
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)နှင့် ဦးသိန်းထွန်း (စစ်ဆေးရေးအရာရှိ) (၂)ဦးသည် မြို့နယ်စည်ပင်သာယာရေးကော် မတီဈေးများဌာနတို့နှင့် ပူးပေါင်း၍ ၂၀.၁၁.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၁:၃၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးအတွင်းရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိများက ထိုင်းနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ကုန်စ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပ ဒေအခန်း(၁၈)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များစားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
