Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Mar 2024

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူး  ဦးအောင်ကျော်ဦးသည် (၁၁-၃-၂၀၂၄)  ရက်နေ့တွင် ဗန်းမော်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် စီးပွားရေးလုပ်ငန်းရှင်(၆)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

14 Mar 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးသန့်ဇင်နှင့် ဦးမင်းမင်းဦးတို့သည် (၄-၃-၂၀၂၄) ရက်နေ့မှ (၈-၃-၂၀၂၄) ရက်နေ့အထိ နေပြည်တော်ရုံးချုပ်မှ ဦးစီးကျင်းပသော အရာထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)ပို့ချမှုကို တက်ရောက်ခဲ့ကြပါသည်။

14 Mar 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများ လူ့စွမ်းဆောင်ရည်မြင့်မားစေရေးနှင့် စည်းကမ်းသေဝပ်မှုရှိစေရေးတို့အပြင် ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များသိရှိရေး၊ ဝန်ထမ်းတစ်ဦးခြင်း လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲကျင်းပပြုလုပ်ရာ ၂၀၂၄ခုနှစ်၊ မတ်လ (၄)ရက်နေ့မှ (၅) ရက်နေ့အထိ နံနက် (၀၉:၃၀)နာရီအချိန်မှ နေ့လယ် (၁၆:၁၅)နာရီအချိန်ထိ (၂)ရက်တာ သင်တန်းဖွ

14 Mar 2024

      ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ မတ်လ(၈)ရက်နေ့၊ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် အမှတ် (၁) ရပ်ကွက်၊ စက်မှုမြေလမ်းရှိ YYL (ရိုးရိုးလေး) သောက်ရေသန့်စက်ရုံသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြပါသည်။

14 Mar 2024

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊မကွေးတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်းသည် (၆-၃-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ကံမမြို့ ရေနံ့သာကျေးရွာအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များ ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages