပ်(၂၇၅၀)ဖြစ်ပြီး ယခုအပတ် တွင် ကျပ်(၂၉၀၀)ဖြစ်၍ ကျပ်(၁၅၀)ဈေးမြင့်ကာ ဝါပိဿာချိန်(၂၂၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ဝါစိုက်ဧကအနေဖြင့်ငွေချည်(၆)၁၅၃ဧက၊ရွှေတောင်(၈) ၆၅၉၄ဧက၊ ငွေချည်(၉)၉၃၀ဧက၊ ရွှေတောင်(၁၀) ၄၄၂၃ဧကနှင့် နိုင်ငံခြားမျိုးရာကာ (၆၈၅၂)ဧက၊ စုစုပေါင်း ၁၈၉၅၂ဧကစိုက်ပျိုးထားရှိပြီး ယခုနှစ်တွင် ချည်မျှင်ရှည်ဝါပန်းတိုင်(၁)ဧက အထွက်နှုန်းမှာ (၅၀၀)ပိဿာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
အောင်လံမြို့နယ်တွင် ဝါစတင်ရိတ်သိမ်းသည့်ကာလမှာ စက်တင်ဘာလဖြစ်ပြီး ထွက်ပေါ် ချိန်တွင် (၁)ပိဿာလျှင် အရည်အသွေးအလိုက် ကျပ်(၂၀၀၀မှ ၂၃၀၀)ဖြင့် စတင်အရောင်းအဝယ် ဖြစ်ပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်၌ (၁)ပိဿာလျှင် အရည်အသွေး အလိုက် ကျပ်(၂၈၅၀ မှ ၂၉၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပါကြောင်း၊ ဖေဖော်ဝါရီလတွင် ရိတ်သိမ်းပြီးစီးမည်ဖြစ်ကြောင်း ဝါစိုက်တောင်သူများထံမှ သိရှိရပါသည်။ ကျေးလက်မှ မြို့ပေါ်သို့ ဝါသီးနှံပျမ်းမျှ ပိဿာ(၃)သောင်း ခန့်အဝင်ရှိကြောင်းဝါဂွမ်းတင်ပို့မှုအနေဖြင့်အောင်လံမြို့နယ်မှ တဆင့်မန္တလေး၊ ရွှေတောင်၊တောင်သာ၊ မြင်းခြံမြို့များသို့လည်းကောင်းဝါဂွမ်းနှင့်ဝါစေ့ဆီအား တောင်တွင်းကြီး၊ မကွေး၊ စလေမြို့များသို့ လည်းကောင်း၊ ဝါစေ့ဖတ်အား ရန်ကုန်၊ တိုက်ကြီး၊ အင်းမ(ငါးမွေးမြူရေး)ကန်များသို့လည်းကောင်း၊ ဝါစေ့ခွံအား မြို့နယ်အတွင်း နွားမွေးမြူရေးလုပ်ငန်းရှင်များသို့ လည်းကောင်းရောင်းချကြပါကြောင်း ဝါလုပ်ငန်း ရှင်များထံမှ တစ်ဆင့်သိရှိရပါသည်။
DOCA(မကွေး)
မိတ္ထီလာခရိုင်အတွင်း ဝါသီးနှံကို ဧက(၄၃၀၀၀) နီးပါး စိုက်ပျိုးပြီး တစ်ဧက အထွက်နှုန်း ပိဿာ (၃၀၀) ခန့် ရရှိကြောင်းသိရသည်။ ယခင်နှစ် ဝါသီးရင့်မှည့်ချိန် မိုးများခဲ့သဖြင့် အပင်၊ အသီးများနာကာ အထွက်နှုန်းလျော့ကျခဲ့ပါသည်။ မလှိုင်ဝါကို ဧက (၅၀၀၀) ကျော်သာ စိုက်ပျိုးပြီး ချည်မျှင်ရှည်ဝါကို အများဆုံးစိုက်ပျိုးကြပါသည်။ ဝါသီးနှံမှာ ယခုနှစ်ပေါ်စကပင် တစ်ပိဿာ ၂၁၀၀ ကျပ် ရှိခဲ့သဖြင့် တောင်သူအကျိုးအမြတ်များခဲ့ပါသည်။ ယခုအခါ ဝါသီးနှံရာသီကုန်လုနီးလာပြီး၊ ဝါတစ်ပိဿာ ၃၀၀၀ ကျပ်ရှိပါသည်။ ဒေသတွင်း ကုန်သည်များထံတွင် ဝါလက်ကျန်နည်းလာပြီး ဂွမ်းလက်ကျန်များလာပါသည်။ဂွမ်းစျေးမှာ တစ်ပိဿာလျှင် A,B မှ ၇၀၀၀ ကျပ်နှင့် C,D တို့ ၆၇၀၀ ကျပ် စျေးရှိကြောင်း စျေးကွက်မှ သိရသည်။
DOCA(မန္တလေး)
၁.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ စတုတ္ထပတ် အတွင်းမိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန် များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည် ၃၀၀၀ ကျပ်နှင့်အဟောင်း တစ်ပြည်လျှင် ၄၀၀၀ ကျပ်၊ မနောသုခ အသစ် တစ်ပြည်၂၀၀၀ နှင့် မနောသုခအဟောင်းတစ်ပြည် ၂၃၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင်၆၅၀၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၃၀၀၀ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် ၁၂၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက် ရှိသည်။ ကြက်သွန်နီလက်လီတစ်ပိဿာ ၁၈၀၀ ကျပ်မှ ၂၂၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ၅၅၀၀ကျပ်၊ ချင်းတက်တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ် ထိ၊ ငရုတ်သီး ခြောက်အမျိုးအစားအလိုက် ၁၅၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ ၊ အာလူးတစ်ပိဿာလျှင် ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်ထိ ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၀၀၀ ကျပ် နှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်။ မုန်ညှင်း ရွက်၊ ဆလပ်ရွက်တစ်စီးလျှင် ၁၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။
မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး ၂၅၀ ကျပ်၊ အသေးတစ်လုံး ၂၁၀၊ ဘဲဥကြီး တစ်လုံး၃၅၀ကျပ်၊အသေးတစ်လုံး ၃၀၀ ကျပ်ရှိသည်။ မိတ္ထီလာမြို့၏ သား/ငါးဈေးနှုန်းနှင့် ငါးခြောက်ဈေးနှုန်းမျးမှာ ကြက်သား (ဒေသကြက်)တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ကြက်သား (CP)တစ်ပိဿာလျှင် ၇၅၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ် ထိ ၊ အမဲသား တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်ထိ ၊ ငါး ကြင်းတစ်ပိဿာလျှင် ၈၅၀၀ ကျပ်၊ ငါးမြင်းတစ်ပိသာ ၁၆၀၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၅၅၀၀ ကျပ် ၊ ငါးခူတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါး ခြောက်လက်လီဈေးနှုန်းမှာ အာပြဲခြောက်တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာ ၄၇၀၀၀ ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ငါးနီတူခြောက်တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ငါးရောင် ခြောက် တစ်ပိဿာ ၂၆၀၀၀ ကျပ်၊ ပုစွန်ခြောက် တစ်ပိဿာ ၄၅၀၀၀ ကျပ်တို့ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
မိတ္ထီလာကုန်စည်ဒိုင်တွင် ယခုတစ်ပတ်အတွင်း ရောင်းဝယ်ဖောက်ကားနေသော ကုန်စျေးနှုန်းများမှာ နှမ်းညိုတစ်တင်းလျှင် ၇၅၀၀၀ ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် ၈၅၀၀၀ ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှက် ၃၆၀၀-၃၇၀၀ ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် (၁၂၀၀၀-၉၅၀၀) ကျပ်၊ မြေပဲဆီတစ် ပိဿာလျှင် ၁၂၀၀၀-၁၃၀၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာ လျှင် ၆၇၀၀ ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် ၂၃၀၀ ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် ၂၇၀၀ ကျပ်၊ နေကြာ ဖတ်တစ်ပိဿာလျှင် ၁၇၀၀ ကျပ်၊ ကုလားပဲ V2 တစ်တင်းလျှင် ၆၂၀၀၀ ကျပ်၊ ပဲစဉ်းငုံသစ်တစ်တင်း လျှင် ၅၇၀၀၀ ကျပ်၊ မကျီးတောင့်တစ်ပိဿာလျှင် ၁၃၅၀ ကျပ်၊ မကျီးဖတ်တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ ဝါတစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ ငရုတ်တစ်ပိဿာလျှင် ၁၁၀၀၀-၁၂၀၀၀ ကျပ်၊ ကြက်သွန်နီတစ် ပိဿာလျှင် ၁၄၀၀-၁၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ကြက်သွန်နီကုန်ချိန် ၂၅၀၀၀-၃၀၀၀၀ ခန့် ဝင်ရောက်လျက်ရှိပါသည်။
ယခင်အပတ် ကာလတူပေါက်စျေးနှုန်းများမှာ နှမ်းညိုတစ်တင်းလျှင် ၇၃၀၀၀-၇၅၀၀၀ ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် ၈၀၀၀၀-၈၅၀၀၀ ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှက် ၃၆၀၀-၃၇၀၀ ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် (၁၁၅၀၀-၉၅၀၀) ကျပ်၊ မြေပဲဆီတစ် ပိဿာလျှင် ၁၁၀၀၀-၁၂၀၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာ လျှင် ၆၂၄၀-၆၂၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် ၂၃၀၀ ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် ၂၇၀၀ ကျပ်၊ နေကြာ ဖတ်တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ ကုလားပဲ V2 တစ်တင်းလျှင် ၆၂၀၀၀ ကျပ်၊ ပဲစဉ်းငုံသစ်တစ်တင်း လျှင် ၅၆၀၀၀ ကျပ်၊ မကျီးတောင့်တစ်ပိဿာလျှင် ၁၃၅-၁၃၇၅၀ ကျပ်၊ မကျီးဖတ်တစ်ပိဿာလျှင် ၃၂၀၀ ကျပ်၊ ဝါတစ်ပိဿာလျှင် ၂၇၀၀-၂၈၀၀ ကျပ်၊ ငရုတ်တစ်ပိဿာလျှင် ၁၁၀၀၀-၁၂၀၀၀ ကျပ်၊ ကြက်သွန်နီတစ် ပိဿာလျှင် ၁၆၀၀-၁၇၀၀ ကျပ် ရှိခဲ့ပြီး ယခင်အပတ်နှင့်ယခုပတ်နှိုင်းယှဉ်လျှင် နှမ်း ဆီ၊ ပဲဆီ၊ စားအုန်းဆီ၊ ပဲစဉ်းငုံသစ်၊ ဝါ စျေးနှုန်းများ မြှင့်တက်၍ နေကြဖတ်၊ မကျီးတောင့်၊ မကျီးဖတ်၊ ကြက်သွန်နီစျေးနှုန်း အနည်းငယ်ကျဆင်းလာပြီး နှမ်းဖြူ၊ နှမ်းညို၊ ကုလားပဲ V2၊ နေကြာစေ့၊နေကြာ ဆီ၊နှမ်းဖက်၊ ပဲဖက်နှင့် ငရုတ်စျေးနှုန်းများ စျေးငြိမ်နေကြောင်း၊ ကြက်သွန်နီဝင်ရောက်မှုမှာလည်း ကုန် ချိန် ၅၀၀၀ ခန့် လျော့နည်းခဲ့ကြောင်း သိရပါသည်။
DOCA(မန္တလေး)
လ
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပဈေးကွက်ဝယ်လိုအားရှိသော ကိုင်းဘော (တံမြက်စည်းကုန်ကြမ်း)မှာ သဘာဝအလျှောက် အလေ့ကျပေါက်ရောက်လျှက်ရှိသော ရာသီပေါ် ဒေသ ထွက်ကုန်တစ်ခုအဖြစ် ဇန်နဝါရီလပထမအပတ်မှစတင်၍ ဈေးကွက်ဝင်ရောက်လျှက်ရှိပြီး မတ်လကုန် ဧပြီလရောက်လျှင် ကိုင်းဘောရာသီမှာ ပြီးဆုံးသွားကြောင်း ဈေးကွက်မှသိရသည်။
ကိုင်းဘောအဓိကထွက်ရှိရာဒေသများမှာ တောင်စောင်းတောင်ကုန်းများရှိသော ချောင်းသာ၊ ငွေဆောင်၊မော်တင်ကားလမ်းဘေးရှိ သီဟိုဠ်ခြံ၊ ရာဘာခြံများ ပင်လယ်ကမ်းခြေဒေသဝန်းကျင်ကျေးရွာများနှင့်ငပုတောမြို့နယ်အတွင်းရှိ ဟိုင်းကြီးကျွန်းဝန်းကျင်ကျေးရွာများတွင် အများဆုံးထွက်ရှိပြီး ကိုင်းဘောရာသီရောက်လျှင်ကုန်ကြမ်းထွက်ရှိသောကျေးရွာများမှာအဝယ်ဒိုင်များဖွင့်လှစ်၍ ပုသိမ်မြို့နှင့်သာပေါင်းမြို့ပေါ်ရှိ နှစ်ပတ်လည်တံမြက်စီးပြုလုပ်သော လုပ်ငန်းရှင်များနှင့်ရန်ကုန်မြို့သို့ နှစ်စဉ် တင်ပို့ ရောင်းချလျက်ရှိကြောင်းသိရသည်။
ယခင်နှစ် ကိုင်းဘောရာသီအဖွင့်ဈေးမှာ ကိုင်းဘောတစ်ဘောကိုကျပ် ၈၀၀ဝိ/-၁၂၀၀ဝိ/ဈေးသာ ရှိသော်လည်း ယခုနှစ်ဈေးမှာ ကိုင်းဘောတစ်ဘောကို ကျပ် ၁၅၀၀ဝိ/-၂၀၀၀ဝိ/ဝန်းကျင် ဈေးဖြင့် ဝယ်ယူလျှက်ရှိပြီး ကိုင်းဘောဝယ်ယူရာတွင် ကိုင်းဘောအပင်ရေ ၃၀၀၀ ဒေသအခေါ် ကိုင်းဘောတစ်ဘောကို အတို/ အလတ်/ အရှည်ပေါ်မူတည်၍လည်း ဈေးနှုန်းဖြင့်ကွာခြားမှုရှိကြောင်း အဝယ်ဒိုင်မှ ဝယ်ယူထားသော ကိုင်းဘောများကိုအနု/အလတ်/အရင့်အမျိုးအစားခွဲခြား၍ အနု/အလတ်ကို ရန်ကုန်မှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှုရှိပြီး ကိုင်းဘောအရင့်များကို ပြည်တွင်းတွင် တံမြက်စည်း ပြုလုပ်ရာတွင် အသုံးပြုကြောင်း ကိုင်းဘောရာသီချိန် ကိုင်းဘောထွက်ရှိရာ ကျေးရွာများရှိ ဒေသ ခံများမှာ ကိုင်းဘောခုတ်ယူရောင်းချခြင်းဖြင့် တစ်နေ့လျှင် ကျပ် ၅၀၀ဝိ/- ၆၀၀ဝိ/မှ ကျွမ်းကျင်သူများ မှာ ကျပ် ၁၀၀၀ဝိ/-ဝန်းကျင်ရရှိကြောင်း ပုသိမ်/ငွေဆောင် ကားလမ်းစိန်တောင်ကျေးရွာနေ ကိုင်းဘောအရောင်းအဝယ် လုပ်ငန်းရှင်ထံမှသိရသည်။
DOCA(ဧရာဝတီ)