Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Mar 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ် (ဦးစီးမှူး) သည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မတ်လ (၂၂)ရက်၊  နံနက် (၁၀း၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ကမ်းနားလမ်းရှိ နေယုဆန်စက်၊ ဦးအောင်ကိုကိုဆန်း၏ နေအိမ်၌ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးခဲ့ပါသည်။

20 Mar 2024

     သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ၂၀၂၄ခုနှစ်၊ မတ်လ(၁၁)ရက်နေ့၌ သာပေါင်းမြို့နယ်၊ မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီရောင်းချလျက်ရှိသော ဆိုင်များသို့သွားရောက်ကာ စားအုန်းဆီဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်များကိုက်ညီမှုရှိ/မရှိနှင့် အသားတင်ပမာဏ၊ ထားသိုသိ

20 Mar 2024

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးများအပြည့်အဝသိရှိနားလည်ပြီး ရရှိခံစားနိုင်စေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို မြေပြင်ကွင်းဆင်း၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေး Talk Show များဆောင်ရွက်၍လည်းကောင်း အသိပညာပေးလိုသော သတင်းအချက်အလက်များကိုဖြန့်ဝေပေးလျက်ရှိပါသည်။

20 Mar 2024

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

20 Mar 2024

     ၂၀၂၄ခုနှစ်၊ မတ်လ ၁၃ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် အမှတ်(၃)ရပ်ကွက်၊ ကန့်ဘလူမြို့ရှိ ကောင်းသာ KBU သောက်ရေသန့်စက်ရုံသို့သွားရောက်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

Pages