သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံသည် (၁၁-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Center) ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၁၄-၃-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ (၁/၂၀၂၄) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ဝန်ထမ်း(၁၀)ဦးတက်ရောက်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ကိုင်း - မန္တလေးလမ်း၊ စိန်ကုန်းရပ်ကွက်၊ စစ်ကိုင်းမြို့ရှိ ‘Banner Mini Mart’ မှ ဈေးကွက်နမူနာကောက်ယူခဲ့သော အစားအသောက်နမူနာများအနက် နမူနာ(၁)မျိုးဖြစ်သည့်“နေရှိုင်း” အမှတ်တံဆိပ် မက်မန်း(-Plastic Pack)မှာ နေပြည်တော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဓာတ်ခွဲအဖြေအရ ဓာတုသတ်မှတ်ချက်များကိုက်ညီမှုမရှိကြောင်းနှင့် အမှတ်တံဆိပ်ပေါ်တွင် အသားတင်အလေးချိန်ဖော်ပြခြင်းမရှိ၍ အမှတ်တံဆိပ်သတ်မှတ်ချက်နှင့်ကိုက်ညီမှုမ
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ မတ်လ(၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ မင်းကြီးတံဆိပ်ကိတ်/ပေါင်မုန့်လုပ်ငန်းနှင့် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ စင်ရွှင်တံဆိပ်ကိတ်/ပေါင်မုန့်လုပ်ငန်းများသို့သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်သော ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့၊ နံနက် (၀၉း၃၀)အချိန်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းဌာနများဖြစ်သော ခရိုင်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ဖြင့် မြိတ်မြို့၊ အထက်ရေပုန်းရပ်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သင်တန်းသား/ သူများအား စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးအတွက် သိသင့်သိထိုက်သောဗဟုတုသရရှိစေရန် အသိပညာပေး