သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်သည် ၂၀၂၄ခုနှစ်၊ မတ်လ (၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ အမှတ်(၁) ရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် မြို့မဈေးအတွင်းရှိ စားသုံးဆီဖြန့်ဖြူးရောင်းချသည့် ဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ မတ်လ(၇) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်၊ ဝါးတောစွန်းကျေးရွာ၌ (၄-၃-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်-၁နှင့် အတွင်းရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူ (၁၂၀)ဦး အား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၁၂-၃-၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာရှိ စပါး၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် (၁၁-၃-၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ ဦးကျော်ဆွေ (ကုန်စုံဆိုင်) သို့သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။