Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Sep 2024

    ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး၊ အမှတ် (၃) ရေကြောင်းရဲကွက်ကဲမှုအဖွဲ့ခွဲမှ ရဲမှူး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူးတို့ပါဝင်သောအဖွဲ့များသည် ၁၈-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ်

24 Sep 2024

   စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၈.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ လယ်တီကွင်းကျေးရွာအုပ်စု၊ လယ်တော်အဝေးပြေးကားဝန်းအတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံး၌ ဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

24 Sep 2024

       ၂၀၂၄ခုနှစ်၊ စက်တင်လ ၁၉ရက်နေ့တွင်  ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂) ဦးသည် မြောက်ဒဂုံမြို့နယ်၊ ပင်လုံဈေးအတွင်း စားသုံးဆီအမျိုးမျိုး(ဘူးသွင်းဆီ) ရောင်းချသည့်ဆိုင် (၁၁) ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

24 Sep 2024

        စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် (၁၉-၉-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးအတွင်းရှိကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

24 Sep 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ (၁၉.၉.၂၀၂၄)နေ့ ၊နံနက်(၁၁:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ စခန်းကြီးကျေးရွာအုပ်စုရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

Pages