သတင်းနှင့် လှုပ်ရှားမှုများ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် (၁၁.၃.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နေသည့် ရွှေမွန်မုန့်လုပ်ငန်းနှင့် စိုးစံမုန့်လုပ်ငန်းများဖြစ်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
၈.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးခန်း၌ နှစ် (၅၀) ပြည့် မွန်ပြည်နယ်နေ့ ပြခန်းများတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပါဝင်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ ဒုပြည်နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ပြည်နယ်ဦးစီးမှူး၊ ကွမ်းသီးလုပ်ငန်းရှင်များနှင့် ဝဥလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။
၈.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ် ဦးစီးမှူးရုံး၌ အအေးခန်းလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
၈.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် (၉.၃.၂၀၂၄)ရက် နံနက် (၀၈:၃၀) နာရီအချိန်တွင် ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။