Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Jan 2023

         ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊   ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဒေါ်နှောင်းနှောင်းဝင်းသည် ၉.၁.၂၀၂၃ ရက်နေ့ နေ့လည် ၁၃း၀၀နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ဗန်းမော်မြို့ပေါ်ရှိလက်လီ/လက်ကား ရောင်းချနေသောကုန်မျိုးစုံဆိုင်များအားကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ် ရေးဥပဒေပါ ပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါ

12 Jan 2023

 

          ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၉.၁.၂၀၂၃ရက်နေ့နေ့လည် ၁၃း၀၀နာရီအချိန်တွင် လွယ်ဂျယ်မြို့၊ ကုန်သွယ်ရေးစခန်းရှိ အစည်းအဝေးခန်းမ၌   လယ်ဂျယ်နယ်စပ်ကုန်သည်များအသင်းနှင့် ရွှေဗန်းမော်ကုမ္ပဏီအဖွဲ့ဝင်များအား    စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

12 Jan 2023

        မန္တလေးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ ချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်(၁၅) ဆိုင်တွင် တရားဝင်မှတ်ပုံထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများကို စျေးကွက်အတွင်း ‌ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်စစ်ဆေးခဲ့ပါသည်။

12 Jan 2023

      ကချင်ပြည်နယ်  စားသုံးသူရေးရာဦးစီးဌာန၊    ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ   ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦးသည်၉.၁.၂၀၂၃ရက်နေ့  နံနက် ၁၁း၀၀နာရီအချိန်တွင် လွယ်ဂျယ်မြို့၊  ကုန်သွယ်ရေးစခန်းရှိ  အစည်းအဝေးခန်းမ၌  ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာနှင့်ပတ်သက် ၍လွယ်ဂျယ်နယ်စပ်ကုန်သည်များအသင်း ဒု- ဥက္ကဌ၊ ကုန်စည်ဒိုင်ဥက္ကဌ၊ အလုပ်အမှုဆောင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။  

12 Jan 2023

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ကလေးမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ အောင်ဇေယျရပ်ကွက်အတွင်းရှိ ပဲဗယာကြော်လုပ်ငန်းရှင် ဦးမင်းနိုင်စိုးအိမ်သို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြပါရှိနိုင်စေရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages