သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် အင်္ဂပူမြို့နယ် ကွင်းကောက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား (၁၉.၂.၂၀၂၄) နေ့၊ နေ့လယ် (၁၃:၃၀) နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် (၂၀.၂.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းအုပ်စု၊ ဘာဝနာကျေးရွာရှိ မုန့်မျိုးစုံလုပ်ငန်းသို့ SMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဇလွန်မြို့နယ် ၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်တွင် ရောင်းချလျက်ရှိသော အသင့်စား ငရုတ်ဆီအမျိုးမျိုးအား (၂၀.၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် (၂၂-၂-၂၀၂၄) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော ဦးထက်အောင်(ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် (၂၃-၂-၂၀၂၄) ရက်နေ့တွင် မိုးညှင်းမြို့၊ သာစည်ရပ်ကွက်ရှိ ဒေါ်ခင်မာအေး (ကုန်စုံဆိုင်) သို့သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။