သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၁၁.၄.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ ဦးမျိုးမြင့်ထွေး (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၁.၄.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့ရှိ အုတ်ထုတ် လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်၏ ၁/ ၂၀၂၄-၂၀၂၅ (BOD) အစည်းအဝေးကို ရန်ကုန်မြို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးတွင် ၁၁.၄.၂၀၂၄ရက် နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် Online Video စနစ်ဖြင့် ကျင်းပခဲ့ရာ (ဥက္ကဌ) အုပ်ချုပ်မှုဒါရိုက်တာ ၊ ဒါရိုက်တာအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ ဆေးနှင့်ဆေးပစ္စည်း များကို သက်သာချောင်ချိမှုရှိစွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ခရိုင်စီမံအုပ် ချူပ်ရေးအဖွဲ့၏လမ်းညွှန်ချက်အရ ဆေးနှင့် ဆေးပစ္စည်းများကို ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားမှုရှိစေရေးအတွက် ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေ
(၁၁.၄.၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့ရှိ စားအုန်းဆီများကို တာဝန်ယူဖြန့်ဖြူးရောင်းချပေးနေသော ဆီကုန်သည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။