ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

         ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည်လျှင် ၃၇၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၄၈၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၃၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၂၅၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၅၄၅၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

       ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့နယ်တွက် အခြေခံစားကုန်များဖြစ်ပေါ်ခဲ့သော  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၅၀၀)ကျပ်၊ ဧရာမင်းဆန် တစ်ပြည် အဟောင်း (၂၅၀၀)ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည် အသစ်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင်(၅၅၅၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၄၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ(ဗမာ) တစ်ပိဿာ လျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၄၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၄၅၀၀)ကျပ်မှ(၅၀၀၀)ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၇၀၀)ကျပ်ထိ၊ ငရုတ် ခြောက်အမျိုးအစားအလိုက်  (၁၆၀၀၀)  ကျပ်မှ (၁၇၀၀၀)ကျပ်ထိ၊ အာလူး (၂၂၀၀)ကျပ်မှ (၂၃၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၁၁၀၀)ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှ ကြီး တစ်လုံး(၂၅၀)ကျပ်၊ သေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၀၀)ကျပ်၊ သေးတစ်လုံး(၂၅၀)ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာ( ၉၀၀၀)ကျပ်မှ  (၁၀၀၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ(၁၅၀၀၀)ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာ (၁၅၀၀၀) ကျပ်မှ (၁၆၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၆၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

        ဒီဇင်ဘာလ တတိယပတ်တွင် အခြေခံစားကုန်များဖြစ်သည့် ကြက်သွန်နီ/ဖြူ၊ အာလူး  ယခင်လပတ်ထက်  ဈေးအနည်းငယ်ကျဆင်းကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ဆားလင်းကြီးမြို့နယ် အတွင်း၌ ဆောင်းကြက်သွန်နီများ ရာသီအမီ စိုက်ပျိုးလျှက်ရှိ

        ဆားလင်းကြီးမြို့နယ်သည် မုံရွာမြို့၏ အနောက်ဖက်ကမ်းတွင်တည်ရှိပြီး ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအပြင် ဆောင်းကြက်သွန်နီကိုပါ အဓိကစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် ဆောင်းကြက်သွန်နီဧက (၃၈၀၀) ဝန်းကျင်ခန့်ပုံမှန်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဧက (၃၅၀၀)ကျော် စိုက်ပျိုးရန် လျာထားပြီးဧက (၂၀၀၀) ကျော်ခန့် စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရသည်။

          အဆိုပါ ဒေသတွင်း၌ ယခုနှစ် ကြက်သွန်ပျိုးထောင်းချိန် မိုးရွာသွန်းမှုများခဲ့သည့်အတွက် ပျိုးခင်းများပျက်စီးခဲ့ရပြီး ပျိုးခင်းများထပ်မံ ပျိုးထောင်ရသည့်အတွက် ယခင်နှစ်များကထက် ရက်အနည်းငယ်နောက်ကျခဲ့ကြောင်း ‌ဒေသခံတောင်သူများထဲမှ သိရှိရသည်။ ယခုနှစ်တွင်ကြက်သွန်ပျိုးပင်များ လုံလောက်မှုမရရှိသည့်အတွက် အခြားဒေသများမှ ပျိုးပင်များဝယ်ယူစိုက်ပျိုးနေရကြောင်း၊ ပျိုးပင်တစ်ဘောင်(၂ × ၁၂) တောင်လျှင်( ၅၀၀၀၀) ကျပ် ပေါက်ဈေးရှိပြီး တစ်ဧက ပျိုးပင်ဖိုး ကျပ်(၃၀၀,၀၀၀) ကျော်အထိ ဝယ်ယူစိုက်ပျိုးနေရကြောင်းဒေသခံ တောင်သူများထံမှ သိရှိရသည်။

          ပုံမှန်အားဖြင့် ကြက်သွန်စိုက်တောင်သူအများစုမှာ နိုဝင်ဘာလကုန်ပတ်တွင် စတင်စိုက်ပျိုးနိုင်ကြသော်လည်း ပျိုးပင်အခက်အခဲကြောင်း ယခုနှစ်တွင်ရက်အနည်းငယ် နောက်ကျခဲ့ကြောင်း ပျိုးပင်ဈေးနှုန်းကြီးခြင်းနှင့် သွင်းအားစုဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အတွက် တစ်ဧက ကုန်ကျစရိတ် ပိုမိုမြင့်တက်မည်ဖြစ်ကြောင်းနှင့် အချို့သောတောင်သူငယ်များ စိုက်ပျိုးနိုင်ခြင်း မရှိသလို အချို့သောတောင်သူများ စိုက်ဧကလျော့နည်းစိုက်ပျိုးကြကြောင်းလည်းသိရှိရသည်။

          ကြက်သွန်စိုက်တောင်သူအများစုမှာ လက်ရှိကြက်သွန်ဈေးကွက် ကောင်းမွန်နေသည့် အတွက် ကြက်သွန်ထွက်ပေါ်ချိန် ဈေးကွက်ကောင်းရရှိနိုင်မည့် မျှော်လင့်ချက်ဖြင့် စိုက်ပျိုးနေရကြောင်း၊ လက်ရှိဈေးကွက်အတွင်း၌ မိုးကြက်သွန်နီအသစ် တစ်ပိဿာ(၃၅၀၀)ကျပ်ဝန်းကျင်နှင့် ကြက်သွန်နီ (အဟောင်း) တစ်ပိဿာ(၅၀၀၀) ကျပ်ဝန်းကျင်ခန့်  ပေါက်ဈေးရရှိနေသည့်အတွက် လာမည့်ကြက်သွန်ပေါ်ချိန် ဈေးကောင်းရရှိနိုင်မည့် မျှော်လင့်ချက်ဖြင့် ရာသီအမီ စိုက်ပျိုးလျက်ရှိကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

 

ဈေးကွက်အတွင်း  ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်း

       ရွှေဘိုမြို့၌  ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ဒေသတွင်းမှ စိုက်ပျိုးထွက်ရှိသော ခရမ်းချဉ်သီးများအပြင် ၊နောင်ချို၊ အင်းလေးဘက်မှ ဝယ်ယူရောင်းချမှုများရှိသော်လည်း ယခုအခါတွင် သယ်ယူစရိတ် ကုန်ကျစရိတ်များလာသောကြောင့် ဈေးကွက်အတွင်းတွင် မိမိတို့ဒေသမှထွက်သော ခရမ်းချဉ်သီးများကိုသာ အဓိကထား၍  ရောင်းချလျက်ရှိကြောင်း၊ ဒီဇင်ဘာလဒုတိယပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင် ဒီဇင်ဘာလ ပထမပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၀၀၀ကျပ် ဈေးရှိခဲ့သဖြင့် ယခင်ပတ်နှင့် ယခုပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်ပတ်အောက် ၆၀၀ကျပ် ဈေးနှုန်း ကျဆင်းလာခဲ့ကြောင်း၊ ခရမ်းချဉ်သီး ဈေးနှုန်း ကျဆင်းရခြင်းမှာ မုံရွာမြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများမှ ရာသီစာကျားခြေရာသီးခေါ် ဗမာ ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်လာခြင်းကြောင့်ဖြစ်ပြီး ဗမာသီးတစ်ပိဿာလျှင် ၁၄၀၀ ကျပ်မှ ၁၈၀၀ကျပ်ထိ အလုံးအကြီးအသေးပေါ် မူတည်၍ အရောင်းအဝယ်ဖြစ်နေကြောင်း အောင်ဇေယျဈေးတွင် ခရမ်းချဉ်သီး လက်လီရောင်းချသော ဈေးသည်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကသာမြို့တွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

        ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ဧရာမင်းဆန်တစ်ပြည်လျှင် (၂၂၀၀)ကျပ်၊ မှော်ဘီဆန်တစ်ပြည်လျှင် (၁၉၀၀) ကျပ်နှင့် ချင်း-၃ဆန်တစ်ပြည်လျှင် (၁၇၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ဆန်ဈေးနှုန်းများမှာ ဒီဇင်ဘာလ ပထမအပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ဈေးနှုန်းအတက်/အကျ မရှိဘဲ တည်ငြိမ်နေသည်ကို တွေ့ရပြီး စားအုန်းဆီဈေးနှုန်းမှာ ကျပ်(၅၀၀)ကျပ် ဈေးကျသည်ကို သိရသည်။

        စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်)(ကြီး/လတ်/သေး)ပေါ် မူတည် ၍ တစ်ပိဿာလျှင်(၆၀၀၀ မှ ၃၀၀၀)ကျပ် ၊ ကြက်သွန်ဖြူ(ရှမ်း) (ကြီး/လတ်) တစ်ပိဿာလျှင် (၅၀၀၀ မှ ၆၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၆၀၀)ကျပ်၊ ကုလားပဲ တစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် (၅၄၀၀)ကျပ်၊ စားတော်ပဲ တစ်ပိဿာလျှင် (၅၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း ကြက်သွန်နီ/ ကြက်သွန်ဖြူဈေးနှုန်းမှာ ကျပ် (၅၀၀ မှ ၁၀၀၀)ခန့် အထိ မြင့်တက်လာသည်ကိုတွေ့ရပြီး ခရမ်းချဉ်သီးနှင့် အာလူးဈေးနှုန်းမှာ ကျပ်(၄၀၀)ခန့် ဈေးကျလျက်ရှိကြောင်း သိရသည်။

        အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ကြက်သားဈေးနှုန်းမှာ ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း ကျပ်(၂၀၀၀)ခန့် ဈေးနှုန်းကျဆင်းကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

         ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒီဇင်ဘာလ ‌ဒုတိယပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်ခဲ့ပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၃၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၅၆၀၀၊ တန်အားဖြင့် ၅၂၈၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၅၆၀၀၊ နေပြည်တော်သို့ အိတ်ရေ၉၅၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၉၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၀၆၁၀၀ ၊ တန်အားဖြင့် ၅၃၀၅တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၊ တန်အားဖြင့် ၂၅တန် ပို၍ စီးထွက်ခဲ့ပါသည်။

      ရွှေဘိုမြို့၏ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၈၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဒီဇင်ဘာလ ဒုတိယအပတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် ဒီဇင်ဘာလ ဒုတိယအပတ်၌ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၆၀၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ် လျှင် (၁၇၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၇၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ် မြို့အတွင်းရှိ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၈၀၀)ကျပ်၊ ဆင် တံဆိပ် (50)kg တစ်အိတ် လျှင် (၁၅၆၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၆၀၀)ကျပ် ဖြစ်ပါသည်။

        ကျိုင်းတုံမြို့အတွင်းရှိ ဒီဇင်ဘာလ ဒုတိယအပတ်  ပုလဲ(MEP) (50)kg တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၃၂၅၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၂၄၄၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၃၅၀၀)ကျပ် ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဘိလပ်မြေဈေးနှုန်းများမှာ ယခင် နိုဝင်ဘာလ ဒုတိယအပတ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ပုလဲ (၄၆%) နှင့် ကွန်ပေါင်း (၁၅ပတ်လည်)သည် ယခင် နိုဝင်ဘာလ ဒုတိယအပတ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်ပါကြောင်းနှင့် ကွန်ပေါင်း၊ ပုလဲ (MEP)၊ တီဆူပါ (လေဆာ)၊ တီဆူပါ (may)၊ ချာန (သုံးမျိုးစပ်)များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ) တစ်ပြည်လျှင် ၄၅၀၀ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ငရုတ်သီးခြောက် (ရှည်)တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ အာလူး တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ၃၃၀၀ကျပ်၊ ချင်း တစ်ပိဿာလျှင် ၂၀၀၀ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

        ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ ဒုတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံးလျှင်၂၃၀ကျပ်နှင့် ဘဲဥ တစ်လုံးလျှင် ၃၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ အမဲသား တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊  ငါးကြင်း တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၈၅၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

    ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်နိုဝင်ဘာလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဧည့်မထဆန်၊ ပဲဆီ(ရိုးရိုး)၊ ငါးကြင်းနှင့် ငါးမြစ်ချင်းတို့မှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ ကြက်သွန်ဖြူ(ရှမ်းစ)၊ ခရမ်းချဉ်သီး၊ မန်ကျည်းသီးမှည့်၊ ချင်းနှင့် စားအုန်းဆီတို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

မအူပင် ဆန်စပါးဈေးကွက် အရောင်းအဝယ်သွက်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်သည် ကျေးရွာအုပ်စု (၇၆) အုပ်စု ရှိပြီး မြို့နယ် မိုးစပါးစိုက်ဧက (၁၄၁၁၉၂) ဧက ရှိပြီး (၁၂.၁၂.၂၀၂၂) နေ့တွင် မိုးစပါးအားလုံး ရိတ်သိမ်းချွေလှေ့ ပြီးစီးခဲ့ပြီးဖြစ်ပါသည်။

     သို့ဖြစ်ပါ၍ မိုးစပါးရိတ်သိမ်းပြီးစီးအခြေအနေတွင် ဒေသပေါက်ဈေး ဧည့်မထ စပါးတင်း (၁၀၀)လျှင် (၁၂၅၀၀၀၀/-) စာဖြင့် တစ်ဆယ်နှစ်သိန်းငါးသောင်းဖြင့် အရောင်းအဝယ် တွင်ကျယ်လျက်ရှိသဖြင့် တောင်သူများတွက်ခြေကိုက်သဖြင့် အရောင်းအဝယ်တွင်ကျယ်လျက်ရှိပါသည်။

        မအူပင်ခရိုင်၊မအူပင်မြို့နယ် ဆန်ဈေးကွက်အခြေအနေမှာ ပေါ်ဆန်းတောင်ပျံတစ်အိပ်လျှင် (၆၀၀၀၀/-)ကျပ်၊ (၆၃၀၀၀)ကျပ် ဈေးရှိပြီး၊ မအူပင်မြို့၏ ဈေးကွက်ရောင်းအားရရှိသည့်အပြင် ကျေးရွာများမှလည်း ဝယ်လိုအားရှိသဖြင့် ဈေးကွက်ရရှိပြီး ဖြစ်ပါသည်။

          ဧည့်မထအမျိုးအစားဖြစ်သော မနောသု၊ ဆင်းသုခနှင့် နှံကားဆန်များမှာ မိုးစပါး ဆန်တစ်အိတ် လျှင် (၄၈၈၈၈)ကျပ်နှင့် (၄၈၅၀၀)ကျပ်ဈေးရှိနေပြီး မအူပင်ဈေးကွက်တွင် အရောင်းအဝယ် တွင်ကျယ်လျက်ရှိပါသည်။

          စပါးသစ်များမှာ ညောင်တုန်းမြို့နယ်၊ ကျိုက်လတ်မြို့နယ်များမှ စပါးဝယ်လိုအားများ ရရှိနေပြီး ဆန်သစ်တစ်အိတ်လျှင် (၄၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်အနည်းငယ်သာရှိကြောင်း KKK ဆန်ရောင်းဝယ်ရေးမှ ဦးကျော်ကျော်လင်း၏ ပြောပြချက်အရ သိရှိရပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ဒေသတွင်း စပါးရောင်းဝယ်ဖောက်ကားမှုအခြေအနေ မျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးနိုင်မှု အခြေအနေ၊ ဆန်စပါးဈေးကွက်အလားအလာများကို ယခုတစ်ပတ်အတွင်း ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“ရက်(၁၀၀)ခိုင် အောင်သပြေပန်းများစျေးကောင်းရရှိ”

             မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် လယ်တွင်းကိုးခရိုင်တွင် တစ်ခုပါဝင်ပြီး ဆည်ရေသောက်စနစ်ဖြင့်ရှေးယခင်ကတည်းက စပါး၊ပဲ၊ပြောင်းနှင့်ဟင်းသီးဟင်းရွက်သစ်သီးဝလံနှင့် ပန်းမာလ်များအားစိုက်ပျိုးခဲ့ကြပါသည် ။ ၄င်းသီးနှံများအနက်မှ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး နေ့စဉ် မိသားစု အပိုဝင်ငွေများရရှိနိုင်သော စျေးကွက်ဝယ်လိုအားရှိသည့် အောင်သပြေပန်းငုတ်များကို ကျောက်ဆည်မြို့နယ်၊သံရွာကျေးရွာအုပ်စု၊ ညွန့်ပင်ကျေးရွာ(အောင်သပြေမိသားစုခြံ)တွင် စိုက်ပျိုး ထားသော အောင်သပြေငုတ်စိုက်ပျိုးထားရှိမှုအားကွင်းဆင်းလေ့လာခဲ့ပါသည်။ သပြေပင်စိုက်ပျိုးရန် အတွက် သပြေပင်မျိုးစေ့များအား တွံတေး၊ခရမ်းသုံးခွတို့မှ ဝယ်ယူ၍စိုက်ပျိုးကြောင်း၊မျိုးစေ့(၁)ပြည် စျေးနှုန်းမှာ(၇၀၀-၈၀၀)ကျပ်ခန့်ရှိကြောင်း၊ မျိုးစေ့တစ်ပြည်တွင် အစေ့သန်ပါက အစေ့ပေါင်း(၂၀၀၀)အထိ ပါရှိပြီး အစေ့သေးပါက(၂၀၀၀)အထက် ပါရှိကြောင်း ၊ တစ်ဧကစိုက်ပျိုးမှုအတွက် မျိုးစေ့ပြည်(၈၀) ခန့်ကုန်ကျပြီး ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်(၂၅)သိန်းခန့်ကုန်ကျ ကြောင်း ၊ စိုက်ပျိုးရာတွင် ဘောင်စိုက်စနစ်ဖြင့်စိုက်ပျိုးပြီး တစ်ဧက အပင်ပေါင်း(၁)သိန်းခွဲအထိ ရှင်သန်ကြောင်း ၊ မြေပြုပြင်မှု နှင့် ရေ၊မြေ အပြုအစုကောင်းပါက စိုက်ပျိုးပြီး(၂)လခွဲသား ဝန်းကျင် တွင်အပင်များကိုဖြတ်တောတ်ပြီးငုတ်ချန်ပေးရကြောင်း၊ငုတ်ချန်ပြီးတစ်နှစ်ကြာလျှင်ရောင်းတန်းဝင် ပန်းများရရှိကြောင်း၊ သပြေပန်းများ ပိုးမကိုက်၊ အညွန့်များလှအောင်၊ အရွက်မာအောင်၊ မရောင်းခင် တစ်လအလိုတွင်ဆေးဖြန်းပေးရကြောင်း၊(၁)နှစ်သား အောင်သပြေငုတ် တစ်ငုတ်လျှင်အရွယ်အစား ပေါ်မူတည်၍ တစ်ပင်စျေးနှုန်း(၅၀၀/-)ကျပ်မှ(၁၅၀၀/-)ကျပ်အထိရောင်းချရကြောင်း ၊ (၂)နှစ်သား တစ်ပင်လျှင် အရွယ်အစားပေါ်မူတည်၍ တစ်ပင်စျေးနှုန်း(၃၀၀၀/-)ကျပ် မှ (၅၀၀၀/-)ကျပ်အထိ ရောင်းချရကြောင်း၊ လက်ကားစျေးနှုန်းအနေဖြင့် ၂၀ရာခိုင်နှုန်းလျော့၍ ရောင်းချပေးကြောင်းသိရှိရ ပါသည်။အောင်သပြေငုတ်များ စိုက်ပျိုးရာတွင် အပင်သက်တမ်း(၃)နှစ်အထက်ထိ ရောင်းချပေးနိုင် ကြောင်း၊ပန်းများကို အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လာရောက်ဝယ်ယူသူများရှိသလို နယ်ဝေးမှ မှာယူပါကလည်း သေချာစွာထုတ်ပိုး၍ ကားဂိတ်အရောက် တင်ပို့ရောင်းချလျှက်ရှိကြောင်း ၊ အောင်သပြေငုတ် စိုက်ပျိုးမှုတွင် ငွေအလုံးအရင်းမရရှိသော်လည်း နေ့စဉ်အပိုဝင်ငွေများရရှိကာ မိသားစုစားဝတ်နေရေးပြေလည်ကြောင်း၊ ရေရှည်အနေဖြင့် စိုက်ပျိုးသင့်သော အောင်သပြေပန်းငုတ် များကိုစိုက်ပျိုးရောင်းချသင့်ကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း