သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးရုံး၊အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေး၊ ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး ရည်ရွယ်၍ ဝန်ထမ်းစွမ်း ဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ (၁၅)ဦး၊နည်းပြ(၅)ဦးနှင့် အရာထမ်း/အမှုထမ်း (၂၀)ဦး၊စုစုပ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရ

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် မင်းလှမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး (၂၅-၉-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်မှစတင်၍ မြို့တွင်းရပ်ကွက်အသီးသီးရှိ ဆန်စက်များနှင့် ဆန်ဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက် ရှိရာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း၌ ပြည်ခရိုင်၊ ပြည်မြို့၊ အ.ထ.က(၅)ကျောင်း မုန့်ဆိုင်များရှိ အသင့်စားမုန
