သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇.၃.၂၀၂၄)ရက်နေ့ နံနက်(၁၀း၃၀)အချိန်တွင် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန် မှုဖြင့် ခရိုင်/မြို့နယ် မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်း/ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းခန်းမ၌ မတ်လ (၁၅)ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို (၇.၃.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရုံသာမက အခြားလူသုံးကုန်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံး ပစ္စည်းလည်းပြတ်လပ်မှုမရှိစေရေးအတွက် နိုင်ငံတော်မှ အလေးထားဆောင်ရွက်လျှက်ရှိသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့နှင့် (၁၂)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် မြိတ်မြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများနှင့် မုန့်တိုက်များသို့သွားရောက်၍ လုပ်ငန်းနှင့်စက်ရုံသုံး ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှု
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၁.၃.၂၀၂၄ ရက်နေ့တွင် ချောင်းဆုံမြို့နယ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၁၁.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် ပတ်သက်၍ အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။