ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်(၂၂)ခု၏ ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ

၃၀.၁.၂၀၂၃ရက်‌နေ့ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်(၂၂)ခု၏ ဆန်၊ဆီ၊မီးဖိုချောင်သုံးပစ္စည်းများ သား၊ငါး၊စက်သုံးဆီ၊ရွှေ၊ဒေါ်လာဈေးနှုန်းများအား အောက်ပါအတိုင်း ဝင်ရောကိကြည့်ရှုနိုင်ပါသည်-

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

        အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇန်နဝါရီလ(၁၈)ရက်နေ့မှ ဇန်နဝါရီလ(၂၄)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၆၀၀ မှ ၂၄၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၄၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၁၈၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၂၀၀ မှ ၂၃၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၂၀၀ မှ ၁၈၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၅၀၀ မှ ၆၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၃၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၅၀၀ မှ ၂၂၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၀၀၀ မှ ၂၃၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၅၀၀၀ မှ ၆၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၃၄၀၀ မှ ၃၈၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၅၀၀ မှ ၁၈၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၂၅၀ မှ ၃၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၅ မှ ၁၂၀ အတွင်း၊ ခရမ်းသီး  (ရှည်)(ပိဿာ)ကျပ် ၁၅၀၀ မှ ၁၈၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၅၀ မှ ၂၀၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၂၀၀၀ မှ ၂၄၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀မှ ၇၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခု ရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၇၉၃၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ)(၂၈၈၅၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၄၂၁၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၁၅၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၄၀၆၅၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၈၂၅၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၀၁၀၅)ကျော်၊ ဖရဲသီးလုံးပေါင်း (၇၂၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

            ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ မှ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၄3၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

           ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

           အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

DOCA(Domestic)                                                              

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ

၂၉.၁.၂၀၂၃ရက်‌နေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ဆီ၊မီးဖိုချောင်သုံးပစ္စည်းများ သား၊ငါး၊စက်သုံးဆီ၊ရွှေ၊ဒေါ်လာဈေးနှုန်းများအား အောက်ပါအတိုင်း ဝင်ရောကိကြည့်ရှုနိုင်ပါသည်-

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

        ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်သီရိမင်္ဂလာဈေးတွင် ဇန်နဝါရီလ ( ၁၈ ) ရက်နေ့မှ ဇန်နဝါရီလ(၂၄) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပြည် မှ ဇီးသီး (အချဉ်သီး) အလုံးကြီး သေတ္တာ ၁၃ ပြည်ပါ ကျပ် ၁၃၀၀၀၊ ဆင်ဖြူကျွန်း မှ  ဇီးသီး (စလေ) အလုံးကြီးတစ်ခြင်း ၈ ပြည် ပါကျပ်  ၁၂၀၀၀၊ တွံတေး မှ သခမသီး အလုံးကြီးတစ်ခြင်း ၁၅ လုံး မှ ၁၈ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် ၂၀ လုံး မှ ၂၅ လုံးပါ ကျပ် ၁၇၀၀၀၊ အလုံးသေး ၆၀ လုံး မှ ၇၀ လုံးပါ ကျပ် ၁၅၀၀၀၊ ပဲခူး (ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီး ၁ တွဲ ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၇၀၀ ၊ မြစ်သား မှ ပဲမြစ် တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၁၅၀၀ ၊ ခရမ်း၊ မတ္တရာ၊ တောင်ငူ မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၈၀၀၀ ၊ အလုံးလတ် ကျပ် ၆၀၀၀ ၊ အလုံးသေး ကျပ် ၄၀၀၀ မှ ၃၀၀၀ ၊ သာယာဝတီ၊ ဝေါ၊ ခရမ်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၄၅၀၀၊ အလုံးလတ် ကျပ် ၃၀၀၀ ၊ အလုံးသေး ကျပ် ၂၀၀၀ မှ ၁၀၀၀၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀၊ အလုံးသေး ကျပ် ၃၀၀ မှ ၂၀၀ ၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၅၀၀ ၊ အလုံးလတ် ကျပ် ၁၂၀၀ ၊ အလုံးသေး  ကျပ် ၁၀၀၀ မှ ၈၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၃၀၀၀ မှ ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၅၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀၊  ၅၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ အလုံးကြီးတစ်ခြင်း ၅ ပိဿာပါ ကျပ် ၄၀၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

                         

 

မိုးကြက်သွန်နီ(အသစ်) လှိုင်လှိုင်ပေါ်ပြီ

     စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးကြက်သွန်နီ စိုက်ဧက (၂၀၀၀)ဧကကျော်စိုက်ပျိုးပြီးစီး၍ ယနေ့အထိ ဧကပေါင်း (၁၈၀၀)ဧကကျော် ရိတ်သိမ်းပြီးကြောင်းသိရပါသည်။ မိုးကြက်သွန်နီကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းလေ့ရှိရာ ယခုဈေးကွက်သို့ဝင်ရောက်မှုအနေဖြင့် နိုဝင်ဘာလ ပထမပတ်မှစ၍ ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

  ယခုအချိန်တွင် မိုးကြက်သွန်နီ(အသစ်)များ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး မိုးကြက်သွန်နီ(အသစ်) ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင်(သေး/လတ်/ကြီး)ကျပ် (၁၀၀၀-၁၅၀၀- ၂၀၀၀) နှုန်းတို့ရှိပြီး လက်လီဈေးမှာ သေး/လတ်/ကြီးတစ်ပိဿာလျှင် ကျပ် (၁၅၀၀-၂၀၀၀-၂၄၀၀) နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။ ကြက်သွန်နီကို မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲ၊ မြေနဲ၊ ရွာတုံ၊ တောင်ပလူကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိလာသောကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်မြို့များနှင့် မြို့တွင်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)       

                            

ရွှေဘိုခရိုင်တွင် ပဲစဉ်းငုံများလှိုင်လှိုင်ပေါ်ပြီး ဈေးကောင်းရလျက်ရှိ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် (၂၀၂၂-၂၀၂၃)ခုနှစ်ထွက် မိုးသီးနှံတွင် ပဲမျိုးစုံသီးနှံ စုစုပေါင်း(၂၇၅၃၈၃)ဧကစိုက်ပျိုးပြီး (မိုး)ပဲတီစိမ်းနှင့်(မိုးကြို)ပဲတီစိမ်း း(၁၇၇၂၀၂) ဧက၊ ပဲစဉ်းငုံ(၅၄၆၆၅)ဧက၊ ပဲလွန်း၊ စွန်တာပြာ၊ မတ်ပဲ၊ ပဲကြီးနှင့်အခြားပဲများကို ဧကအနည်းငယ်စီစိုက်ပျိုးကြသဖြင့် ပဲစဉ်းငုံသည်တစ်ခရိုင်လုံးရှိ ပဲမျိုးစုံစိုက်ဧက၏ (၃၀)%ကျော်စိုက်ပျိုးပြီး ဒုတိယအများဆုံးစိုက်ပျိုးကြောင်း၊ ရွှေဘိုခရိုင်၏ ပဲစဉ်းငုံစိုက်ဧက(၅၄၆၆၅)ဧကအနက် ရွှေဘိုမြို့နယ်တွင်(၁၃၁၅၁)ဧက၊ ဝက်လက်မြို့နယ်တွင် (၂၁၁၆၀)ဧကနှင့် ခင်ဦးမြို့နယ်တွင်(၂၀၃၅၄)ဧက စိုက်ပျိုးခဲ့ကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရှိရပါသည်။

       ယခုအချိန်တွင် ရွှေဘိုခရိုင်အပြင် ရွှေဘိုခရိုင်နှင့် ခရိုင်ချင်းထိစပ်နေသည့် ကန့်ဘလူခရိုင်တွင် စိုက်ပျိုးထားသည့် ပဲစဉ်းငုံသီးနှံများ လှိုင်လှိုင်ပေါ်ထွက်လျက်ရှိပြီး တစ်ရက်လျှင် ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ပဲစဉ်းငုံများ နေ့စဉ်တင်း(၁၀၀၀၀)ကျော် ဝင်ရောက်လျက်ရှိကြောင်း၊ ရွှေဘိုခရိုင်အတွင်း ရှိမြို့နယ်များမှ ထွက်ရှိလာသောသီးနှံများကို တောင်သူများက မန္တလေးမြို့သို့လည်းကောင်း၊ ရွှေဘိုမြို့သို့လည်းကောင်း တင်ပို့ရောင်းချကြကြောင်း၊ ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် သီးနှံများရောင်းဝယ်ရာတွင် မန္တလေးဈေးကွက်နှင့် ရန်ကုန်ဈေးကွက်ကိုအခြေခံပြီး ရောင်းဝယ်ကြကြောင်း၊ ရောင်းဝယ်ရာတွင် ရွှေဘိုအထိုင်ရောင်းစနစ်နှင့် အရောက်ပို့စနစ်ဖြင့် နှစ်မျိုးရောင်းချကြကြောင်း၊ အထိုင်ရောင်းစနစ်တွင် လာရောက်ဝယ်ယူသူက တင်ပို့သည့်ကားခကို အကုန်အကျခံရပြီး အရောက်ပို့စနစ်တွင် ရောင်းချသူက ဝယ်ယူသူထံအရောက် တင်ပို့သည့်ကားခကို အကုန်အကျခံရကြောင်း၊ မန္တလေးသို့အရောက်ပို့စနစ်ဖြင့် ရောင်းချပါက ကားခလက်ရှိပေါက်ဈေးမှာ တစ်တင်းခွဲဝင်တစ်အိတ်လျှင် (၁၂၀ဝိ/-)ကျပ်ပေးရကြောင်းနှင့် ရန်ကုန်ဝယ်လက်များကလည်း ရွှေဘိုတွင်အထိုင်ထားပြီးဝယ်ယူကြကြောင်း၊ ကုန်သည်များအနေဖြင့်  ဝယ်ယူရရှိသည့်သီးနှံများကို မန္တလေးဈေးကွက်ပေါက်ဈေး၊ ရန်ကုန်ဈေးကွက်ပေါက်ဈေးနှင့် မိမိဝယ်ယူရသည့်ဈေးနှုန်းကိုက်ညီပါက နေ့ချင်းရောင်းချကြပြီး ဈေးမကိုက်ပါက လက်ဝယ်သိုလှောင်ထားကာ ဈေးနှုန်းကိုက်မှသာ ရောင်းချကြကြောင်း၊ ဇန်နဝါရီလ တတိယပတ်တွင် ပဲစဉ်းငုံတစ်တင်းပေါက်ဈေးမှာ (၅၆၀၀ဝိ/-)ကျပ်ရှိပြီး ယခင်နှစ်ကာလတူတွင် ပဲစဉ်းငုံတစ်တင်းပေါက်ဈေးမှာ (၄၁၀၀ဝိ/-)ကျပ်သာရှိသဖြင့် ကာလတူနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင်ယခင်နှစ်ထက် တစ်တင်းလျှင်(၁၅၀၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

သဘာဝငှက်သိုက် စျေးနှုန်းစျေးကွက်အခြေအနေ

       ငှက်သိုက်သည်တနင်္သာရီတိုင်းဒေသကြီးတွင်အများဆုံးထွက်ရှိကြပြီး စီးပွားဖြစ်လုပ်ကိုင်နေသည့်လုပ်ငန်း တစ်ခုလည်းဖြစ်သည်။ ငှက်သိုက်များသည် အာဟာရဖြစ်ပြီး ခွန်အားစွမ်းအင်တိုးစေသဖြင့် ကိုယ်ခံအားနည်းသူများ၊ သက်ကြီးရွယ်အိုများနှင့် အားဆေးထုတ်လုပ်သည့် ကုမ္ပဏီများကဝယ်ယူလေ့ရှိပြီး ရန်ကုန်နှင့် အခြားဒေသများသို့ ရောင်းချလျက်ရှိကြောင်း ငှက်သိုက်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

         ယခင်က မြိတ်မြို့တွင် သဘာဝအလျောက်လာရောက် အသိုက်ဆောက်နေသော ငှက်သိုက်အိမ် တအိမ် တည်းသာရှိခဲ့ရာ ဈေးကောင်းရရှိမှုကြောင့် ငှက်ခေါ်စက်များတပ်ဆင်၍ ငှက်သိုက်လုပ်ငန်း လုပ်ကိုင်သူအများအပြား ရှိလာကြပါသည်။ ဇီဝဇိုးငှက်များ၏ အံဖတ်ဖြင့် ဆောက်လုပ်ထားသော အသိုက်များကို ၃ လတကြိမ်၊ ၄ လတကြိမ် ခွာယူကြပြီး ရောင်းချကြရာ ငှက်သိုက်အိမ်များများ ဆောက်ထားသောသူများမှာ ပိသာချိန် ပိုမိုထွက်ကြကြောင်း၊ ငှက်သိုက် အသန့်ဖြစ်ပါက ဈေးပိုမိုရရှိပြီး၊ အမွှေးပါသော ငှက်သိုက်များမှာ ဈေးရနည်းကြောင်း သိရသည်။

      လတ်တလောတွင် မြိတ်မြို့၊ သဘာဝငှက်သိုက်၏စျေးနှုန်းမှာ ငှက်သိုက်အကြမ်း ၁ကျပ်သားလျှင် ၃၆၀၀၀ ကျပ်၊ ငှက်သိုက်အချော ၁ကျပ်သားလျှင် ၅၃၀၀၀ကျပ်နှင့် တစ်ခါသောက်ပုလင်း(၄၅မီလီလီတာ)တစ်ဗူးလျှင် ၆၀၀၀ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့၊ချမ်းမြသာစည်ရပ်ရှိ ပြည်သူများသို့ ဈေးကားများဖြင့် စားအုန်းဆီများရောင်းချပေးနေမှု ကြပ်မတ်ဆောင်ရွက်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ‌ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် (၂၄-၁-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ ပြည်သူများထံသို့ “တင်ဝင်း” ဆီရောင်းဝယ်ရေးမှ ကုမ္ပဏီများကဖြန့်ဖြူးသည့် စားအုန်းဆီများအား ဈေးကားဖြင့် ရောင်းချပေးနေမှုကို ကွင်းဆင်းစိစစ်ကြပ်မတ်ခဲ့ပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများက လက်ကားကုန်သည်များသို့ ဖြန့်ဖြူးပေးသည့် စားအုန်းဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ် ထပ်ပေါင်းကာ အမြတ် ၂ % ထက်မပိုသော ဈေးနှုန်းဖြင့် လူတန်းစေ့ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ရောင်းချပေးခဲ့ကြောင်း၊ လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား တုံကင်နံပါတ်များပေး၍စောင့်ဆိုင်းစေခြင်း၊ စနစ်တကျ တန်းစီစေခြင်း၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်း တန်းတူညီမျှ ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၂၃၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၂၉၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၀၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

    ယခု ဇန်နဝါရီလ စတုတ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၃၆၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၄၄၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၅၄၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၂၅)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၃၀)ကျပ်၊ ဓါတ်ဆီ( 95 ) တစ်လီတာလျှင် (၁၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၄၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၅၀)ကျပ်ဖြင့် ဈေးနှုန်းအသီးသီး မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း