Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Jan 2023

       ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ သံပယိုပင်စိုက် တောင်သူများအား တန်ဖိုးမြှင့်ထုတ်ကုန် ( Value Added)များ ထုတ်လုပ်ရောင်းချနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းပို့ချခြင်းကို ၃၀.၁၂.၂၀၂၂ ရက်နေ့ ၊ နံနက် (၁၀ : ၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

12 Jan 2023

       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရှင်စောပုလမ်းရှိ သီရိဟံသာခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၃၀) ရက်နေ့ ၊ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၊ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ  တွေ့ဆုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၊ ဥက္ကဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး အောင်သောင်းထိုက် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည

12 Jan 2023

        စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ မြို့နယ်တာဝန်ခံတို့သည် ၂.၁.၂၀၂၃ ရက်နေ့တွင် မိတ်ဖက်ဌာနဖြစ်သော စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင် (၁၀) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

12 Jan 2023

          စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်နယ်တာဝန်ခံသည် ၂.၁.၂၀၂၃ ရက်နေ့တွင် မိတ်ဖက်ဌာနဖြစ်သော စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လည်းကောင်း၊ ၃.၁.၂၀၂၃ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဖြစ်သော စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လည်းကောင်း၊ ဓာတ်မြေဩဇာအရောင်းဆိုင် (၂၀) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

12 Jan 2023

         ဘီလင်းမြို့နယ်၊ လိပ်ခုံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က)ခွဲ ကျောင်း၌ ဘီလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၀.၁.၂၀၂၃) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန(ဘီလင်း) ၊ မြို့နယ်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန(ဘီလင်း) တို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး) က စားသုံးသူရေးရာဦးစီးဌာန ဖွဲ့စည်းခဲ့ပုံသမိုင်းကြောင်းနှင့် ဌာန၏မျှော်မှန်

Pages