သတင်းနှင့် လှုပ်ရှားမှုများ
(၁၆.၃.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်သည် မွန်ပြည်နယ်သို့ ရောက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် နေ့လယ် (၁၃:၀၀) နာရီတွင် တွေ့ဆုံ၍ လမ်းညွှန်မှုပြုခဲ့သည်။
(၁၅.၃.၂၀၂၄) ရက်နေ့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို မော်လမြိုင် ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စားသုံးသူပြည်သူများ တက်ရောက်ခဲ့ကြသည်။
၁၄.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံသည် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အကြောင်း သိကောင်းစရာ Talk Show ကျင်းပပြုလုပ်ခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးအပါ ဝန်ထမ်း(၃)ဦးတို့သည် (၁၁-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန် (၃) သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးအပါ ဝန်ထမ်း(၃)ဦးတို့သည် (၁၁-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၃)ရှိ Colour Care Business Group မှထုတ်လုပ်သော မုန့်မျိုးစုံလုပ်ငန်းနှင့် စိန်ခဲ၊ ရွှေခဲအမှတ်တံဆိပ် ငံပြာရည်၊ ခရုဆီနှင့် ငရုတ်ဆီထုတ်လုပ်သော စက်ရုံများရှိ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စီးပွားရေးလုပ်ရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။