Main menu

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးမှုအားမြေပြင် ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅)ရက်နေ့တွင် ဟင်္သာတမြို့နယ်အတွင်းရှိ ဆကာရပ်ကွက်၊‌ တာကလေးရပ်ကွက်၊ မြဝတီရပ်ကွက်နှင့် ပန်းပဲတန်းရပ်ကွက်နှင့် နတ်မော်လမ်းတို့ရှိ စားအုန်းဆီ လက်ကား၊ လက်လီရောင်းချသည့် အရောင်းဆိုင်များမှ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန် ပြည့်ဝစွာ ရောင်းချမှုရှိ/ မရှိနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)