သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၇.၂.၂၀၂၄ ရက်နေ့တွင် ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်နှင့် ကဒါရပ်ကွက်တွင် ရောင်းချနေသော ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည်(၂၆.၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာခရိုင် (၃)မိုင် မြို့သစ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၂၆.၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီက မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၂) ရက်နေ့၊ နံနက်ပိုင်းတွင် မြိတ်မြို့၊ အမှတ်(၂၀)၊ စီလမ်း၊ ထားဝယ်စုရပ်ရှိ Top One မုန့်တိုက်သို့သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများအတွက် ဓာတုကင်းလွတ်အသီးအရွက်များစားသုံးစေရန်နှင့် အိမ်သုံးဈေးဖိုးစရိတ်သက်သာစေရန်ရည်ရွယ်၍ ဆောင်းရာသီသီးနှံများဖြစ်သော မုန်ညင်းထုပ်၊ ရုံးပတီပင်၊ ဘူးပင်၊ ငရုတ်ပင်၊ ပဲလွန်းပင်၊ ချဉ်ပေါင်ပင်နှင့် ကန်စွန်းပင်များကို ဝန်ထမ်းများက စုပေါင်း၍စိုက်ပျိုးထားရှိခဲ့ပါသည်။