Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Sep 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့၊ နေ့လည် (၁၅:၀၀) နာရီအချိန်တွင် ၅ရပ်ကွက်၊ အ.ထ.က (၂) ကျောင်းရှိ ကျောင်းသား/သူ  (၁၈၅) ဦး၊ ဆရာ/မ (၃၅) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးခဲ့ပါသည်။

23 Sep 2024

       ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား တစ်အိမ်ထောင်စုလျှင် တစ်လ (၁)ပိဿာ (၅၀)ကျပ်သားနှုန်းဖြင့် လွယ်ကူချောမွေ့စွာဝယ်ယူရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဆီ လက်လီ/ လက်ကားအရောင်းကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် စာအုပ်တစ်အုပ်နှုန်းဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

23 Sep 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၇.၉.၂၀၂၄)ရက်နေ့ ၊နေ့လယ်(၁၃:၄၅) နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

23 Sep 2024

       ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် ၁၆-၉-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအချက်များကို အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

23 Sep 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ တာဝန်ရှိသူတို့သည်  (၁၇.၉.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သနပ်ပင်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Pages