သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ရက်နေ့ ၊နံနက်(၁၀း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ တိုင်းနှင့် ပြည်နယ်အလိုက်ဆီဖြန့်ဖြူးမည့်ကုမ္ပဏီများ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းနှင့်ပြည်နယ်ဦးစီးမှူးများနှင့်တွေ့ဆုံ၍ စားသုံးသူဖြန့်ဖြူးမည့်အခြေအနေများ၊ အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ဆွေနွေးခဲ့ပါသည်။
၂၀၂၄ ခုနှစ် ၊ ဇွန်လ(၃)ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ ပြည်သူများကို ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများ ရောင်းချပေးခဲ့ရာ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစား သုံးနိုင်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် စားအုန်းဆီရောင်းချမှု အခြေအနေအား ကွင်းဆ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံတို့ပူးပေါင်းကာ မိုးရာသီသစ်ပင်စိုက်ပွဲတော်အခမ်းအနား ပြုလုပ်ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဇွန်လ(၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)၊ မြို့သစ်ရပ်အတွင်းရှိ ဝက်ခေါက်နှင့်အမဲခေါက်ထုတ်လုပ်သည့်လုပ်ငန်း အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်း ရှင်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မေလ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ပြည်ခရိုင်၊ ပြည်မြို့၊ မြို့ပေါ်ကလေးသုံးပစ္စည်းအရောင်းဆိုင်များရှိ ကလေးသုံးပ