သတင်းနှင့် လှုပ်ရှားမှုများ
ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ မတ်လ(၁၂) ရက်နေ့၊နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် သာယာဝဲကျေးရွာရှိ စားသုံးသူပြည်သူများအား အသိပညာပေး ဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ (၆) ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် အမှတ်(၃)ရပ်ကွက် စားသုံးသူရေးရာဦးစီးဌာနရုံး၌ ကျင်းပခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်နေပြည်တော်တွင် မတ်လ ၁၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီ virtual စနစ်ဖြင့် ကျင်းပပြုလုပ်သော တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို တိုင်းဦးစီးမှူးရုံးရှိ အရာထမ်း ၃ ဦး တက်ရောက်ခဲ့ပါသည်၊၊
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်ရေးများနေ့ အခမ်းအနားကို ပုသိမ်မြို့ မြို့တော်ခန်းမတွင် မတ်လ ၁၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စားသုံးသူရေးရာကော်မတီဝင်များ ပုသိမ်တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ၊ စီးပွားရေးအသင်းအဖွဲ့များ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ
၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး(SSSCCI) ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ နံနက်(၀၉:၃၀) နာရီအချိန်တွင် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှ အရာရှိ/ အမှုထမ်းများ၊ အသင်း အဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များန