Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
14 Jun 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု တာဝန်ခံနှင့် တာဝန်ရှိသူတို့သည် ၂၀၂၄ခုနှစ် ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ အတွင်းရှိ စားအုန်းဆီလက်လီလက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက် ကွင်းဆင်းစစ်ဆေး ခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

14 Jun 2024

       စားသုံးသူ‌ရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည် (၁၀.၆.၂၀၂၄)ရက်နေ့ နေ့လယ်ပိုင်းတွင် ပဲခူးခရိုင် ဝေါမြို့နယ်အတွင်းရှိ ဆန်နှင့် ဆန်ပစ္စည်းများ လက်လီလက်ကားရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်၍ ဆန်သိုလှောင်ထားရှိမှုနှင့် ရောင်းချဖြန့်ဖြူးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

14 Jun 2024

      စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၀.၆.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ပဲခူးခရိုင်  ဝေါမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီလက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားသုံးသူပြည်သူများမှ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ မျှတသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် အချိန်အတွယ်မှန်ကန်စွာဝယ်ယူရရှိနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

14 Jun 2024

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်လမ်းမကြီးဘေး ဝဲယာရပ်ကွက်ကျေးရွာများတွင် ရောင်းချပေးလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီရောင်းချနေမှုအခြေအနေအား ၂၀၂၄ခုနှစ်၊ ဇွန်လ(၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

14 Jun 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းနှင့် အခြားကုန်ပစ္စည်းအရောင်းဆိုင်များသို့ ပလတ်စတစ်ပစ္စည်းများအလွန်အကျွံသုံးစွဲနေခြင်းကြောင့် မိမိတို့အနေဖြင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ်လျော့နည်းစေရန်ရည်ရွယ်၍ ဈေးရာင်း၊ ဈေးဝယ်နေကြသည့် စားသုံးသူပြည်သူများအား ပလတ်စတစ်သုံးစွဲနေမှုနှင့်စပ်လျဉ်းသော အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၄ခုနှစ်၊ ဇွန်လ(၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ

Pages