Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Sep 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ  ဒုခရိုင်ဦးစီးမှုး ဦးလှထွဋ်ဦးသည် မြောင်းမြမြို့နယ်ဆန်စက်ပိုင်ရှင်များနှင့်(၁၉.၉.၂၀၂၄)ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီး တိုင်းဦးစီးမှူးများနှင့်    ခရိုင်ဦးစီးမှူးများ၊ ဆန်စက်ပိုင်ရှင်များနှင့်  ပူးပေါင်း၍ ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲကို နေပြည်တော်ရုံးချုပ်မှ Online  Virtual စနစ်ဖြင့် ပြုလုပ်သော Zoom  Metting  သို့ တက်ရောက်ခဲ့ကြပါသည်။

24 Sep 2024

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ / မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိတို့၏ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

24 Sep 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်   ဝန်ထမ်းများသည် (၁၈.၉.၂၀၂၄) ရက်နေ့၊ ညနေ (၁၈:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် ဆီကိုယ်စားလှယ်များသို့  ရန်ကုန်မြို့ရှိ Preminum Capital Co.Ltd မှထုတ်ယူခဲ့သော ယာဉ်အမှတ် 4G-7022 မော်တော်ယာဉ်ဖြင့်စားအုန်းဆီ   (၂၃)ပေပါ (သို့) ပိဿာ ၂၅၃၀နှင့် Golden Upstart Co.Ltd မှထုတ်ယူခဲ့ သောယာဉ်အမှတ် 3M-1493 မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၁၄)ပေပါ (သို့) ပိဿာ ၁၅၄၀ သည် လပွတ္တာမြို့သို့ ရောက်ရှ

24 Sep 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်ရှိ တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်  (၁၉.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ ငါးလုပ်ငန်းအသင်း ဥက္ကဌဦးညွန့်ရွှေနှင့် အမှတ်(၄)ရပ်ကွက် ကုန်သည်လမ်းအောင်ထိုက်သူ ငါး၊ ပုစွန်ဒိုင်တွင် တွေ့ဆုံ၍ ငါးလုပ်ငန်းအခြေအနေအားဆွေးနွေးခဲ့ပါသည်။

24 Sep 2024

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရောနှောဆီများအပါအဝင် စားသုံးဆီအမျိုးမျိုးကို စာသုံသူကာကွယ်ရေးဥပ‌‌‌ဒေအရ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့် သက်ဆိုင်ရာဌာများ၏ဥပဒေအရ ထုတ်ပြန်ချက်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သင်္ဃန်

Pages