သတင်းနှင့် လှုပ်ရှားမှုများ
(၁၇.၂.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၂:၃၀) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီး မှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံမြို့နယ်၊ အမှတ် (၁) ကံ့ကော် လမ်းမကြီး (၂၆) ရပ်ကွက်၊ တောင်/မြောက်လမ်းဆုံရှိ လှသုခ G / HOLLO နှင့်အိမ်ဆောက် သံထည်ပစ္စည်းရောင်းဝယ်ရေး သို့ သွားရောက်၍ သံချောင်းဈေးနှုန်းများ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်တင်မာရီတို့သည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော စားသောက်ကုန်များ၊ သက်တမ်းလွန်နေသော စားသောက်ကုန်များနှင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ကြီးမှူး၍ “ ထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ(၂၀)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိကို ရမည်းသင်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်နှင့် သရက်ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် (၂၀-၂-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅း၃၀)နာရီအချိန်တွင် သရက်ခရိုင်အတွင်းရှိ မြို့နယ်များအတွက်ရရှိလာသော စားအုန်းဆီပေပါများရောက်ရှိလာမှုအား သွားရောက်ကြီးကြပ်စစ်ဆေးခဲ့ပါသည်။