Main menu

ဟင်္သာတခရိုင် စားသုံးသူရေးရာကော်မတီ တတိယကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် စားသုံးသူရေးရာကော်မတီ၏ တတိယကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့ နေ့လယ်(၁၅:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

             အစည်းအဝေးတွင် ဦးစွာ ဟင်္သာတခရိုင်စားသုံးသူရေးရာ ကော်မတီအဖွဲ့ ဥက္ကဌ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းမှ  အဖွင့်အမှာစကား‌ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူး စားသုံးသူရေးရာ ဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အထက်ဌာနလမ်းညွှန်ချက်များ၊ ဆုံးဖြတ်ရမည့် အမှာစာများနှင့် ယခုလအတွင်း ဆောင်ရွက်ခဲ့မှုများ၊ လာမည့် တတိယ သုံးလပတ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါသည်။ စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဦးလှိုင်ထွန်းမှလည်း တင်ပြဆောင်ရွက်ခဲ့သည့်  အမှာစာ(၅) ချက်အား အတည်ပြုဆွေးနွေး ဆုံးဖြတ်ခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့်   အဖွဲ့ဝင်များရဲ့ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း  ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ညနေ(၁၆:၀၀) နာရီအချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အဖွဲ့ဝင်နှင့် ဖိတ်ကြား ထားသူ (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)