Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Mar 2024

၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြုလုပ်သော “စားသုံးသူအခွင့်အရေးမြှင့်တင်ရေး ဝိုင်းဝန်ကြိုးပမ်း‌ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်ခဲ့ပါသည်။

 

08 Mar 2024

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် စစ်ဆေးရေးမှူး ဦးသိန်းမောင်သည် ၂၀၂၄ခုနှစ်၊ မတ်လ(၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ၊ အမှတ်(၁) ရပ်ကွက် ပြည်တော်သာလမ်းနှင့် မြို့မဈေးအတွင်းရှိ စားသုံးဆီဖြန့်ဖြူး ရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

08 Mar 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း (ဦးစီးမှူး) အပါ ဝန်ထမ်း(၄)ဦးတို့သည် (၄-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၅) နာရီအချိန်မှစ၍ အင်းစိန်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ ပထမဦးစွာ ရွှေဗျိုင်းဖြူဆိုင်တွင် ဆိုင်မန်နေဂျာပါ (၂)ဦးပူးပေါင်းပါဝင်လျက် စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ဆီထည့်ရန်ကားများလည်း တန်းစီမှုမရှိဘဲ ပုံမှန်အတိုင်း လာရောက်ဝယ်ယူခဲ့ပြီ

08 Mar 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း (ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်း(၃)ဦးတို့သည် (၄-၃-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် အမှတ်(၇၈)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ကူးရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီဆိုင်သို့သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

08 Mar 2024

     ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ မတ်လ (၅) ရက်နေ့၊ နေ့လယ် (၁၁:၃၀) အချိန်တွင် ကျိုက်လတ်မြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ဇေယျာသိဒ္ဓိမင်္ဂလာ ဆန်စက်သို့ သွားရောက်၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။

Pages