သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် လစဉ် သရက်မြို့နယ်အတွင်း စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၉-၂-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့မစည
မကွေးမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးခြင်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးနှင့် မကွေးမြို့နယ်တာဝန်ခံတို့တက်ရောက်ခဲ့ပြီး မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ထူးနှင့် မကွေးခရိုင်၊ ခရိုင်ဥပဒေအရာရှိ ဦးဆွေလင်းထွန်းတို့က ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် ဌာန၏ပင်မလုပ်ငန်းဖြစ်သော စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်နေရုံသာမက ပြည်တွင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား ကွင်းဆင်းတွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုအခက်အခဲများကို မေးမြန်းကူညီဆောင်ရွက်လျက်ရှိပါသည်။