သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက် ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ မတ်လ ဒုတိယအပတ် ၉ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးတို့တွင် နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။
၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ဦးဆောင်၍ တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာန၌ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် မတ်လ ၅ရက်နေ့ ၊နေ့လယ် (၁၃း၀၀)နာရီ အချိန် တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို သင်တန်းတစ်ချိန် ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ/သင်တန်းသား (၁၈) ဦး တက်ရောက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် ခရိုင်အတွင်းမြို့နယ်များတွင် ရောင်းချနေသော ဘိလပ်မြေဆိုင်များ၌ ကုန်ပစ္စည်းလက်ကျန်အခြေအနေများကိုသိရှိနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးမြသန်းနိုင်၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန့်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး