သတင်းနှင့် လှုပ်ရှားမှုများ
၁၈.၉.၂၀၂၄ ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် ကျိုက်ထိုမြို့နယ်ရှိ မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် “အောင်ချမ်းသာ” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူများ စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတတ်စေရေးနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ အစားအစာရွေးချယ်သုံးစွဲတတ်စေရန်ရည်ရွယ်၍ (၁၈-၉-၂၀၂၄) ရက်နေ့၊ နံနက်(ဝ၉:၀၀)နာရီအချိန်၌ ဆိပ်ဖြူမြို့၊ တောင်ငယ်လုံးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၇-၉-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ထင်းတန်းလမ်းပေါ်ရှိ မုန့်မျိုးစုံရောင်းချသည့်ကုန်စုံဆိုင်များသို ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (၉) ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား စက်တင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
