Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Apr 2024

       ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မော်လမြိုင်မြို့၊ စက်မှုဇုန်ရှိ ကောင်း (ရွှေကျီး) အိုင်အိုဒင်းဆားစက်လုပ်ငန်းသို့ သွားရောက်၍ ဆားစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

24 Apr 2024

       မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများမြေဆီလွှာဖွံ့ဖြိုး၍ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးပြီးအထွက်တိုးစေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်း စပါးမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် မျိုးစေ့ ကိရိယာများလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၁၁ ရက်နေ့ နံနက်(၀၇:၃၀) နာရီက ဦးအောင်ကြည်သိန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာနမှ ချောင

24 Apr 2024

    ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေး၊လူမှုရေးများတွင်   သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ဒေသအတွင်း၌ ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများ သက်သာစွာဝယ်ယူရရှိမှသာ ဒေသအတွင်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ပြေလည်စွာဖြေရှင်းနိုင်မည့်ဖြစ်ပါ၍ ထားဝယ်မြို့တွင် ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအ‌ရောင်းဆိုင်များသို့  အဖွဲ့ဖြင့် အပတ်စဉ်သွား‌ရောက်၍ ဆေးနှင့်ဆေးပစ္စည်း စျေးနှုန်းများ စာရင်းကောက်ယူ စုံစမ်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

24 Apr 2024

       ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်‌နေ့၊ နံနက် (၀၉း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ကောင်းဆက်ဟိန်း ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီ ကုန်သည်များနှင့် ဆီလုပ်ငန်းရှင် များအသင်းသို့ ယာဉ်မောင်း ဦးရန်နိုင်ဆွေ ၊  ယာဉ်အမှတ် 2B/9247 ၊ FUSO မော်တော်ယာဉ်ဖြင့်   တင်ဆောင်လာသော စားအုန်းဆီ ၁ ပီပါလျှင် ပိဿာ ၁၁၀ ပါသည့် စားအုန်းဆီ ၇၀ ပီပါ သည် ရောက်ရှိလာခဲ့သဖြင့် တိုင်းဒေသကြီး စားသုံး

24 Apr 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုံး (ရုံးအုပ်) သည် ၁၀.၄.၂၀၂၄ ရက်နေ့တွင် ဝိုင်းမော်မြို့၊ မိုင်းနားရပ်ကွက်(၂) အတွင်းရှိ စားသောက်ကုန်မျိုးစုံ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်  (၁)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages