Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 May 2024

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲမြို့၊ သီပေါမြို့နှင့် နောင်ချိုမြို့နယ်တို့တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

13 May 2024

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပါဝင်သော “လားရှိုးမြို့နယ်၊ တရားမဝင်ကုန်ပစ္စည်းများတားဆီးနှိမ်နှင်းရေးအဖွဲ့” သည် ၂၀၂၄ခုနှစ်၊ မေလ ပထမပတ်တွင် လားရှိုးမြို့နယ်၊ ဟန်လမ်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်နှင့် ဂိုဒေါင်များအားလည်းကောင်း၊ ရက်ကွက်(၇)၊ ရန်ကင်းလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအားလည်းကောင်း တရားမဝင်ပစ္စည်းများရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

13 May 2024

      ၂၀၂၄ခုနှစ်၊ မေလ ၁၀ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်းဦးစီးမှူးရုံးခန်း၌ ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဆန်လိုအပ်ချက်များအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ဆန်လိုအပ်ချက်များအပြင် ရှမ်းအရှေ့ကျိုင်းတုံသို့ တင်ပို့ဆောင်ရွက်နေသည့်အခြေအနေများ၊ ဆန်စက်များလည်ပတ်မှုအခြေအနေများ၊ ရောင်းဝယ်ဖာက်ကာ

13 May 2024

     ၂၀၂၄ခုနှစ်၊ မေလ (၉) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် တောင်ကြီးခရိုင်မှ စစ်ဆေးရေးမှူးများနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ပေါ်ရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

13 May 2024

      ၂၀၂၄ခုနှစ်၊ မေလ(၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လားရှိုးမြို့၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ စတိုးဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

Pages