Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 May 2024

       ၂၀၂၄ခုနှစ်၊ မေလ ၁၀ရက်နေ့၊ နေ့လယ်(၁၄း၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်အရောင်းဆိုင်ကြီးများသို့သွားရောက်၍ ဆန်များကို စျေးနှုန်းမြှင့်တင်ရောင်းချမှုများရှိ/ မရှိ၊ အလေးချိန်မှန်ကန်စွာ ချင်တွယ်ရောင

13 May 2024

     ၂၀၂၄ခုနှစ်၊ မေလ(၁၀)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးနှင့်အတူ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိ စားသုံးသူရေးရာဦးစီးဌာနပိုင်မြေကွက်နှင့် သိုလှောင်ရုံများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

13 May 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် ၉.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပေါင်မြို့နယ် အောက်လမ်းမကြီး ယဉ်ကျေးလိမ္မာ သင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

13 May 2024

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ ဆန်လိုအပ်မှုအတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ MV ရတနာမယ်ရေယာဉ်ဖြင့် ဆန်တန်(၄၇၅)တန်၊ အိတ်ရေ (၉၅၀၀) အိတ်ကို မြိတ်မြို့သို့ (၄-၅-၂၀၂၄)ရက်နေ့တွင် သယ်ယူလာခဲ့ကြောင်းသိရှိရပါသည်။

13 May 2024

   မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ၉.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဆန်ဂို‌ဒေါင်များ၊ ဆန်အရောင်းဆိုင်များအား လိုက်လံကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည်။

Pages