သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “သီရိရတနာ” ဆန်စက်လုပ်ငန်းသို့သွားရောက်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ဆည်ရေရရှိသည့်အပေါ်မူတည်၍ မိုးစပါးနှင့် နွေစပါးများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ ယခုအချိန် (၂၀၂၃-၂၀၂၄) ခုနှစ်ထွက် စိုက်ပျိုးထားသော မိုးစပါးများကို (၁/၂၀၂၄)လကုန်တွင် ရိတ်သိမ်းပြီးစီးခဲ့ပြီဖြစ်ပြီး (၂၀၂၃-၂၀၂၄) ခုနှစ်ထွက် နွေစပါးများစိုက်ပျိုးရမည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှလည်း နွေစပါးနှင့်နွေတခြားသီးနှံများစိုက်ပျိုးရန်အတွက် သဖန်းဆိပ်ရေလှောင်တမံတွင် ဆည်ရေပေးဝေရန် ရေလုံလောက်မှ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအပြင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ (၁၃-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာ
ဆောင်းသီးနှံပဲစိုက်တောင်သူများ၊ ပဲဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ပဲပွဲရုံမှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများသည် ပဲတီစိမ်း၊ ပဲတီရွှေဝါနှင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ သန်လျင်မြို့၊ အစည်းအဝေးခန်းမ၌ ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ ရောင်းချခွင့်ပေးထားသည့် စားအုန်းဆီလက်လီ/ လက်ကားအရောင်းဆိုင်ကိုယ်စားလှယ်များနှင့် စားအုန်းဆီတရားမဝင်သိုလှောင်ဖြန့်ဖြူး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်၊၊