သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ကြီးမှူး၍ ၂၀၂၄ခုနှစ်၊ မတ်လ ၁၅ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) အောင်ဆန်းခန်းမ၌ ( World Consumer Rights Day ) ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ ဟောပြောပွဲတွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ပါမောက္ခချုပ် ဒေါ
၂၀၂၄ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) အထိမ်းအမှတ်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်တကွ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ မန္တလေးပညာရေးဒီဂရီကောလိပ်မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် ကျင်းပပြုလုပ်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း/ ခရိုင်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ၊ စုစုပေါင်း ( ၁၂၀ ) ဦးတက်ရေ
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်) သည် (၁၄-၃-၂၀၂၄) ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်၊ ဝိုင်းမော်မြို့ရှိ စားသုံးသူပြည်သူ (၂၃) ဦးအား စားသုံးသူကာကွယ်ပေးရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၁၄-၃-၂၀၂၄) ရက်နေ့၌ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးတွင် OK တံဆိပ် အသင့်သောက်မန်ကျည်းသီးအချိုရည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် (၂)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။