သတင်းနှင့် လှုပ်ရှားမှုများ
(၂၀.၃.၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးတွင် ညောင်တုန်းမြို့နယ် ဆန်စက်လုပ်ငန်း ရှင်(၇)ဦးအား ဖိတ်ကြား၍ လုပ်ငန်းရှင် အသိပညာပေးဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ် သည် ဧပြီလ ၁ ရက်နေ့ နံနက် ၁၀: ၀၀ နာရီ တွင် ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ online မှ စားသုံးသူပြည်သူများအား စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ခဲ့ပါသည်၊၊
ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်သည် ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်း ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ online မှ စားသုံးသူပြည်သူများအား စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ခဲ့ပါသည်၊၊
ပုသိမ်မြို့စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတိုင်းအတွင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေဆိုင်ရာရှင်းလင်းပွဲ ကျင်းပပြုလုပ်ရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးညွှန့်နွယ် ၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တိုင်းမန်နေဂျာ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဦးစီးမှူး တိုင်းဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဒေသထွက်ကြက်မောက်သီးများ ယခုနှစ်အထွက်စောကာ လှိုင်လှိုင်သီးနေပြီးဖြစ်၍ ကြက်မောက်ခြံပိုင်ရှင်များ စျေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရှိရသည်။