သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် (၈.၄.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီက (၃)မိုင်မြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အမျိုးသမီး အိမ်တွင်းမှု သင်တန်းခန်းမ၌ သင်တန်းတက် ရောက်နေသော သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် (၅.၄.၂၀၂၄)ရက်နေ့ ၊ နေ့လယ် (၁၅:၀၀)နာရီက ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ ရွှေခယ်သီရိခန်းမတွင် ဆင့်ပွားသင်တန်း တက်ရောက် သော ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် (၄.၄.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီက ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ငါးလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လပွတ်ကွဲတဲချောင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ်တွင် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက် ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၅.၄.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် (၂.၄.၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်က မအူပင်မြို့ အ.ထ.က-၂ ကျောင်းတွင် ဘာသာစုံစွမ်းရည်မြှင့်သင်တန်း ဆရာ/ဆရာမ (၂၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။